အောင်ဆန်းသက်မွေးသင်တန်းကျောင်းဝင်ခွင့် ကျောင်းသား (၉၀၀) ခန့်လျှောက်ထား

ဂ်ပန္-ျမန္မာ ေအာင္ဆန္းျမန္မာသက္ေမြးသင္တန္းေက်ာင္းတြင္ နည္းပညာဆိုင္ရာဘာသာရပ္သစ္ (၂) ခုကို ယခုႏွစ္ ဒီဇင္ဘာလဆန္းတြင္ စတင္ဖြင့္လွစ္သင္ၾကားမည္ျဖစ္ရာ ယင္းသင္တန္းဝင္ခြင့္ေလွ်ာက္ထားသူ (၉၀၀) ခန္႔ရွိေၾကာင္းသိရသည္။ 

ေက်ာင္းဝင္ခြင့္မ်ားကို ႏိုဝင္ဘာလ (၂၆) ရက္တြင္ထုတ္ျပန္ေပးမည္ျဖစ္ၿပီး ႏိုဝင္ဘာလ (၂၇) ရက္မွစ၍ ေက်ာင္းအပ္လက္ခံမည္ျဖစ္သည္။ သင္တန္းတြင္ ေက်ာင္းသား (၂၀) ဦးသာ လက္ခံမည္ျဖစ္ၿပီး ေက်ာင္းသားမ်ား အရည္အေသြးေကာင္းမြန္ေစရန္ ရည္ရြယ္ေၾကာင္းသိရသည္။

"ဒီဇင္ဘာလ (၂) ရက္မတိုင္ခင္ေက်ာင္းလာအပ္ရင္ ေက်ာင္းသားေတြအတြက္အဆင္ေျပပါတယ။ သတ္မွတ္ထားတဲ့ဝတ္စံုေတြအတြက္ ကိုယ္တိုင္းေတြဘာေတြယူရမွာဆိုေတာ့။ (၂) ရက္ေန႔ဆို စာကစသင္ပါၿပီ" ဟု သင္တန္းေက်ာင္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

အဆိုပါသင္တန္းေက်ာင္းတြင္ ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းမႈနည္းပညာ (Automotive Technology (Maintenance))၊ စက္မႈလုပ္ငန္းဆိုင္ရာ လွ်ပ္စစ္အင္ဂ်င္နီယာ (Electrical Engineering (Industry)) သင္ၾကားမည္ျဖစ္ၿပီး ယင္းဘာသာရပ္ (၂) ခုသည္ အသစ္ျဖစ္ေၾကာင္း အဆိုပါေက်ာင္းထံမွသိရသည္။

ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းမႈနည္းပညာဘာသာရပ္ကို စက္မႈအင္ဂ်င္နီယာဘာသာရပ္မွ ခဲြထြက္ထားကာ အေသးစိတ္သင္ၾကားေပးမည္ျဖစ္ၿပီး စက္မႈလုပ္ငန္းဆိုင္ရာ လွ်ပ္စစ္အင္ဂ်င္နီယာဘာသာရပ္သည္ လွ်ပ္စစ္အင္ဂ်င္နီယာဘာသာရပ္မွခဲြထြက္ၿပီး အေသးစိတ္သင္ၾကားေပးမည့္ ဘာသာရပ္ျဖစ္ေၾကာင္း သင္တန္းေက်ာင္းမွသိရသည္။

"သင္ရိုးေတြကို မလုပ္ခင္မွာ ျမန္မာျပည္၏လိုအပ္ခ်က္ေတြ၊ စက္ရံုေတြရဲ႕ လိ္ုအပ္ခ်က္ေတြကို သြားေလ့လာၿပီးမွ သင္ရိုးေတြကို ေရးဆဲြတယ္။ ၿပီးမွ အမ်ိဳးသားပညာေရးမူဝါဒေကာ္မရွင္တင္ပါတယ္။ သူတို႔ဆီကေန အၾကံေပးမႈေတြနဲ႔ ဒီသင္ရိုးကို ေရးဆဲြထားတာျဖစ္ပါတယ္" ဟု ယင္းသင္တန္းေက်ာင္းမွ တာဝန္ရွိသူတစ္ဦးကေျပာသည္။

ဘာသာရပ္အသစ္ (၂) ခု၏ သင္ရိုးမ်ားသည္ သင္တန္းကာလ (၃) ႏွစ္ၿပီးလွ်င္ လုပ္ငန္းခြင္ဝင္ေရာက္ႏိုင္သည့္ သင္ရိုးမ်ားကိုေရးဆဲြထားျခင္းျဖစ္ၿပီး သင္တန္းေက်ာင္းတြင္ သင္ခန္းစာမ်ားအျပင္ ေက်ာင္းသားမ်ားအတြက္ လိုအပ္ေသာ လုပ္ငန္းခြင္အေတြ႔အၾကံဳမ်ားပါ သင္ၾကားေပးမည္ျဖစ္သည္။ 

သင္တန္းၿပီးဆံုးပါက ဒီပလိုမာေအာင္လတ္မွတ္ေပးမည္ျဖစ္ၿပီး သတ္မွတ္အရည္အခ်င္းျပည့္စံုပါက နည္းပညာတကၠသိုလ္မ်ား၏ သက္ဆိုင္ရာ တတိယႏွစ္သင္တန္းမ်ားသို႔ တက္ေရာက္ႏိုင္မည္ျဖစ္ေၾကာင္း သင္တန္းေက်ာင္းထံမွသိရသည္။

Source: The Voice
 

**Unicode**

 

ဂျပန်-မြန်မာ အောင်ဆန်းမြန်မာသက်မွေးသင်တန်းကျောင်းတွင် နည်းပညာဆိုင်ရာဘာသာရပ်သစ် (၂) ခုကို ယခုနှစ် ဒီဇင်ဘာလဆန်းတွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ယင်းသင်တန်းဝင်ခွင့်လျှောက်ထားသူ (၉၀၀) ခန့်ရှိကြောင်းသိရသည်။ 

ကျောင်းဝင်ခွင့်များကို နိုဝင်ဘာလ (၂၆) ရက်တွင်ထုတ်ပြန်ပေးမည်ဖြစ်ပြီး နိုဝင်ဘာလ (၂၇) ရက်မှစ၍ ကျောင်းအပ်လက်ခံမည်ဖြစ်သည်။ သင်တန်းတွင် ကျောင်းသား (၂၀) ဦးသာ လက်ခံမည်ဖြစ်ပြီး ကျောင်းသားများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်ကြောင်းသိရသည်။

"ဒီဇင်ဘာလ (၂) ရက်မတိုင်ခင်ကျောင်းလာအပ်ရင် ကျောင်းသားတွေအတွက်အဆင်ပြေပါတယ။ သတ်မှတ်ထားတဲ့ဝတ်စုံတွေအတွက် ကိုယ်တိုင်းတွေဘာတွေယူရမှာဆိုတော့။ (၂) ရက်နေ့ဆို စာကစသင်ပါပြီ" ဟု သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါသင်တန်းကျောင်းတွင် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာ (Automotive Technology (Maintenance))၊ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာ (Electrical Engineering (Industry)) သင်ကြားမည်ဖြစ်ပြီး ယင်းဘာသာရပ် (၂) ခုသည် အသစ်ဖြစ်ကြောင်း အဆိုပါကျောင်းထံမှသိရသည်။

မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာဘာသာရပ်ကို စက်မှုအင်ဂျင်နီယာဘာသာရပ်မှ ခွဲထွက်ထားကာ အသေးစိတ်သင်ကြားပေးမည်ဖြစ်ပြီး စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်သည် လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်မှခွဲထွက်ပြီး အသေးစိတ်သင်ကြားပေးမည့် ဘာသာရပ်ဖြစ်ကြောင်း သင်တန်းကျောင်းမှသိရသည်။

"သင်ရိုးတွေကို မလုပ်ခင်မှာ မြန်မာပြည်၏လိုအပ်ချက်တွေ၊ စက်ရုံတွေရဲ့ လိုအပ်ချက်တွေကို သွားလေ့လာပြီးမှ သင်ရိုးတွေကို ရေးဆွဲတယ်။ ပြီးမှ အမျိုးသားပညာရေးမူဝါဒကော်မရှင်တင်ပါတယ်။ သူတို့ဆီကနေ အကြံပေးမှုတွေနဲ့ ဒီသင်ရိုးကို ရေးဆွဲထားတာဖြစ်ပါတယ်" ဟု ယင်းသင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဘာသာရပ်အသစ် (၂) ခု၏ သင်ရိုးများသည် သင်တန်းကာလ (၃) နှစ်ပြီးလျှင် လုပ်ငန်းခွင်ဝင်ရောက်နိုင်သည့် သင်ရိုးများကိုရေးဆွဲထားခြင်းဖြစ်ပြီး သင်တန်းကျောင်းတွင် သင်ခန်းစာများအပြင် ကျောင်းသားများအတွက် လိုအပ်သော လုပ်ငန်းခွင်အတွေ့အကြုံများပါ သင်ကြားပေးမည်ဖြစ်သည်။ 

သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လတ်မှတ်ပေးမည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းပြည့်စုံပါက နည်းပညာတက္ကသိုလ်များ၏ သက်ဆိုင်ရာ တတိယနှစ်သင်တန်းများသို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သင်တန်းကျောင်းထံမှသိရသည်။

Source: The Voice
 

News Latest Post Read 2775 times