မြန်မာကျောင်းသားများအတွက် ပညာသင်ဆုထောက်ပံ့ကြေး ၆၀၀၀ ကျော် ပေးအပ်မည်

မြန်မာကျောင်းသားများအတွက် ပညာသင်ဆုထောက်ပံ့ကြေး ၆၀၀၀ ကျော် ပေးအပ်မည်

Auston မှ ပြဋ္ဌာန်းသော Diploma သင်တန်းများတွင် Business Management, Computer Science, Mechatronic, Electrical and Electronic Engineering (Top-Up) Master Programme များအနေဖြင့် Programme and Project Management, Construction Project Management စသည်တို့ ဖွင့်လှစ်သင်ကြားနေသည်။

Diploma တန်းအတွက် ၈ လ၊ Top – Up programme အတွက် ၁၆ လ၊ Master အတန်းတွက် ၁၂ လကြာ တက်ရာက်သင်ကြား ရမည်။ ဖော်ပြထားသော Programme များအတွက် Certificate Level အတန်းများလည်း ရှိသည်။

READ - ဂျပန်အစိုးရမှ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း သို့ ပညာသင်ဆု ၅ ဆုအတွက် ကမ်းလှမ်း

အနိမ့်ဆုံးများအတွက် IELTS – 5.5 သို့မဟုတ် TOEFL – 550 သို့မဟုတ် Auston အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုရမည်။

ကျောင်းဖွင့်ချိန်များမှာ ဖေဖော်ဝါရီ၊ မေနှင့် စက်တင်ဘာတို့ ဖြစ်သည်။ ကျောင်းစရိတ်မှာ စင်ကာပူဒေါ်လာ ၄,၈၀၀ မှ ၂၄,၀၀၀ ထိရှိပြီး တက်လိုသည့် ဘာသာရပ်နှင့် Level ပေါ်မူတည်ပြီး ကျောင်းစရိတ်ကွဲပြားသည်။

Auston ကျောင်းတွင် MSc Programme Management မှာ ၁၂ လ ကြာသင် ကြားရပြီး Modules 7 ခုရှိမည်။ ၎င်းမှာ UK University of Wolverhampton မှပေးသော နိုင်ငံတကာအသိအမှတ်ပြု Master ဘွဲ့ဖြစ်သည်။

MSc Programme & Project Management သည် Project ပိုင်းကို စီမံခန့်ခွဲရန် စိတ်ကူးရှိသူများ၊ လက်တွေ့ပိုင်းဆိုင်ရာနှင့် စီးပွားရေးနယ်ပယ် ပေါင်းစည်းထားပြီး နောက်တစ်ဆင့် ကျွမ်းကျင်မှုနယ်ပယ်ထဲသို့ ဝင်ရောက်လိုသူများအတွက် ရေးဆွဲထားခြင်းဖြစ်သည်။

ကျောင်းသားများအနေဖြင့် လက်တွေ့ပိုင်းကျွမ်းကျင်မှု တိုးတက်လာစေမည့် သင်ကြားမှုဆိုင်ရာ အထောက်အကူပြုမှု၊ သီအိုရီနှင့် လက်တွေ့ချိတ်ဆက်မှုကို နားလည်အောင် လုပ်ဆောင်နိုင်ရန်၊ အကျိုးအမြတ်နှင့် စွန့်လွှတ်မှု အတိုင်းအတာများကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် ဖြစ်သည်။

ဝင်ခွင့်လိုအပ်ချက် အနေဖြင့် မြန်မာနိုင်ငံမှ ဘွဲ့တစ်ခု သို့မဟုတ် NQF Level သို့မဟုတ် ၎င်းတို့နှင့်ညီမျှသော အရည်အချင်း လက်မှတ်တစ်ခုကို ရရှိထားရန် လိုအပ်သည်။

အင်္ဂလိပ်စာ အရည်အချင်းစစ်အနေဖြင့် IELTS 6.5 သို့မဟုတ် TOEFL 550 သို့မဟုတ် IBT 92 ရရှိရန်လိုအပ်သည်။ (Wolverhampton တက္ကသိုလ်မှ စစ်မည်။)

ကျောင်းစရိတ် SGD 24,000 အထက်ရှိပြီး မြန်မာကျောင်းသားများအတွက် ပညာသင်ဆုထောက်ပံ့ကြေး ၆,၀၀၀ ကျော်ပေးအပ်မည် ဖြစ်ရာ ကျောင်းလခမှာ စင်ကာပူဒေါ်လာ ၁၈,၀၀၀ ဝန်းကျင်သာကျသင့်မည် ဖြစ်သည်။

Contact Detail

ဖုန်း ၀၉-၇၉၁၈၂၂၆၆၅၊ ၀၉- ၅၁၄၀၈၀၂

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

International Read 2910 times