Sales Hotline : 09448001653       Download App



သင့်ကလေးငယ်ကို ဘယ်အရွယ်မှာ မူကြိုစထားကြမလဲ

** Unicode **

အိမ်ထောင်ရှင်အမျိုးသမီးတိုင်း မိမိတို့ ရင်သွေးငယ်၊ သားသမီးလေးတွေနဲ့ပတ်သက်ပြီး အမြဲတွေးတောမိတဲ့အရာတစ်ခုပြပါဆိုရင် ဘယ်အရွယ်လောက်ဆို သားသမီးတွေကို မူကြိုစထားရမလဲ ဆိုတာပါပဲ။


ကလေးငယ်တွေ (၂) နှစ်ကျော် (၃) နှစ်ထဲရောက်လာပြီဆိုရင် မူကြို စထားရမလား၊ အချိန်ခဏလောက်စောင့်ရမလား အစရှိသဖြင့် အများကြီးစဉ်းစားရပါတယ်။

သူများတွေရဲ့ ကလေးငယ်တွေ မူကြိုတက်လို့ သွက်သွက်လက်လက်လေးလုပ်ပြနေတာမြင်ရရင် စိတ်ထဲအလိုလို မိမိ ကလေးငယ်ကိုလည်း အဲ့ဒီလို အပြုအမူလေးတွေ ဖြစ်စေချင်မိတယ်။

တိုးတက်ပြောင်းလဲလာတဲ့ပညာရေး ခေတ်ရေစီးကြောင်းအတိုင်း ကလေးငယ်တွေကို ပညာရေးနဲ့ ထိတွေ့စေချင်တယ်။

အမှန်တော့ ကလေးငယ်တွေဟာ မွေးကတည်းက သင်ကြားနေတယ်လို့ ယူဆမိတယ်။ အသံတွေနားထောင်တယ်။ အသံကြားရာ လှုပ်ရှားမှုလေးတွေကို လိုက်ကြည့်တယ်။ အပြုအမူလေးတွေကို လိုက်မှတ်နေတယ်။ ဒါကလေးငယ်တိုင်းရဲ့ သဘာဝသင်ကြားမှုပါပဲ။

ကလေးငယ်တွေ စတင်သင်ယူတာက ဖေဖေ၊ မေမေ တို့ဆီကဖြစ်တယ်။သင်ယူမှုကို ဒီလောက်လေးနဲ့တော့ မတင်းတိမ်စေချင်တာ မိဘတိုင်း စိတ်ပါပဲ။ ဒါကြောင့် ကာတွန်းကားလေးတွေ ပြတယ်။ ကစားစရာလေးတွေ ပေးဆော့တယ်။ ကလေးငယ်ရဲ့ အခြေအနေကို အရွယ်နဲ့ အမျှ တိုးတက်လာသလားကို မိဘတွေက စောင့်ကြည့်တယ်။

ဒါဆိုရင် ကလေးငယ်တွေက အိမ်တွင်း မိသားစုနဲ့ ရင်းနှီးကျွမ်းဝင်မှုတော့ ရှိလာပြီ။ မလုံလောက်သေးပါဘူး။ အများနဲ့ ဆက်ဆံနိုင်ရမယ်။ လူမကြောက်ပဲ လူအများကြားထဲ နေနိုင်ရမယ် အစရှိတာလေးတွေကို လုပ်နိုင်ဖို့ဆိုတာ မူကြိုဆိုတဲ့ နေရာကို ပို့မှသာ ရနိုင်မှာဖြစ်တယ်။

အိမ်မှာနေတဲ့ ကလေးငယ်နဲ့ မူကြိုနေတဲ့ ကလေးငယ်ဟာ ကွာခြားချက်ရှိပါတယ်။ အိမ်မှာနေတဲ့ ကလေးငယ်ဟာ အိမ်နဲ့ပဲ အသားကျမယ်။ အိမ်တွင်းလူပဲ ကလေးငယ်နဲ့ အဆင်ပြေမယ်။ ဧည့်သည်လာရင်တော့ ကလေးငယ်ကို ချစ်လို့ ခေါ်ချီတာလုပ်လို့မရဘူး။ သူတို့လေးတွေနဲ့ ရင်းနှီးမှုအရင်ယူမှသာ အဆင်ပြေလိမ့်မယ်။

မူကြိုနေတဲ့ ကလေးငယ်က အပြင်တခြားကလေးတွေနဲ့ ပျော်ရွှင်စွာနေတတ်လာတယ်။ အများနဲ့ ဆော့ကစားတတ်လာတယ်။ ကိုယ့်ရဲ့ ကစားစရာလေးတွေကို တခြားသော ကလေးငယ်တွေနဲ့ မျှဝေကစားတတ်လာတယ်။ အကြောင်းအရာလေးတွေကို ဖလှယ်တတ်လာတယ်။ သင်ကြားပေးနေစရာမလိုပဲ တချို့ကို သူတို့လေးတွေ ကိုယ်တိုင်ပြောင်းလဲလုပ်ဆောင်တတ်လာတယ်။ ဒါတွေကအားသာချက်တွေပါပဲ။

ကလေးငယ်ကို မူကြိုပို့လိုက်မယ်ဆိုရင် အစတော့ ကလေးငယ်အတွက် အဆင်မပြေမှုရှိအုံးမှာပါ။ ရက်ပိုင်းလောက်ဆို ကလေးငယ် နေသားကျသွားလိမ့်မယ်။ ကလေးငယ်အဆင်ပြေလား၊ မပြေဘူးလား ဆိုတာကို မိဘက သိအောင်လုပ်ရမယ်။ မူကြိုက ပြန်လာရင် ကလေးငယ်ရဲ့ အနေအထားက ဘယ်လိုပုံစံရှိနေမလဲ။ ပျော်ရွှင်နေတဲ့ ကလေးငယ်ဆိုရင် မူကြိုမှာဖြစ်သမျှအကြောင်း အများအားဖြင့် ပြောတတ်တယ်။ သူတို့လေးတွေ ဟိုမှာ ဘာလုပ်ခဲ့တယ်။ ဘာစားခဲ့တယ် အစရှိသဖြင့်ပါ။ 

မူကြိုက ဆရာ/ဆရာမတွေရဲ့ သင်ပြပေးတာတွေ အတူတူအချိန်ကုန်ပေးပြီး ဆော့ပေးတာတွေ သူတို့လေးတွေက ဘာလုပ်လိုက်လို့ ဆရာမက ဘယ်လိုချီးကျူးတာလေးတွေက အစပြန်ပြောပြလိမ့်မယ်။ ချီးကျူးခံရတဲ့ အပြုအမူလေးတွေကို နောက်ဆိုသူတို့လေးတွေ ရွေးလုပ်တတ်ကြမယ်။

ဒီလိုမူြုကိုတွေထားလို့ ကလေးငယ်ဟာ တိုးတက်ပြောင်းလဲလာတယ်ဆိုရင်တောင် မိဘက ပြန်လေ့လာသုံးသပ်ဖို့လိုတယ်။ မူကြိုဆိုတာ ကလေးငယ်အများကြီးရှိနေတာပါ။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိနေပါတယ်။တချို့သော အပြုအမူလေးမှာ ကလေးငယ်ကို ကောင်းကျိုးမပြုဘူးဆိုရင် ကိုယ်ကပြုပြင်တည့်မတ်ပေးဖို့ လိုတယ်။ 

French (15) ျပင္သစ္ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္းမ်ားရွာရန္ႏွိပ္ပါ။

မကောင်းတဲ့ အပြောအဆိုလေးတွေ၊ ကြမ်းတမ်းတဲ့ အပြုအမူလေးတွေ ဆိုရင်တော့ မိဘတစ်ယောက်အနေနဲ့ ပြန်လည်ပြုပြင်ဖို့ တာဝန်ရှိတယ်။ ကလေးငယ်ရောက်နေတဲ့ ပတ်ဝန်းကျင်အနေအထားကို မိဘတစ်ယောက်အနေဖြင့် လေ့လာထားရမယ်။

မူကြိုနေတဲ့ ကလေးငယ်အများစုက မိဘကို အားကိုးတာမျိုး နည်းသွားတယ်။ တစ်ခုခုဆို သူတို့လေးတွေကိုယ်တိုင် လုပ်ချင်တဲ့စိတ်တွေက ဖြစ်နေလိမ့်မယ်။ မူကြိုပို့လိုက်တဲ့အတွက် မိဘနဲ့နေတဲ့အချိန်က နည်းသွားတယ်။ ဒါကြောင့် သူတို့လေးတွေ ပြန်လာချိန်ဆို မိဘကို ရင်းနှီးနွေးထွေးမှု ပိုပေးနေလိမ့်မယ်။ နောက်ဆုံးကလေးငယ်ဟာ လူတွေနဲ့ အဆင်ပြေမယ်၊ ပေါင်းသင်းတတ်လာမယ်၊ လူကြောက်တာမျိုးမရှိတော့ဘူး၊ ဗဟုသုတလည်း တိုးလာမယ်၊ တွေးခေါ်နိုင်စွမ်းတွေ မြင့်မားလာမယ် အစရှိသည့်ဖြင့် ကောင်းကျိုးများစွာကို ရနိုင်ပါလိမ့်မယ်။

Read More:>>>  (၂၀၂၀) ျပည့္ႏွစ္တကၠသိုလ္ဝင္စာေမးပြဲအေထာက္အကူျပဳ ဇီဝေဗဒဘာသာရပ္ဆိုင္ရာသိေကာင္းစရာမ်ား

မူကြိုထားသင့်တဲ့ အရွယ်ကလေးငယ်များကို  မူကြိုပို့သင့်ပါတယ်။ မူကြိုအရွယ်ပညာရေးက ကလေးငယ်တိုင်းကို တိုးတက်မှုပိုရှိစေမှာဖြစ်ပါတယ်။

(မူကြိုကလေးငယ်များနှင့်ပတ်သက်၍ သိရှိရသည့်အချို့သော အကြောင်းအရာများကို ပေါင်းစပ်ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။ တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေလိုသောဆန္ဒကြောင့်ရေးသားခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။)

(www.edge.com.mm)
#Phyoe Hthazin Shwe
#Ka Long Mal
 

** Zawgyi **

အိမ္ေထာင္ရွင္အမ်ိဳးသမီးတိုင္း မိမိတို႔ ရင္ေသြးငယ္၊ သားသမီးေလးေတြနဲ႔ပတ္သက္ၿပီး အၿမဲေတြးေတာမိတဲ့အရာတစ္ခုျပပါဆိုရင္ ဘယ္အ႐ြယ္ေလာက္ဆို သားသမီးေတြကို မူႀကိဳစထားရမလဲ ဆိုတာပါပဲ။


ကေလးငယ္ေတြ (၂) ႏွစ္ေက်ာ္ (၃) ႏွစ္ထဲေရာက္လာၿပီဆိုရင္ မူႀကိဳ စထားရမလား၊ အခ်ိန္ခဏေလာက္ေစာင့္ရမလား အစရွိသျဖင့္ အမ်ားႀကီးစဥ္းစားရပါတယ္။

သူမ်ားေတြရဲ႕ ကေလးငယ္ေတြ မူႀကိဳတက္လို႔ သြက္သြက္လက္လက္ေလးလုပ္ျပေနတာျမင္ရရင္ စိတ္ထဲအလိုလို မိမိ ကေလးငယ္ကိုလည္း အဲ့ဒီလို အျပဳအမူေလးေတြ ျဖစ္ေစခ်င္မိတယ္။

တိုးတက္ေျပာင္းလဲလာတဲ့ပညာေရး ေခတ္ေရစီးေၾကာင္းအတိုင္း ကေလးငယ္ေတြကို ပညာေရးနဲ႔ ထိေတြ႕ေစခ်င္တယ္။

အမွန္ေတာ့ ကေလးငယ္ေတြဟာ ေမြးကတည္းက သင္ၾကားေနတယ္လို႔ ယူဆမိတယ္။ အသံေတြနားေထာင္တယ္။ အသံၾကားရာ လႈပ္ရွားမႈေလးေတြကို လိုက္ၾကည့္တယ္။ အျပဳအမူေလးေတြကို လိုက္မွတ္ေနတယ္။ ဒါကေလးငယ္တိုင္းရဲ႕ သဘာဝသင္ၾကားမႈပါပဲ။

ကေလးငယ္ေတြ စတင္သင္ယူတာက ေဖေဖ၊ ေမေမ တို႔ဆီကျဖစ္တယ္။သင္ယူမႈကို ဒီေလာက္ေလးနဲ႔ေတာ့ မတင္းတိမ္ေစခ်င္တာ မိဘတိုင္း စိတ္ပါပဲ။ ဒါေၾကာင့္ ကာတြန္းကားေလးေတြ ျပတယ္။ ကစားစရာေလးေတြ ေပးေဆာ့တယ္။ ကေလးငယ္ရဲ႕ အေျခအေနကို အ႐ြယ္နဲ႔ အမွ် တိုးတက္လာသလားကို မိဘေတြက ေစာင့္ၾကည့္တယ္။

ဒါဆိုရင္ ကေလးငယ္ေတြက အိမ္တြင္း မိသားစုနဲ႔ ရင္းႏွီးကြၽမ္းဝင္မႈေတာ့ ရွိလာၿပီ။ မလုံေလာက္ေသးပါဘူး။ အမ်ားနဲ႔ ဆက္ဆံႏိုင္ရမယ္။ လူမေၾကာက္ပဲ လူအမ်ားၾကားထဲ ေနႏိုင္ရမယ္ အစရွိတာေလးေတြကို လုပ္ႏိုင္ဖို႔ဆိုတာ မူႀကိဳဆိုတဲ့ ေနရာကို ပို႔မွသာ ရႏိုင္မွာျဖစ္တယ္။

အိမ္မွာေနတဲ့ ကေလးငယ္နဲ႔ မူႀကိဳေနတဲ့ ကေလးငယ္ဟာ ကြာျခားခ်က္ရွိပါတယ္။ အိမ္မွာေနတဲ့ ကေလးငယ္ဟာ အိမ္နဲ႔ပဲ အသားက်မယ္။ အိမ္တြင္းလူပဲ ကေလးငယ္နဲ႔ အဆင္ေျပမယ္။ ဧည့္သည္လာရင္ေတာ့ ကေလးငယ္ကို ခ်စ္လို႔ ေခၚခ်ီတာလုပ္လို႔မရဘူး။ သူတို႔ေလးေတြနဲ႔ ရင္းႏွီးမႈအရင္ယူမွသာ အဆင္ေျပလိမ့္မယ္။

မူႀကိဳေနတဲ့ ကေလးငယ္က အျပင္တျခားကေလးေတြနဲ႔ ေပ်ာ္႐ႊင္စြာေနတတ္လာတယ္။ အမ်ားနဲ႔ ေဆာ့ကစားတတ္လာတယ္။ ကိုယ့္ရဲ႕ ကစားစရာေလးေတြကို တျခားေသာ ကေလးငယ္ေတြနဲ႔ မွ်ေဝကစားတတ္လာတယ္။ အေၾကာင္းအရာေလးေတြကို ဖလွယ္တတ္လာတယ္။ သင္ၾကားေပးေနစရာမလိုပဲ တခ်ိဳ႕ကို သူတို႔ေလးေတြ ကိုယ္တိုင္ေျပာင္းလဲလုပ္ေဆာင္တတ္လာတယ္။ ဒါေတြကအားသာခ်က္ေတြပါပဲ။

ကေလးငယ္ကို မူႀကိဳပို႔လိုက္မယ္ဆိုရင္ အစေတာ့ ကေလးငယ္အတြက္ အဆင္မေျပမႈရွိအုံးမွာပါ။ ရက္ပိုင္းေလာက္ဆို ကေလးငယ္ ေနသားက်သြားလိမ့္မယ္။ ကေလးငယ္အဆင္ေျပလား၊ မေျပဘူးလား ဆိုတာကို မိဘက သိေအာင္လုပ္ရမယ္။ မူႀကိဳက ျပန္လာရင္ ကေလးငယ္ရဲ႕ အေနအထားက ဘယ္လိုပုံစံရွိေနမလဲ။ ေပ်ာ္႐ႊင္ေနတဲ့ ကေလးငယ္ဆိုရင္ မူႀကိဳမွာျဖစ္သမွ်အေၾကာင္း အမ်ားအားျဖင့္ ေျပာတတ္တယ္။ သူတို႔ေလးေတြ ဟိုမွာ ဘာလုပ္ခဲ့တယ္။ ဘာစားခဲ့တယ္ အစရွိသျဖင့္ပါ။ 

မူႀကိဳက ဆရာ/ဆရာမေတြရဲ႕ သင္ျပေပးတာေတြ အတူတူအခ်ိန္ကုန္ေပးၿပီး ေဆာ့ေပးတာေတြ သူတို႔ေလးေတြက ဘာလုပ္လိုက္လို႔ ဆရာမက ဘယ္လိုခ်ီးက်ဴးတာေလးေတြက အစျပန္ေျပာျပလိမ့္မယ္။ ခ်ီးက်ဴးခံရတဲ့ အျပဳအမူေလးေတြကို ေနာက္ဆိုသူတို႔ေလးေတြ ေ႐ြးလုပ္တတ္ၾကမယ္။

ဒီလိုမူျုကိုေတြထားလို႔ ကေလးငယ္ဟာ တိုးတက္ေျပာင္းလဲလာတယ္ဆိုရင္ေတာင္ မိဘက ျပန္ေလ့လာသုံးသပ္ဖို႔လိုတယ္။ မူႀကိဳဆိုတာ ကေလးငယ္အမ်ားႀကီးရွိေနတာပါ။ လူအမ်ိဳးမ်ိဳး စိတ္အေထြေထြ ရွိေနပါတယ္။တခ်ိဳ႕ေသာ အျပဳအမူေလးမွာ ကေလးငယ္ကို ေကာင္းက်ိဳးမျပဳဘူးဆိုရင္ ကိုယ္ကျပဳျပင္တည့္မတ္ေပးဖို႔ လိုတယ္။ 

မေကာင္းတဲ့ အေျပာအဆိုေလးေတြ၊ ၾကမ္းတမ္းတဲ့ အျပဳအမူေလးေတြ ဆိုရင္ေတာ့ မိဘတစ္ေယာက္အေနနဲ႔ ျပန္လည္ျပဳျပင္ဖို႔ တာဝန္ရွိတယ္။ ကေလးငယ္ေရာက္ေနတဲ့ ပတ္ဝန္းက်င္အေနအထားကို မိဘတစ္ေယာက္အေနျဖင့္ ေလ့လာထားရမယ္။

French (15) ျပင္သစ္ စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္းမ်ားရွာရန္ႏွိပ္ပါ။

မူႀကိဳေနတဲ့ ကေလးငယ္အမ်ားစုက မိဘကို အားကိုးတာမ်ိဳး နည္းသြားတယ္။ တစ္ခုခုဆို သူတို႔ေလးေတြကိုယ္တိုင္ လုပ္ခ်င္တဲ့စိတ္ေတြက ျဖစ္ေနလိမ့္မယ္။ မူႀကိဳပို႔လိုက္တဲ့အတြက္ မိဘနဲ႔ေနတဲ့အခ်ိန္က နည္းသြားတယ္။ ဒါေၾကာင့္ သူတို႔ေလးေတြ ျပန္လာခ်ိန္ဆို မိဘကို ရင္းႏွီးေႏြးေထြးမႈ ပိုေပးေနလိမ့္မယ္။ ေနာက္ဆုံးကေလးငယ္ဟာ လူေတြနဲ႔ အဆင္ေျပမယ္၊ ေပါင္းသင္းတတ္လာမယ္၊ လူေၾကာက္တာမ်ိဳးမရွိေတာ့ဘူး၊ ဗဟုသုတလည္း တိုးလာမယ္၊ ေတြးေခၚႏိုင္စြမ္းေတြ ျမင့္မားလာမယ္ အစရွိသည့္ျဖင့္ ေကာင္းက်ိဳးမ်ားစြာကို ရႏိုင္ပါလိမ့္မယ္။

Read More:>>>  (၂၀၂၀) ျပည့္ႏွစ္တကၠသိုလ္ဝင္စာေမးပြဲအေထာက္အကူျပဳ ဇီဝေဗဒဘာသာရပ္ဆိုင္ရာသိေကာင္းစရာမ်ား

မူႀကိဳထားသင့္တဲ့ အ႐ြယ္ကေလးငယ္မ်ားကို  မူႀကိဳပို႔သင့္ပါတယ္။ မူႀကိဳအ႐ြယ္ပညာေရးက ကေလးငယ္တိုင္းကို တိုးတက္မႈပိုရွိေစမွာျဖစ္ပါတယ္။

(မူႀကိဳကေလးငယ္မ်ားႏွင့္ပတ္သက္၍ သိရွိရသည့္အခ်ိဳ႕ေသာ အေၾကာင္းအရာမ်ားကို ေပါင္းစပ္ေရးသားေဖာ္ျပျခင္းျဖစ္ပါတယ္။ တစ္ဖက္တစ္လမ္းမွ အေထာက္အကူျဖစ္ေစလိုေသာဆႏၵေၾကာင့္ေရးသားျခင္းျဖစ္ပါတယ္။ ေက်းဇူးတင္ပါတယ္။)

(www.edge.com.mm)
#Phyoe Hthazin Shwe
#Ka Long Mal
 

Tips Latest Post Read 4805 times