သြစတြေးလျနိုင်ငံ ပညာသင်ဆုလျှောက်ထားနိုင်

သြစတြေးလျနိုင်ငံ ပညာသင်ဆုလျှောက်ထားနိုင်

၁။ သြစတြေးလျနိုင်ငံတွင် ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွင်း ဖွင့်လှစ်မည့် Australia Awards Scholarship Program 2020 Intake မဟာဘွဲ့ပညာသင်ဆုသင်တန်းများသို့ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူဝန်ထမ်းများ လျှောက်ထား နိုင်ပါသည်။

အဆိုပါ ပညာသင်ဆုသင်တန်းအတွက် အသွားအပြန် လေယာဉ်ခရီးစရိတ်၊ ပညာသင်စရိတ်နှင့် တည်းခိုနေထိုင် စားသောက်စရိတ်တို့ကို ဩစတြေးလျနိုင်ငံအစိုးရမှ ထောက်ပံ့ပေးမည်ဖြစ်သည်။

၂။ သို့ဖြစ်ပါ၍ လုပ်သက်(၂)နှစ်ပြည့်ပြီးသည့် အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားလိုသူ ဝန်ထမ်းများအနေဖြင့် အောက်ပါလိပ်စာများမှ တစ်ဆင့် ဝင်ရောက်ကြည့်ရှု ၍ (၃၀-၄-၂၀၁၉) ရက်နေ့ မတိုင်မီ Online Application လျှောက်ထားနိုင်ပါသည်။

လျှောက်ထားသူများ၏ သတ်မှတ်လျှောက်လွှာ(၃)စုံစီနှင့်အတူ အမည်၊ ရာထူး၊ ဌာနတို့ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြလျက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှတစ်ဆင့် အခြေခံပညာဦးစီးဌာနသို့ (၂၆-၄-၂၀၁၉) ရက်နေ့ နောက်ဆုံးထားပေးပို့ပြီး လျှောက်ထားခွင့်တောင်းခံကြရန် အကြောင်းကြားပါသည်။

ဆက်သွယ်ရန်လိပ်စာ

Website : www.australiaawards.gov.au
               www.dfat.gov.au
               www.studyinaustralia.gov.au

READ - ဦးတင်မောင် တက္ကသိုလ်ပညာသင်ဆု လျှောက်လွှာခေါ်ယူ

International Read 1490 times