အနုပညာလောကသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရန် လျှောက်လွှာများ ခေါ်ယူ

အနုပညာလောကသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ရန် လျှောက်လွှာများ ခေါ်ယူ

ထိုအနုပညာလောကသားများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားလိုပါက ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်သည်။

“အစည်းအရုံးကနေပြီးတော့ လောကသားများရဲ့ သားသမီးများ ပညာသင်ကြားတဲ့နေရာမှာ အခက်အခဲမဖြစ်ရလေအောင် ပညာသင်ထောက်ပံ့ကြေး ပေးအပ်တာပါ။ လူဦးရေကန့်သတ်တာမျိုး မရှိဘူး။ အနုပညာရှင်ရဲ့သားသမီးဖြစ်တယ်ဆိုတဲ့ ထောက်ခံစာပြနိုင်တာနဲ့ အစည်းအရုံးက နေပြီးတော့ ပညာသင်ထောက်ပံ့ကြေး ပေးသွားမှာပါ” ဟု ပြောသည်။

အနုပညာလောကသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ရာတွင် ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်သည်။

အနုပညာလောကသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးရရှိရန်အတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့ လျှောက်လွှာတင်နိုင်ပြီး လျှောက်လွှာနှင့်ပူးတွဲ၍ ပညာသင်စရိတ်လျှောက်ထားသူ၏ အမည်၊ သား/သမီး အမည်၊ သန်းခေါင်စာရင်းမိတ္တူ၊ ကျောင်းထောက်ခံစာနှင့် မြန်မာနိုင်ငံ အစည်းအရုံးဝင်ကတ်ပြားနှင့်တကွ လျှောက်ထားရမည် ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးပေးရာတွင် ကျောင်းနေအရွယ်ကလေးများဖြစ်ခြင်းကြောင့် ကျောင်းစိမ်းအကျီ င်္အ၀တ်အစားများ၊ လွယ်အိတ်များ၊ ကျောင်းသုံးပစ္စည်းများ၊ အစရှိသည်တို့ကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောကသားများ၏ သားသမီးများအား နှစ်စဉ်ပညာသင်စရိတ် ထောက်ပံ့ခြင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ပညာရည်ထူးချွန်ဆု ချီးမြှင့်ခြင်းတို့ ပြုလုပ်ပေးလျက်ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy

Local Read 1360 times