ကျောင်းစစ်စာမေးပွဲများကို တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီ ကျင်းပမည်

** Unicode **

အခြေခံပညာကျောင်းတွင်းစစ် စာမေးပွဲများကို စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲအပြီးတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲမတိုင်မီ မတ်လအတွင်း စစ်ဆေးမည်ဟုပညာရေးဝန်ကြီးဌာနနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း သိရပါတယ်။

နေပြည်တော်အမျိုးသားလွှတ်တော်ရှိ ထမင်းစားဆောင်သို့ ဖေဖော်ဝါရီလ (၃) ရက်တွင် ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူများလာရောက်၍ ရှင်းပြခဲ့ကြောင်းသိရပါတယ်။

ဒသမတန်းစာမေးပွဲများ နောက်တွင် ကျောင်းတွင်းစစ်စာမေးပွဲများရောက်နေခြင်းဖြစ်ပြီး ယခုပြောကြားပြောခြင်းချက်များအရ ၎င်းကျောင်းတွင်းစစ်စာမေးပွဲများကို မတ်လ (၃) ရက်နှင့် (၁၀) ရက်ကြားတွင်ကျင်းပမည့်သဘောရှိကြောင်း သိရပါတယ်။


ယခင်နှစ်များတွင် ကျောင်းတွင်းစာပေးပွဲများကို ဖေဖော်ဝါရီလ ပထမအပတ်အတွင်းတွင် ကျင်းပလေ့ရှိပါတယ်။ ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ၊ စတုတ္ထတန်းစာမေးပွဲနှင့် အဌမတန်းစာမေးပွဲများကျင်းပပြီးမှ ကျင်းပမည်ဟု ပညာရေးဝန်ကြီးဌာနကြေညာချက်များအရသိခဲ့ပါတယ်။

၎င်းအကြောင်းအရာများကြောင့် အခြေခံပညာဆရာ/ဆရာမများ၊ ဆရာသမဂ္ဂများ၊ ပညာရေးတက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ကျောင်းသားသမဂ္ဂများက ဦးဆောင်၍ ဖဲကြိုးစိမ်းလှုပ်ရှားမှုများ၊ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ကန်ကွက်နေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

 

 

 

 

Read More:>>>  "Loecsen" Website တွင်ဘာသာစကားပေါင်း (၅၁) ဘာသာကို အခမဲ့လေ့လာနိုင်မည်

ယခုတွင်အပြောင်းအလဲဖြစ်သွားခဲ့သော စာပေးပွဲကာလရက်ကို ပညာရေးဝန်ကြီးဌာနအနေဖြင့် စာထုတ်ပြန်ရန်သာကျန်တော့ကြောင်းလည်း သိရပါတယ်။
(www.edge.com.mm)


** Zawgyi **



ဒသမတန်းစာမေးပွဲများ နောက်တွင် ကျောင်းတွင်းစစ်စာမေးပွဲများရောက်နေခြင်းဖြစ်ပြီး ယခုပြောကြားပြောခြင်းချက်များအရ ၄င်းကျောင်းတွင်းစစ်စာမေးပွဲများကို မတ်လ (၃) ရက်နှင့် (၁၀) ရက်ကြားတွင်ကျင်းပမည့်သဘောရှိကြောင်း သိရပါတယ်။




 

 

 

Read More:>>>  "Loecsen" Website တွင်ဘာသာစကားပေါင်း (၅၁) ဘာသာကို အခမဲ့လေ့လာနိုင်မည်

(www.edge.com.mm)


 

Latest Post News News Read 4723 times