မြန်မာတက္ကသိုလ်ကျောင်းသား/သူများအတွက် ပေးအပ်မည့် ဘွဲ့ကြိုပညာသင်ဆု

မြန်မာတက္ကသိုလ်ကျောင်းသား/သူများအတွက် ပေးအပ်မည့် ဘွဲ့ကြိုပညာသင်ဆု

မြန်မာတက္ကသိုလ်မှ ကျောင်း သား၊ ကျောင်းသူများအားလုံး ထိုင်းနိုင်ငံ တက္ကသိုလ်များတွင် တက်ရောက် လိုပါက ထိုင်းနိုင်ငံတက္ကသိုလ်တွင် တက်ရောက်ခွင့်မည့် ပညာသင်ဆုအစီအစဉ်ဖြစ်သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် Mekong Sub-Regional Leadership Development Programme အနေဖြင့် ထိုင်းနိုင်ငံအခြေစိုက် Child's Dream Association က ပေးအပ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးခန့်ကို ဘွဲ့ကြို၊ ဘွဲ့လွန်ပညာသင်ဆုနှစ်မျိုး နှစ် စဉ်ပေးလေ့ရှိသည်။

၂၀၁၉-၂၀ ပညာသင်နှစ်အတွက် ဘွဲ့ကြို ပညာသင်ဆုအစီအစဉ်ကို စတင် ခေါ်ယူနေပြီး ၂၀၁၉ ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံးလျှောက်ထား ရမည်ဖြစ်သည်။

Child's Dream Associ- ation နှင့် ချိတ်ဆက်ထားသည့် ထိုင်းတက္ကသိုလ်များတွင် ဝါသနာ ပါရာ ဘာသာရပ်ကို ရွေးချယ် တက်ရောက်နိုင်ပြီး ကျောင်းသား၊ ကျောင်းသူ၏ ပညာသင်ယူရန် ငွေကြေး ခက်ခဲနေသည့် အခြေအ နေ၊ ပညာရေးမှတ်တမ်း၊ ဘဝ မျှော်မှန်းချက်တို့အပေါ် အခြေခံ ၍ ပညာသင်ဆုရွေးချယ်ပေးအပ် ခြင်းဖြစ်သည်။

၂၀၁၇ နှစ်ကုန်အထိ Child's Dream Association က ပညာသင်ဆုပေးအပ်ထားသည့် မြန်မာကျောင်းသား၊ ကျောင်းသူ ၈၁ ဦးရှိသည်ဟုဆိုသည်။

အဆိုပါ ပညာသင်ဆုအတွက် လျှောက်ထားသူသည် မြန်မာနိုင်ငံသားမှတ်ပုံတင် ကိုင် ဆောင်ထားသူ၊ အသက်(၃၀)နှစ် နှင့် အောက်ဖြစ်ရမည်။

ပညာ ဆက်လက်သင်ယူရန် ငွေကြေး ခက်ခဲနေသည့် အခြေအနေကို တင်ပြရမည်။ ဥပမာ မိသားစုက ငွေကြေးဆင်းရဲကြောင်း၊ တက္ကသိုလ်ပို့ရန် မိဘက မတတ်နိုင် ကြောင်း၊ မိဘမဲ့ဖြစ်ကြောင်း ပညာသင်ဆုရွေးချယ်ရေးအဖွဲ့သို့ ပြော ပြရမည်။ အခြားပညာသင်ဆုအစီ အစဉ်တစ်ခုခုမှ ပညာသင်ဆုရရှိ ထားသူမဖြစ်ရပေ။

ထို့အပြင် ဘွဲ့ကြို ပညာသင်ဆုလျှောက်ထား မည်ဆိုပါက လျှောက်ထားသူ သည် အနည်းဆုံး ၁၂ တန်းအထိ တက်ရောက်ထားပြီးသူ ဖြစ်ရ မည်။

(မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ သူငယ်တန်းမပါပါက တက္ကသိုလ်ဝင်တန်း ပြီးဆုံးချိန် အထိ ၁၀ နှစ်သာ တက်ရောက်ရ သည်။ ထို့ကြောင့် တက္ကသိုလ် ဒုတိယနှစ်အထိ တက်ပြီးမှသာ ပညာသင်ဆု သတ်မှတ်ချက် ၁၂ တန်းပြည့်မည်ဖြစ်သည်။ အခြားနိုင်ငံများအတွက်မူ အခြေခံပညာ ရေးကို ၁၂ တန်းတက်ရသဖြင့် အခြေခံပညာရေးပြီးပါက ပညာသင်ဆုလျှောက်ခွင့်ရှိသည်။)

အင်္ဂလိပ်ဘာသာစကား(သို့ မဟုတ်)ထိုင်းဘာသာစကားကျွမ်း ကျင်ရမည်ဟု ဖော်ပြထားသည်။

Child's Dream Association ၏ ပညာသင်ဆုရရှိပါက ဘွဲ့ ရသည်အထိ ရာနှုန်းပြည့်ပံ့ပိုးပေး မည်ဖြစ်ပြီး ကျောင်းလခ၊ ဗီဇာ ကြေး၊ ယူနီဖောင်း၊ စာအုပ်စာ တမ်း၊ စာရေးကိရိယာ၊ နေထိုင် စားသောက် စရိတ် (အဆောင်လ ခ၊ စားသောက်စရိတ်၊ သွားလာ ရေးစရိတ်)၊ အရေးပေါ်လိုအပ် ချက်အတွက် ကုန်ကျစရိတ်အား လုံးပံ့ပိုးမည်ဖြစ်သည်။

လျှောက်ထားသူများအနက် ပဏာမရွေးချယ်ခံရသူများကို ၂၀၁၉ မတ်လတွင် ကြေညာပေး မည်ဖြစ်ပြီး ဧပြီတွင် ပဏာမရွေး ချယ်ခံရသူများကို လူတွေ့နှုတ် ဖြေမေးမည်ဖြစ်ကာ မေလ ပထမ ပတ်တွင် ပညာသင်ဆုရစာရင်းကို ကြေညာပေးမည်ဖြစ်သည်။

မေ၊ ဇွန်၊ ဇူလိုင်များတွင် တက်ရောက်ရမည့် တက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားရမည်ဖြစ်ပြီး သြဂုတ်တွင် တက္ကသိုလ်စတင် တက်ရောက်ရမည် ဖြစ်သည်။ (တက်ရောက်ရမည့် တက္ကသိုလ် က ဝင်ခွင့်ထပ်မံစစ်ဆေးမှုရှိပါက လည်း ဝင်ခွင့်ဖြေဆိုရမည်။)

ပညာသင်ဆုလျှောက်လွှာ ကို http://childsdream.org/higher-educ.../university-scholarships/ တွင် ရယူပြီး [email protected] သို့ ၂၀၁၉ ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံး လျှောက်ထားရမည်ဖြစ်သည်။

source: 7day

International Read 1973 times