အထက်တန်း အောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်တဲ့ ကိုရီးယားအစိုးရပညာသင်ဆု

အထက်တန်း အောင်မြင်ပြီးသူတိုင်း လျှောက်ထားနိုင်တဲ့ ကိုရီးယားအစိုးရပညာသင်ဆု

KGSP - ကိုရီးယား အစိုးရ ပညာသင်ဆု အစီအစဉ် (Associate Degree) အတွက် လျှောက်ထားနိုင်ပြီ။

World Korea မှတဆင့် လျှောက်ထားနိုင်သော ကျောင်းများ

- Korea University of Media Arts

- Gumi University

- ChejuHalla University

ကိုရီးယား အစိုးရ ပညာသင်ဆု အစီအစဉ်သည် ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များတွင် Associate Degree အတန်း တက်ရောက်လိုသော နိုင်ငံတကာ ကျောင်းသားများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးနိုင်ရန် နှင့် နိုင်ငံများအကြား ချစ်ကြည်ရင်းနီးမှုကို ပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ပေးအပ် ချီးမြှင့်သော အစီအစဉ် တစ်ခု ဖြစ်ပါသည်။

ပညာသင်ဆု ရရှမည့် ကာလ - ကိုရီးယားဘာသာစကား ၁ နှစ် နှင့် Associate Degree ၂/၃ နှစ်

ပညာသင်ဆု လျှောက်ထားရန် လိုအပ်ချက်များ

• ပညာသင်ဆုလျှောက်ထားရန် အကျုံးဝင်သော နိုင်ငံမှ နိုင်ငံသားဖြစ်ရမည်။

• အသက် ၂၅ နှစ် အောက် ဖြစ်ရမည်။

• ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမည်။

• အထက်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။ (Bachelor ဘွဲ့ ရရှိထားပြီးသူများ လျှောက်ထားခွင့်မရှိပါ။ )

• တက္ကသိုလ်ဝင်တန်းအမှတ် စုစုပေါင်း အနည်းဆုံး၄၅ဝ (တစ်ဘာသာ ပျမ်းမျှ ၇၅ မှတ်) နှင့် အထက် ရရှိရမည် ။

• နိုင်ငံခြား ခရီးသွားလာနိုင်ရမည်။

• ကိုရီးယားဘာသာစကား သို့ မဟုတ် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုရှိသူများအား ဦးစားပေးမည်။

• ပညာသင်ဆု လျှောက်ထားနိုင်သော တက္ကသိုလ်များ အနက် တစ်ခုကိုသာ ရွေးချယ်ရမည်။ တက္ကသိုလ် တစ်ခုထက် ပို၍ လျှောက်ထားသောသူများကို ရွေးချယ်မည်မဟုတ်ပါ။

ပညာသင်ဆုမှ ရရှိမည့် ခံစားခွင့်များ

• ပညာသင် သွားရောက်ရန် အသွားအပြန် လေယာဉ် လက်မှတ်

• တစ်လလျှင် ထောက်ပံ့ကြေး တစ်လ ဝမ် ၈ သိန်း

• ကိုရီးယားဘာသာစကား ၁ နှစ် နှင့် Associate Degree ၂ နှစ် အတွက် ကျောင်းလခ

• ကျန်းမာရေး အာမခံ

• TOPIK Level 5 သို့ TOPIK Level 6 ရရှိထားသော ကျောင်းသားများအတွက် ချီးမြှင့်ငွေ တစ်လ ဝမ် ၁ သိန်း

• ပညာသင်ယူမှုပြီးဆုံးပါက ချီးမြှင့်ငွေ ဝမ် ၁ သိန်း

• ကိုရီးယားရောက်ရောက်ချင်း အသုံးပြုရန် ဝမ် နှစ်သိန်း

ကိုရီးယား အစိုးရ ပညာသင်ဆု အစီအစဉ် နှင့် ပတ်သတ်၍ အသေးစိတ် သိရှိလိုပါက - CALL 09250111311, 09798827347

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: world korea myanmar 

International Read 3104 times