Australian National University ၏ပညာသင်ဆုကို သြစတြေးလျဒေါ်လာ (၅၀,၀၀၀) အထိလျှောက်ထားနိုင်

**Zawgyi**





 



 

**Unicode**

အထက်တန်းအောင်နဲ့ IGCSE ကျောင်းသားတွေအနေနဲ့ သြစတြေးလျအစိုးရတက္ကသိုလ် Australian National University သို့တက်ရောက်ရန်  (၂၀၂၀) ခုနှစ်အတွက်ပညာသင်ဆုကို သြစတြေးလျဒေါ်လာ (၅၀,၀၀၀) အထိလျှောက်ထားနိုင်မယ်လို့သိရပါတယ်။

(၂၀၂၀) ပညာသင်နှစ်အတွက်ပညာသင်ဆုအနေနဲ့ သြစတြေးလျဒေါ်လာ (၅၀,၀၀၀) အထိပေးအပ်မယ့် ANU Targeted Diversity Source Regions စာရင်းမှာ မြန်မာကျောင်းသား၊ ကျောင်းသူတွေပါဝင်လျှောက်ထားနိုင်မှာဖြစ်ပြီး ANU သို့တက်ရောက်ရန် ANU College ရဲ့ Foundation (သို့) Diploma တက်ရောက်ပြီး Australian National University ရဲ့ပထမနှစ် (သို့) ဒုတိယနှစ်သို့တိုက်ရိုက်တက်ရောက်နိုင်ပါတယ်။

ပညာသင်ဆုလျှောက်ထားရန်အတွက် အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူတွေအနေနဲ့ ပျမ်းမျှရမှတ် (၆၅%) အထက်ရရှိမှာဖြစ်ပြီး IGCSE အောင်မြင်ပြီးသူတွေအနေနဲ့ အနည်းဆုံး (၄) ဘာသာတွင် 2B, 2C ၊ အင်္ဂလိပ်စာလိုအပ်ချက်အနေနဲ့ IELTS 6.0 ရရှိရမှာဖြစ်ပါတယ်။ Sub band တစ်ခုချင်းစီတွင် 5.5 အနည်းဆုံးရှိရမှာဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားလိုသူတွေအနေနဲ့ AT&S (နိုင်ငံတကာတက္ကသိုလ်ပညာရေးဝန်ဆောင်မှုကုမ္ပဏီ) အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း - ၀၁-၆၅၂၃၂၀၊ ၀၉-၇၉၉၅၉၅၉၄၉ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

 

Read More >> Raffles International College Bangkok ၏ (၂၀၂၀) ပညာသင်နှစ်အတွက် ပညာသင်ဆုများလျှောက်ထားနိုင်

Source: Internet Journal

International Latest Post News News Read 1109 times