မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ မဟာဘွဲ့သင်တန်းများအတွက်လျှောက်လွှာခေါ်ယူခြင်း

** Unicode **

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) အမှတ်စဉ် (၁၇) သင်တန်းနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်းအမှတ်စဉ် (၁၇) အတွက်ဝင်ခွင့်များကိုခေါ်ယူနေပြီဖြစ်ပါတယ်။

သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများတက်ရောက်နိုင်ပြီး ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲများကို ဖြေဆိုရမည်ဖြစ်ပါတယ်။ 

လျှောက်လွှာများကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ စတင်ရယူနိုင်ပြီး သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲအတွက် လျှောက်လွှာတွေကို မေလ (၁၀) ရက်နောက်ဆုံးထားကာ မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ ပြန်လည်တင်သွင်းရမှာဖြစ်ပါယ်။

သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို မေ (၁၇) ရက်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ကျင်းပသွားမှာဖြစ်ပြီး သင်တန်းချိန်ကတော့အပတ်စဉ် စနေ၊ တနင်္ဂနွေ ဖြစ်ပါတယ်။

ဝင်ခွင့်ဖြေဆိုနေချိန်ကာလအတွင်း နေထိုင်ရေးစီစဉ်ပေးမှာဖြစ်ပြီး အသေးစိတ်ကို ဖုန်းနံပါတ် ၀၆၄-၃၉၂၈၅၊ ၀၉-၇၈၉၀၁၁၆၆၆၊ ၀၉-၄၄၄၀၃၃၈၅၅၊ ၀၉-၄၄၀၈၉၅၄၁၄ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Hair & Beauty (201) ဆံပင်နှင့် အလှအပသင်တန်းများနှင့် ပတ်သက်ပြီး (၂၀၁) ခုရှာရန်နှိပ်ပါ။

ယခုလက်ရှိကမ္ဘာ့ကပ်ဘေးရောဂါကြောင့် ကျောင်းနှင့်ပတ်သက်၍ ကိစ္စအဝဝ ကိုသိလိုပါက ဖုန်းဆက်မေးမြန်းခြင်း၊ ထုတ်ပြန်ချက်များစောင့်ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။

Credit: Internet

** Zawgyi **








Credit: Internet

Latest Post News Tips Read 2485 times