Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင်စာအုပ်များမည်သူမဆိုငှားရမ်းနိုင်ပြီ

** Unicode **

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ စာအုပ်များကို ယခင်က ရန်ကုန်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ကျောင်းသား/သူများနှင့် ဝန်ထမ်းများကိုသာ ငှားရမ်းဖတ်ရှုခွင့်ပေးထားသော်လည်း ယခုအခါ အခြားတက္ကသိုလ်များမှ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများအပြင် ပြင်ပမှ စာဖတ်ဝါသနာပါသူ မည်သူမဆို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် စာအုပ်၊ စာတမ်းအပေါများဆုံးနှင့် အားအထားရဆုံး စာကြည့်တိုက်များထဲမှတစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်စာအုပ်ပေါင်း တစ်သိန်းကျော်ရှိကြောင်း သိရပါတယ်။

ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အတွင်းမှစာအုပ်များကို Member ဝင်ကာ ငှားရမ်းဖတ်ရှုခွင့်ရရှိမည်ဖြစ်ပြီး ကျောင်းသားကတ်ဒ်၊ ဝန်ထမ်းကတ်ဒ်၊ မှတ်ပုံတင်၊ ရပ်ကွက် နေထိုင်ကြောင်းထောက်ခံစာ တစ်မျိုးမျိုးနှင့် Member ဝင်၍ရနိုင်မည် ဖြစ်ပါတယ်။

Bookshops (470) စာအုပ်အရောင်းဆိုင်များနှင့် ပတ်သက်ပြီး (၄၇၀) ခုရှာရန်နှိပ်ပါ။

စာအုပ်ငှားရမ်းပါက ရန်ကုန်တက္ကသိုလ်မှဖြစ်ပါက စာအုပ် (၅) အုပ်အထိ ငှားရမ်းနိုင်ကာ မြန်မာစာအုပ်ဖြစ်ပါက ငှားရမ်းပေးချိန် (၂) ပတ်၊ အင်္ဂလိပ်စာအုပ်ဆိုပါက (၁) လအထိ ငှားရမ်းနိုင်ပြီး ပြင်ပမှဖြစ်ပါက စာအုပ် (၂) အုပ် ငှားနိုင်ကာ မြန်မာစာအုပ် (၁) ပတ်၊ အင်္ဂလိပ်စာအုပ် (၂) ပတ် ငှားရမ်းခွင့်ရရှိမည် ဖြစ်ပါတယ်။

Credit: ဧရာဝတီ

 

** Zawgyi **

ရန္ကုန္တကၠသိုလ္စာၾကည့္တိုက္မွ စာအုပ္မ်ားကို ယခင္က ရန္ကုန္တကၠသိုလ္မွ ဆရာ/ဆရာမ၊ ေက်ာင္းသား/သူမ်ားႏွင့္ ၀န္ထမ္းမ်ားကိုသာ ငွားရမ္းဖတ္ရွုခြင့္ေပးထားေသာ္လည္း ယခုအခါ အျခားတကၠသိုလ္မ်ားမွ ေက်ာင္းသား/သူမ်ား၊ ဆရာ/ဆရာမမ်ားအျပင္ ျပင္ပမွ စာဖတ္ဝါသနာပါသူ မည္သူမဆို အခမဲ့ငွားရမ္းဖတ္ရွုနိုင္ၿပီျဖစ္ပါတယ္။

ျမန္မာနိုင္ငံတြင္ စာအုပ္၊ စာတမ္းအေပါမ်ားဆုံးႏွင့္ အားအထားရဆုံး စာၾကည့္တိုက္မ်ားထဲမွတစ္ခုျဖစ္ေသာ ရန္ကုန္တကၠသိုလ္စာၾကည့္တိုက္တြင္ ျမန္မာ-အဂၤလိပ္ ႏွစ္ဘာသာျဖင့္စာအုပ္ေပါင္း တစ္သိန္းေက်ာ္ရွိေၾကာင္း သိရပါတယ္။

ရန္ကုန္တကၠသိုလ္စာၾကည့္တိုက္အတြင္းမွစာအုပ္မ်ားကို Member ၀င္ကာ ငွားရမ္းဖတ္ရွုခြင့္ရရွိမည္ျဖစ္ၿပီး ေက်ာင္းသားကတ္ဒ္၊ ၀န္ထမ္းကတ္ဒ္၊ မွတ္ပုံတင္၊ ရပ္ကြက္ ေနထိုင္ေၾကာင္းေထာက္ခံစာ တစ္မ်ိဳးမ်ိဳးႏွင့္ Member ၀င္၍ရနိုင္မည္ ျဖစ္ပါတယ္။

Bookshops (470) စာအုပ္အေရာင္းဆုိင္မ်ားႏွင့္ ပတ္သက္ျပီး (၄၇၀) ခုရွာရန္ႏွိပ္ပါ။

စာအုပ္ငွားရမ္းပါက ရန္ကုန္တကၠသိုလ္မွျဖစ္ပါက စာအုပ္ (၅) အုပ္အထိ ငွားရမ္းနိုင္ကာ ျမန္မာစာအုပ္ျဖစ္ပါက ငွားရမ္းေပးခ်ိန္ (၂) ပတ္၊ အဂၤလိပ္စာအုပ္ဆိုပါက (၁) လအထိ ငွားရမ္းနိုင္ၿပီး ျပင္ပမွျဖစ္ပါက စာအုပ္ (၂) အုပ္ ငွားနိုင္ကာ ျမန္မာစာအုပ္ (၁) ပတ္၊ အဂၤလိပ္စာအုပ္ (၂) ပတ္ ငွားရမ္းခြင့္ရရွိမည္ ျဖစ္ပါတယ္။

Credit: ဧရာဝတီ

Photo: Phyoe Hthazin Shwe

Latest Post Tips Read 858 times