အနည်းဆုံး Grade-9 အဆင့်ရှိ ကျောင်းသား/သူများ လျှောက်ထားနိုင်တဲ့ စင်ကာပူအစိုးရ ပညာသင်ဆု

အနည်းဆုံး Grade-9 အဆင့်ရှိ ကျောင်းသား/သူများ လျှောက်ထားနိုင်တဲ့ စင်ကာပူအစိုးရ ပညာသင်ဆု

စင်ကာပူနိုင်ငံတွင် အခြေခံပညာအထက်တန်းအဆင့်နှစ်နှစ်၊ တက္ကသိုလ်ဝင်တန်း အကြိုနှစ်နှစ် စုစုပေါင်း လေးနှစ်ကြာ ပြုလုပ်မည့် ၂၀၁၉ ပညာသင်နှစ်အတွက် အာဆီယံပညာသင်ဆု ASEAN Scholarship for the Academic Year ၂၀၁၉ ကို မြန်မာနိုင်ငံမှ ကျောင်းသား/သူများ လျှောက်ထားနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ တစ်ဆင့် ကမ်းလှမ်းထားပါသည်။

ယင်းပညာသင်ဆုကို လျှောက်ထားလိုသော ကျောင်းသား/သူများအနေဖြင့် စင်ကာပူပညာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်မှတစ်ဆင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

လျှောက်လွှာများကို ယခုလ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်သည်။

အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရာတွင် အဆင်မပြေပါက အမှတ် ၂၃၈၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်ရှိ စင်ကာပူသံရုံးသို့ လျှောက်ထားနိုင်ပါသည်။

READ - ၉ တန်းအောင်မြင်သူများ လျှောက်ထားနိုင်တဲ့ အာဆီယံ ပညာသင်ဆု

လျှောက်ထားသူများအနေဖြင့် ၂၀၀၂ မှ ၂၀၀၄ ခုနှစ်အတွင်းမွေးဖွားသူများ ဖြစ်ရန်လိုအပ်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုရှိပြီး ကျောင်းစာမေးပွဲများကို ကောင်းစွာဖြေဆိုနိုင်သူများဖြစ်ရန် သတ်မှတ်ထားပါသည်။

ထိုပညာသင်ဆုကို လျှောက်ထားရန်အတွက် လူဦးရေကန့်သတ်ထားခြင်းမရှိဘဲ သတ်မှတ်ချက်ကိုက်ညီသော ကျောင်းသား/သူတိုင်း လျှောက်ထားနိုင်ပါသည်။

မြန်မာနိုင်ငံရှိ အစိုးရ၊ ပုဂ္ဂလိက၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အင်္ဂလိပ်စာနှင့် သင်္ချာထူးချွန်ပြီး အဌမတန်းအောင်မြင်ထားသူများ လျှောက်ထားနိုင်ကြောင်း အာဆီယံပညာသင်ဆု ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှ ကြေညာထားသည်။

အာဆီယံပညာသင်ဆုအား လျှောက်ထားသူများက သက်ဆိုင်ရာဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများက စီစဉ်ပေးသော စာစစ်ဌာနများတွင် အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်များအား ပဏာမ ရေးဖြေစာမေးပွဲ ဖြေဆိုသွားရမည် ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

International Read 10389 times