တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ပညာရေးတက္ကသိုလ် ဘီအီးဒီ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ပညာရေးတက္ကသိုလ် ဘီအီးဒီ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်

ပညာရေးတက္ကသိုလ်တက်ချင်တဲ့ အမှန်တကယ်နွမ်းပါးပြီး ပညာသင်ဖို့ ခက်ခဲသူများအတွက် ပေးမှာပါ၊ ပညာရေးဝန်ထမ်းအဖြစ် အမှန် တကယ်ရပ်တည်သွားမယ့်သူမျိုး ဖြစ်ဖို့လိုပါတယ်။

ပညာသင်ထောက်ပံ့ စရိတ်အဖြစ် တစ်ဦးကို တက်ရောက်တဲ့ ပညာသင်နှစ်အလိုက် လစဉ်အနည်းဆုံး ကျပ် ၆၀,ဝ၀ဝ က စပြီး ဘွဲ့ရရှိ တဲ့အထိ ထောက်ပံ့ဖို့စီစဉ်ထားပါတယ်။

အခုနှစ်ပညာသင်နှစ်အတွက် ပညာရေးတက္ကသိုလ် ဘီအီးဒီ တက်ရောက်မယ့်သူ ခြောက်ဦးခန့် ရွေးချယ်ပြီး ပညာသင်စရိတ်ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

READ - တစ်နိုင်ငံလုံးတွင် အခြေခံပညာ ဆရာ၊ ဆရာမ ငါးသောင်းကျော် လိုအပ်နေ

မည်သည့်ဒေသက မဆို လျှောက်ထားခွင့်ရှိပြီး လျှောက်ထားသူရဲ့ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်ပေါ် မူတည်ကာ အခြားပညာရေး အဖွဲ့အစည်းတစ်ခုရဲ့ထောက်ပံ့ကြေးကိုလည်း လျှောက်ထားခွင့်ပြု မယ်လို့ သိရပါတယ်။

ပညာသင်ထောက်ပံ့ကြေး အပါအဝင်ကျန်တဲ့အဖွဲ့ အစည်းရဲ့ပညာသင်ထောက်ပံ့ကြေး တစ်ခုကို လျှောက်ထားခွင့်ပြု တယ်၊ နှစ်ခုဆိုရင် ကျောင်းသားအတွက် ကောင်းကောင်းလုံလောက် တယ်လို့ ယူဆထားပါတယ်။

Unique Quality ဖောင်ဒေးရှင်းအနေနဲ့ အနာဂတ်မှာ တိုင်းပြည်ရဲ့ ဆရာ ဆရာမတွေဖြစ်လာဖို့နှင့် ပညာရေးတက္ကသိုလ် တက်ရောက်ဖို့ အခက်အခဲရှိတဲ့ ကျောင်းသား ကျောင်းသူတွေကို နှစ်စဉ်ရွေးချယ်ပြီး ဘွဲ့ရတဲ့အထိ ပညာသင်စရိတ်ထောက်ပံ့ပေး နေတဲ့ ဖောင်ဒေးရှင်းဖြစ်ပါတယ်။ 

ထိုဖောင်ဒေးရှင်းကို ၂၀၁၄ ခုနှစ် မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုအထိ ထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုရ ကျောင်းသူ ကျောင်းသားပေါင်း ၁၁ ဦး ထောက်ပံ့ပြီးဖြစ်ပါတယ်။

လျှောက်ထားလိုသူများ၏ လိုအပ်ချက်များ

- အခြေခံပညာအထက်တန်း စာမေးပွဲအောင်မြင်ခဲ့တဲ့ အမှတ်စာရင်း မိတ္တူ၊

- တက္ကသိုလ်တက်ဖို့ အတွက်ငွေကြေးအခက်အခဲရှိကြောင်း မိမိနေထိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံစာ

- တစ်နှစ်တစ်တန်း အောင်မြင်ဖို့နဲ့ စာမေးပွဲကျပါက သို့မဟုတ် ကျောင်းခေါ်ချိန် မပြည့်မီသဖြင့် စာမေးပွဲဖြေဆိုခွင့် မရပါက နောက်နှစ်မှာ ထောက်ပံ့ကြေး ရပ်ဆိုင်း မှာဖြစ်တာကို သိရှိ ပါကြောင်း

- ကျောင်းသူကျောင်းသားများ ကိုယ်တိုင် ကတိပြုရေးသားတင်ပြချက်စတဲ့ အချက်အလက်တွေကို ပူးတွဲ တင်ပြလျှောက်ထားရမည်။

လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် ပတ်စ်ပို့ဓာတ်ပုံ သုံးပုံနဲ့ပူးတွဲပြီး ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ကမ်းနားလမ်းနဲ့ လှည်းတန်းလမ်းထောင့် အမှတ်(၁၇/၁၉) သို့ ပေးပို့လျှောက်ထား ရမှာဖြစ်ပါသည်။

လျှောက်ထားပိတ်ရက်မှာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး လျှောက်ထားရမှာ ဖြစ်ပါတယ်။

Contact Detail

ဝ၉၅၁၅၄၉၅၀၊ ဝ၉ ၂၅၀ ၉၄၆၄၈၄

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

Local Read 5083 times