** Unicode **
**ဗြိတိန်နိုင်ငံပညာသင်ဆု**
ဗြိတိန်နိုင်ငံ University of Cambridge တွင် တက်ရောက်မည့် မြန်မာကျောင်းသား/သူများအတွက် ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလ်ဂိတ်က ပေးအပ်သည့် The Bill Gates Cambridge Scholarship ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင်နိုင်ငံတကာမှ ကျောင်းသား/သူများအတွက် ပေးအပ်ခြင်းဖြစ်ပြီး University of Cambridge တွင် သင်ကြားနေသည့် မည်သည့်ဘာသာရပ်မဆို မဟာဘွဲ့၊ ပါရဂူဘွဲ့များရွေးချယ်တက်ရောက်ခွင့်ရှိပါတယ်။
ကျောင်းဝင်ခွင့်ဦးစွာလျှောက်ထားပြီးမှ ဝင်ခွင့်ရရှိပြီးမှသာ ပညာသင်ဆုကို လျှောက်ထားရမည်ဖြစ်ပါတယ်။
ပညာရေးတွင်ထူးချွန်သူ၊ အနာဂတ်တွင် အဖွဲ့အစည်းများတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ရန် အလားအလာရှိသူ၊ အခြားသူများ၏ ဘဝတိုးတက်ကောင်းမွန်ရန်လိုလားလုပ်ကိုင်ပေးလိုသည့် စိတ်ဆန္ဒကောင်းရှိသူ၊ University of Cambridge တွင်တက်ရောက်ခွင့်ရှိပြီးသူ ဖြစ်ရမည်ဖြစ်ပါတယ်။
University of Cambridge တွင်တက်ရောက်မည့် ကျောင်းလခ၊ တစ်နှစ်လျှင် စတာလင်ပေါင် (၁၅၀၀၀) ခန့်၊ ဇာတိနိုင်ငံမှ University of Cambridge သို့ အသွား/အပြန် ခရီစရိတ်၊ ဗီဇာကြေးများကို ပညာသင်ဆုအဖြစ်ပံ့ပိုးပေးမည်ဖြစ်ပါတယ်။
ပညာသင်ဆုလျှောက်လွှာများကို www.gatescambridge.org တွင်လျှောက်ထားရမည်ဖြစ်ပါတယ်။
**သြစတြေးလျအစိုးရပညာသင်ဆု**
သြစတြေးလျအစိုးရက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုတွင် အထောက်အပံ့ဖြစ်စေရန်လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ရာတွင် ကူညီပံ့ပိုးပေးသည့်အနေဖြင့် ပေးအပ်သည့် Australia Awards Scholarship ပညာသင်ဆုဖြစ်ပါတယ်။
မြန်မာနိုင်ငံသားများ အနေဖြင့် မဟာဘွဲ့သင်တန်းကို သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ဆုအပြည့်အဝဖြင့် တက်ရောက်နိုင်မည့်အခွင့်အရေးဖြစ်ပါတယ်။
ပညာရေးစီမံခန့်ခွဲမှု၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာထောက်ထားမှု၊ ရာသီဥတုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာမူဝါဒ၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှု၊ သတ္တုတူးဖော်ရေးစသည့်နယ်ပယ်များတွင် အကျုံးဝင်သည့် မည်သည့်ဘာသာရပ်အတွက်မဆို ပညာသင်ဆု လျှောက်ထားခွင့်ပြုထားပါတယ်။
လျှောက်ထားသူများ၏ အလုပ်အကိုင်၊ ပညာအရည်အချင်းကို အဓိကထားရွေးချယ်မည်ဖြစ်သော်လည်း ပညာသင်ဆုလျှောက်ထားသူသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အလားအလာကိုလည်း ထည့်သွင်းစဉ်းစားမည်ဖြစ်ပါတယ်။
ပညာသင်ဆုအနေဖြင့် သြစတြေးလျသို့အသွား၊ အပြန်ခရီးစရိတ်၊ ကျောင်းလခ၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးစရိတ်၊ ပညာသင်ကြားနေစဉ်ဆောင်ရွက်ရသည့် သုတေသနစရိတ်များကို ပံ့ပိုးပေးမည်ဖြစ်ပါတယ်။
ပညာသင်ဆုလျှောက်ထားသူသည် အင်္ဂလိပ်စာအရည်အသွေး TOEFL IELTS ရမှတ်များတင်ပြရန်မလိုပေ၊ သို့သော် သြစတြေးလျတက္ကသိုလ်များ ဝင်ခွင့်အတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုလိုအပ်ပါတယ်။
ပညာသင်ဆုအတွက် လူတွေ့အင်တာဗျူးဖြေဆိုရာတွင် အင်္ဂလိပ်ဘာသာစကား 4|Skills စစ်ဆေးသည့်စာမေးပွဲကိုပါ ဖြေဆိုရမည်ဖြစ်ပါတယ်။
၎င်းကဲ့သို့စစ်ဆေးစဉ် အင်္ဂလိပ်စာအရည်အသွေး ထပ်မံလိုအပ်ပါက မြန်မာနိုင်ငံတွင်ဖွင့်လှစ်သည့် အင်္ဂလိပ်ဘာသာစကားလေ့ကျင့်မှုသင်တန်းသို့ တစ်နှစ်ခန့်တက်ရောက်ရမည်ဖြစ်ပြီး ထိုသင်တန်းပြီးမှသာ ပညာသင်ဆုလျှောက်ထားသည့် ဘာသာရပ်ကို သင်ယူရမည်ဖြစ်ပါတယ်။
သင်တန်းကြေးကို သြစတြေးလျအစိုးရက ပံ့ပိုးပေးမည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသားဖြစ်ရပါမည်။ အသက် (၁၈) နှစ်အောက်မငယ်ရပါ။ ပညာသင်ဆုပေးအပ်မည့် နယ်ပယ်များနှင့်သက်ဆိုင်သည့် ဘာသာရပ်များမှလွဲ၍ အခြားဘာသာရပ်များ လျှောက်ထားခွင့်မရှိပါ၊ လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင်နေသူများသည် Australia Awards Scholarship လျှောက်ထားခွင့်မရှိပေ။
ပညာသင်ဆုလျှောက်လွှာများကို နှစ်စဉ်ဖေဖော်ဝါရီလတွင် စတင်ခေါ်ယူလေ့ရှိပြီး ဧပြီလကုန်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်၍ အသေးစိတ်ကို https://dfat.gov.au/ တွင် ကြည့်ရှုနိုင်ပါတယ်။
Credit: 7Day News
** Zawgyi **
**ၿဗိတိန္ႏိုင္ငံပညာသင္ဆု**
ၿဗိတိန္ႏိုင္ငံ University of Cambridge တြင္ တက္ေရာက္မည့္ ျမန္မာေက်ာင္းသား/သူမ်ားအတြက္ ကမာၻ႔အခ်မ္းသာဆုံးစာရင္းဝင္ ဘီလ္ဂိတ္က ေပးအပ္သည့္ The Bill Gates Cambridge Scholarship ပညာသင္ဆုအစီအစဥ္ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံအပါအဝင္ႏိုင္ငံတကာမွ ေက်ာင္းသား/သူမ်ားအတြက္ ေပးအပ္ျခင္းျဖစ္ၿပီး University of Cambridge တြင္ သင္ၾကားေနသည့္ မည္သည့္ဘာသာရပ္မဆို မဟာဘြဲ႕၊ ပါရဂူဘြဲ႕မ်ားေ႐ြးခ်ယ္တက္ေရာက္ခြင့္ရွိပါတယ္။
ေက်ာင္းဝင္ခြင့္ဦးစြာေလွ်ာက္ထားၿပီးမွ ဝင္ခြင့္ရရွိၿပီးမွသာ ပညာသင္ဆုကို ေလွ်ာက္ထားရမည္ျဖစ္ပါတယ္။
ပညာေရးတြင္ထူးခြၽန္သူ၊ အနာဂတ္တြင္ အဖြဲ႕အစည္းမ်ားတြင္ ေခါင္းေဆာင္တစ္ဦးအျဖစ္ အလုပ္လုပ္ကိုင္ရန္ အလားအလာရွိသူ၊ အျခားသူမ်ား၏ ဘဝတိုးတက္ေကာင္းမြန္ရန္လိုလားလုပ္ကိုင္ေပးလိုသည့္ စိတ္ဆႏၵေကာင္းရွိသူ၊ University of Cambridge တြင္တက္ေရာက္ခြင့္ရွိၿပီးသူ ျဖစ္ရမည္ျဖစ္ပါတယ္။
University of Cambridge တြင္တက္ေရာက္မည့္ ေက်ာင္းလခ၊ တစ္ႏွစ္လွ်င္ စတာလင္ေပါင္ (၁၅၀၀၀) ခန႔္၊ ဇာတိႏိုင္ငံမွ University of Cambridge သို႔ အသြား/အျပန္ ခရီစရိတ္၊ ဗီဇာေၾကးမ်ားကို ပညာသင္ဆုအျဖစ္ပံ့ပိုးေပးမည္ျဖစ္ပါတယ္။
ပညာသင္ဆုေလွ်ာက္လႊာမ်ားကို www.gatescambridge.org တြင္ေလွ်ာက္ထားရမည္ျဖစ္ပါတယ္။
**ၾသစေၾတးလ်အစိုးရပညာသင္ဆု**
ၾသစေၾတးလ်အစိုးရက ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးျပဳျပင္ေျပာင္းလဲမႈတြင္ အေထာက္အပံ့ျဖစ္ေစရန္လူ႔စြမ္းအားအရင္းအျမစ္ေကာင္းမ်ား ေမြးထုတ္ရာတြင္ ကူညီပံ့ပိုးေပးသည့္အေနျဖင့္ ေပးအပ္သည့္ Australia Awards Scholarship ပညာသင္ဆုျဖစ္ပါတယ္။
ျမန္မာႏိုင္ငံသားမ်ား အေနျဖင့္ မဟာဘြဲ႕သင္တန္းကို ၾသစေၾတးလ်ႏိုင္ငံရွိ တကၠသိုလ္မ်ားတြင္ ပညာသင္ဆုအျပည့္အဝျဖင့္ တက္ေရာက္ႏိုင္မည့္အခြင့္အေရးျဖစ္ပါတယ္။
ပညာေရးစီမံခန႔္ခြဲမႈ၊လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေရး၊ လူသားခ်င္းစာနာေထာက္ထားမႈ၊ ရာသီဥတုေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ၊ ျပည္သူ႔ေရးရာမူဝါဒ၊ ႏိုင္ငံတကာဆက္ဆံေရး၊ စီးပြားေရး၊ စိုက္ပ်ိဳးေရး၊ သဘာဝအရင္းအျမစ္စီမံခန႔္ခြဲမႈ၊ သတၱဳတူးေဖာ္ေရးစသည့္နယ္ပယ္မ်ားတြင္ အက်ဳံးဝင္သည့္ မည္သည့္ဘာသာရပ္အတြက္မဆို ပညာသင္ဆု ေလွ်ာက္ထားခြင့္ျပဳထားပါတယ္။
ေလွ်ာက္ထားသူမ်ား၏ အလုပ္အကိုင္၊ ပညာအရည္အခ်င္းကို အဓိကထားေ႐ြးခ်ယ္မည္ျဖစ္ေသာ္လည္း ပညာသင္ဆုေလွ်ာက္ထားသူသည္ ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္မ်ားတြင္ ပါဝင္ေဆာင္႐ြက္ႏိုင္သည့္ အလားအလာကိုလည္း ထည့္သြင္းစဥ္းစားမည္ျဖစ္ပါတယ္။
ပညာသင္ဆုအေနျဖင့္ ၾသစေၾတးလ်သို႔အသြား၊ အျပန္ခရီးစရိတ္၊ ေက်ာင္းလခ၊ ေနထိုင္စားေသာက္စရိတ္၊ က်န္းမာေရးစရိတ္၊ ပညာသင္ၾကားေနစဥ္ေဆာင္႐ြက္ရသည့္ သုေတသနစရိတ္မ်ားကို ပံ့ပိုးေပးမည္ျဖစ္ပါတယ္။
ပညာသင္ဆုေလွ်ာက္ထားသူသည္ အဂၤလိပ္စာအရည္အေသြး TOEFL IELTS ရမွတ္မ်ားတင္ျပရန္မလိုေပ၊ သို႔ေသာ္ ၾသစေၾတးလ်တကၠသိုလ္မ်ား ဝင္ခြင့္အတြက္ အဂၤလိပ္ဘာသာစကားကြၽမ္းက်င္မႈလိုအပ္ပါတယ္။
ပညာသင္ဆုအတြက္ လူေတြ႕အင္တာဗ်ဴးေျဖဆိုရာတြင္ အဂၤလိပ္ဘာသာစကား 4|Skills စစ္ေဆးသည့္စာေမးပြဲကိုပါ ေျဖဆိုရမည္ျဖစ္ပါတယ္။
၎ကဲ့သို႔စစ္ေဆးစဥ္ အဂၤလိပ္စာအရည္အေသြး ထပ္မံလိုအပ္ပါက ျမန္မာႏိုင္ငံတြင္ဖြင့္လွစ္သည့္ အဂၤလိပ္ဘာသာစကားေလ့က်င့္မႈသင္တန္းသို႔ တစ္ႏွစ္ခန႔္တက္ေရာက္ရမည္ျဖစ္ၿပီး ထိုသင္တန္းၿပီးမွသာ ပညာသင္ဆုေလွ်ာက္ထားသည့္ ဘာသာရပ္ကို သင္ယူရမည္ျဖစ္ပါတယ္။
သင္တန္းေၾကးကို ၾသစေၾတးလ်အစိုးရက ပံ့ပိုးေပးမည္ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံတြင္ လက္ရွိေနထိုင္သည့္ ျမန္မာႏိုင္ငံသားျဖစ္ရပါမည္။ အသက္ (၁၈) ႏွစ္ေအာက္မငယ္ရပါ။ ပညာသင္ဆုေပးအပ္မည့္ နယ္ပယ္မ်ားႏွင့္သက္ဆိုင္သည့္ ဘာသာရပ္မ်ားမွလြဲ၍ အျခားဘာသာရပ္မ်ား ေလွ်ာက္ထားခြင့္မရွိပါ၊ လက္ရွိတပ္မေတာ္တြင္ တာဝန္ထမ္းေဆာင္ေနသူမ်ားသည္ Australia Awards Scholarship ေလွ်ာက္ထားခြင့္မရွိေပ။
ပညာသင္ဆုေလွ်ာက္လႊာမ်ားကို ႏွစ္စဥ္ေဖေဖာ္ဝါရီလတြင္ စတင္ေခၚယူေလ့ရွိၿပီး ဧၿပီလကုန္ေနာက္ဆုံးထားေလွ်ာက္ထားရမည္ျဖစ္၍ အေသးစိတ္ကို https://dfat.gov.au/ တြင္ ၾကည့္ရႈႏိုင္ပါတယ္။
Credit: 7Day News