ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မဟာဝိဇ္ဇာဘွဲ့နှင့် ဒီပလိုမာသင်တန်းဝင်ခွင့်ခေါ်ယူ

ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္၏ မဟာဝိဇၨာဘဲြ႔ႏွင့္ဒီပလိုမာအခ်ိန္ျပည့္၊ အခ်ိန္ပိုင္းသင္တန္းမ်ားဝင္ခြင့္ကို ႏိုဝင္ဘာ (၁၃) ရက္မွ (၂၀) ရက္အထိေလွ်ာက္ထားႏိုင္သည္ဟု ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္ကေၾကညာသည္။

မဟာဝိဇၨာဘဲြ႔ (အဂၤလိပ္ဘာသာကိုႏိုင္ငံျခားဘာသာအျဖစ္သင္ၾကားျခင္း) အခ်ိန္ျပည့္ (၂) ႏွစ္သင္တန္း၊ အဂၤလိပ္ဘာသာဒီပလိုမာအတြက္ အခ်ိန္ျပည့္ (၁) ႏွစ္သင္တန္းမ်ားဖြင့္လွစ္မည္ျဖစ္ၿပီး အီတာလ်ံႏွင့္စပိန္ဘာသာဒီပလိုမာ အခ်ိန္ျပည့္ (၂) ႏွစ္သင္တန္းဖြင့္လွစ္မည္ျဖစ္သည္။ အေထြေထြဘာသာေဗဒကို ဒီပလိုမာအခ်ိန္ပိုင္း (၂) ႏွစ္သင္တန္း၊ တရုတ္၊ ျပင္သစ္၊ ဂ်ာမန္၊ ဂ်ပန္၊ ကိုရီးယား၊ ရုရွား၊ ထိုင္းဘာသာမ်ားအတြက္ဒီပလိုမာအခ်ိန္ပိုင္း (၄) ႏွစ္သင္တန္းမ်ားဖြင့္လွစ္မည္ျဖစ္သည္။

"သင္တန္းအားလံုးအတြက္ ဝင္ခြင့္စာေမးပဲြေျဖရပါမယ္။ အဂၤလိပ္စာနဲ႔ပတ္သက္တာေတြပဲစစ္ေဆးမွာပါ" ဟု ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသို္လ္ ပါေမာကၡခ်ဳပ္ေဒါက္တာၾကည္ရႊင္ကေျပာသည္။

မဟာဝိဇၨာဘဲြ႔ (အဂၤလိပ္ဘာသာကိုႏိုင္ငံျခားဘာသာအျဖစ္သင္ၾကားျခင္း) သင္တန္းကိုတကၠသိုလ္တစ္ခုခုမွ အဂၤလိပ္စာဘဲြ႔ (ဂုဏ္ထူး) ရရွိၿပီး မဟာဝိဇၨာဘဲြ႔သင္တန္းတက္ရန္ အဆင့္မီသူမ်ား၊ အျခားဘာသာရပ္ဘဲြ႔ (ဂုဏ္ထူး) ရရွိၿပီး အဂၤလိပ္စာဒီပလိုမာရရွိထားသူမ်ားေလွ်ာက္ထားႏိုင္သည္။

ဒီပလိုမာဘဲြ႔သင္တန္းမ်ားတက္ေရာက္လိုပါက ဘဲြ႔တစ္ခုရရွိထားရမည္ျဖစ္သည္။ အေထြေထြဘာသာေဗဒသင္တန္းအတြက္ ဝိဇၨာဘဲြ႔ရရွိၿပီးသူ၊ အျခားဘဲြ႔ရထားေသာ္လည္း အေထြေထြေဗဒဘာသာရပ္ႏွင့္ ဆက္စပ္ႏွီးႏႊယ္သည့္လုပ္ငန္းလုပ္ကိုင္သူမ်ား၊ (ဘာသာျပန္၊ စကားျပန္၊ ဘာသာစကား သင္ၾကားသူမ်ား၊ သတင္းမီဒီယာလုပ္ငန္းေဆာင္ရြက္ေနသူမ်ား) ေလွ်ာက္ထားႏိုင္သည္ဟု ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္ကေၾကညာထားသည္။ 

မဟာဝိဇၨာဘဲြ႔ (အဂၤလိပ္ဘာသာကို ႏိုင္ငံျခားဘာသာအျဖစ္သင္ၾကားျခင္း) ႏွင့္ ဒီပလိုမာ (အဂၤလိပ္ဘာသာ) အခ်ိန္ျပည့္သင္တန္းမ်ားကို အပတ္စဥ္တနၤလာမွေသာၾကာေန႔ နံနက္ (၉) နာရီမွ မြန္းလဲြ (၃) နာရီ မိနစ္ (၂၀) အထိသင္တန္းခ်ိန္သတ္မွတ္ထားသည္။ အီတာလ်ံႏွင့္စပိန္ဘာသာဒီပလိုမာ အခ်ိန္ျပည့္သင္တန္းကို အပတ္စဥ္တနၤလာမွ ေသာၾကာေန႔ နံနက္ (၈) နာရီမွ မြန္းတည့္ (၁၂) နာရီအထိတက္ရမည္ျဖစ္ၿပီး ဒီပလိုမာအခ်ိန္ပိုင္းသင္တန္းမ်ားကို အပတ္စဥ္တနၤလာမွ ေသာၾကာေန႔ နံနက္ (၇) နာရီမွ (၈) နာရီ မိနစ္ (၅၀) အထိသင္တန္းခ်ိန္သတ္မွတ္ထားသည္။ သင္တန္းဝင္ခြင့္စာေမးပဲြစစ္ေဆးမည္ျဖစ္ၿပီး ဝင္ခြင့္ရရွိပါက ဒီဇင္ဘာလဆန္းတြင္သင္တန္းစတင္တက္ေရာက္ရမည္ျဖစ္သည္။ 

ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္လူ႔စြမ္းအားအရင္းအျမစ္ဖြံ႔ၿဖိဳးမႈဌာနက ဘာသာစကားအခ်ိန္ျပည့္၊ အခ်ိန္ပိုင္းသင္တန္းမ်ားကို (၁၉၉၇) တြင္စတင္ဖြင့္လွစ္သင္ၾကားခဲ့ရသည္။

Read More:>>> ဒဂုံတကၠသိုလ္သို႔ ပထမႏွစ္သို႔တက္ေရာက္မည္၊ ေျပာင္းေ႐ႊ႕မည္ အစရွိသည္မ်ား သိေစရန္

Source: 7Day News

 

**Unicode**

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ မဟာဝိဇ္ဇာဘွဲ့နှင့်ဒီပလိုမာအချိန်ပြည့်၊ အချိန်ပိုင်းသင်တန်းများဝင်ခွင့်ကို နိုဝင်ဘာ (၁၃) ရက်မှ (၂၀) ရက်အထိလျှောက်ထားနိုင်သည်ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကကြေညာသည်။

မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်ဘာသာကိုနိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း) အချိန်ပြည့် (၂) နှစ်သင်တန်း၊ အင်္ဂလိပ်ဘာသာဒီပလိုမာအတွက် အချိန်ပြည့် (၁) နှစ်သင်တန်းများဖွင့်လှစ်မည်ဖြစ်ပြီး အီတာလျံနှင့်စပိန်ဘာသာဒီပလိုမာ အချိန်ပြည့် (၂) နှစ်သင်တန်းဖွင့်လှစ်မည်ဖြစ်သည်။ အထွေထွေဘာသာဗေဒကို ဒီပလိုမာအချိန်ပိုင်း (၂) နှစ်သင်တန်း၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းဘာသာများအတွက်ဒီပလိုမာအချိန်ပိုင်း (၄) နှစ်သင်တန်းများဖွင့်လှစ်မည်ဖြစ်သည်။

"သင်တန်းအားလုံးအတွက် ဝင်ခွင့်စာမေးပွဲဖြေရပါမယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်တာတွေပဲစစ်ဆေးမှာပါ" ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာကြည်ရွှင်ကပြောသည်။

မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်ဘာသာကိုနိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း) သင်တန်းကိုတက္ကသိုလ်တစ်ခုခုမှ အင်္ဂလိပ်စာဘွဲ့ (ဂုဏ်ထူး) ရရှိပြီး မဟာဝိဇ္ဇာဘွဲ့သင်တန်းတက်ရန် အဆင့်မီသူများ၊ အခြားဘာသာရပ်ဘွဲ့ (ဂုဏ်ထူး) ရရှိပြီး အင်္ဂလိပ်စာဒီပလိုမာရရှိထားသူများလျှောက်ထားနိုင်သည်။

ဒီပလိုမာဘွဲ့သင်တန်းများတက်ရောက်လိုပါက ဘွဲ့တစ်ခုရရှိထားရမည်ဖြစ်သည်။ အထွေထွေဘာသာဗေဒသင်တန်းအတွက် ဝိဇ္ဇာဘွဲ့ရရှိပြီးသူ၊ အခြားဘွဲ့ရထားသော်လည်း အထွေထွေဗေဒဘာသာရပ်နှင့် ဆက်စပ်နှီးနွှယ်သည့်လုပ်ငန်းလုပ်ကိုင်သူများ၊ (ဘာသာပြန်၊ စကားပြန်၊ ဘာသာစကား သင်ကြားသူများ၊ သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်နေသူများ) လျှောက်ထားနိုင်သည်ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကကြေညာထားသည်။ 

မဟာဝိဇ္ဇာဘွဲ့ (အင်္ဂလိပ်ဘာသာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း) နှင့် ဒီပလိုမာ (အင်္ဂလိပ်ဘာသာ) အချိန်ပြည့်သင်တန်းများကို အပတ်စဉ်တင်္နလာမှသောကြာနေ့ နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီ မိနစ် (၂၀) အထိသင်တန်းချိန်သတ်မှတ်ထားသည်။ အီတာလျံနှင့်စပိန်ဘာသာဒီပလိုမာ အချိန်ပြည့်သင်တန်းကို အပတ်စဉ်တင်္နလာမှ သောကြာနေ့ နံနက် (၈) နာရီမှ မွန်းတည့် (၁၂) နာရီအထိတက်ရမည်ဖြစ်ပြီး ဒီပလိုမာအချိန်ပိုင်းသင်တန်းများကို အပတ်စဉ်တင်္နလာမှ သောကြာနေ့ နံနက် (၇) နာရီမှ (၈) နာရီ မိနစ် (၅၀) အထိသင်တန်းချိန်သတ်မှတ်ထားသည်။ သင်တန်းဝင်ခွင့်စာမေးပွဲစစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရရှိပါက ဒီဇင်ဘာလဆန်းတွင်သင်တန်းစတင်တက်ရောက်ရမည်ဖြစ်သည်။ 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနက ဘာသာစကားအချိန်ပြည့်၊ အချိန်ပိုင်းသင်တန်းများကို (၁၉၉၇) တွင်စတင်ဖွင့်လှစ်သင်ကြားခဲ့ရသည်။

Read More:>>> ဒဂုံတကၠသိုလ္သို႔ ပထမႏွစ္သို႔တက္ေရာက္မည္၊ ေျပာင္းေ႐ႊ႕မည္ အစရွိသည္မ်ား သိေစရန္

Source: 7Day News

Latest Post News Read 1614 times