၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်၍ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ပညာရေးဝန်ထမ်း သား/သမီးများအား တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင် ကျပ် ၊ ၅၀၀၀၀(ငါးသောင်း)နှုန်းဖြင့်လည်းကောင်း၊ ဂုဏ်ထူးတစ်ဘာသာလျှင် ကျပ် ၁၀၀၀၀၀(တစ်သိန်း)နှုန်းဖြင့် လည်းကောင်း နှစ်စဉ် ဆုချီးမြှင့်ခဲ့ပါတယ်လို့သိရပါတယ်။
သို့ပါ၍ ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရိုးရိုးအောင်မြင်သူနှင့် ဂုဏ်ထူးရရှိသူ ပညာရေး ဝန်ထမ်း သား/သမီးများ၏ အမည်စာရင်းတို့ကို ပူးတွဲပါ(ဇယား)တွင် Pyidaungsu font Size 11 ဖြင့် Microsoft Excel တွင် တစ်ဦးလျှင် Roll တစ်ကြောင်းဖြင့် အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်၍ Hard Copy (၁)စုံ၊ Soft Copy CD(၁)ချပ်တို့ဖြင့် ဤဦးစီးဌာနသို့ (၂၃-၁၀-၂၀၂၀) ရက်နေ့ထက် နောက်မကျဘဲ စာပေးပို့ရန်နှင့် မရှိပါက မရှိကြောင်း ပြန်ကြားပေးနိုင်ပါရန် အကြောင်းကြားပါသည်။
မိဘနှစ်ဦးစလုံး ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေပါက ဖခင်ဖြစ်သူ၏ ကျောင်း/ဌာနမှသာ အဆိုပြုပေးပို့ပေးရမယ်လို့သိရပါတယ်။