ထူးချွန်ထက်မြက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် တယ်လီနော်မြန်မာမှ MBA ပညာသင်စရိတ်ကို ၁၀၀ ရာခိုင်နှုန်းထောက်ပံ့ပေးမယ်လို သိရပါတယ်။
လျှောက်ထားမယ်သူတွေဟာ မြန်မာနိုင်ငံသား/နိုင်ငံသူတွေ၊ ရန်ကုန်မှာ MBA သင်တန်းတတ်နိုင်သူတွေ၊ တက္ကသိုလ်မှာအမှတ်ကောင်းကောင်းနဲ့ဘွဲ့ရထားသူတွေ၊ICT နည်းပညာကို အသုံးပြုပြီး ရည်ရှည်တည်တံ့ခိုင်မြဲတဲ့ဖြေရှင်းနည်းများဖြင့် စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများတိုးတတ်ရေးအတွက် စိတ်အားထက်သန်သူဖြစ်ရမှာဖြစ်ပါတယ်။
Myanmar Metropolitan College နဲ့ Telenor Myanmar တို့ပူးပေါင်းပြီး MBA ဘွဲ့အပြင် MBA in Strategic ICT Management ကိုပါပေးအပ်မှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တုန်းကလည်း ထူးချွန်သူ ၅ ဦးကို တယ်လီနော်မြန်မာ MBA ပညာသင်ဆုကို ရွေးချယ်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
လျှောက်လွှာတွေကို ဇွန်လ ၁၄ ရက်နောက်ဆုံးထားကာ http://bit.ly/TelenorMBA2019 လင့်ကနေ လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်ကို ဖုန်း ၀၉- ၂၆ ၃၃၃ ၄၂၂၃ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
source - Internet Journal