မည်သည့်ကျောင်းသား/သူမဆို လျှောက်ထားနိုင်တဲ့ တက္ကသိုလ်ပညာသင်ဆု

မည်သည့်ကျောင်းသား/သူမဆို လျှောက်ထားနိုင်တဲ့ တက္ကသိုလ်ပညာသင်ဆု

ငွေကြေးမပြည့်စုံမှုကြောင့် တက္ကသိုလ်ပညာဆက်လက် ဆည်းပူးရန် အခက်အခဲရှိသူများအား အထောက်အကူဖြစ်စေရန် နိုင်ငံတော် က ပညာသင်ထောက်ပံ့ကြေးဆုများကို ချီးမြှင့်လျက်ရှိသည်။

ထိုသို့ချီးမြှင့်ရာတွင် ထောက်ပံ့ကြေးဆု အရေအတွက်ကို ကန့်သတ်ထားပြီး ပညာသင်ထောက်ပံ့ကြေးဆု အရထိုက်ဆုံး ကျောင်းသားများကို စိစစ်ရွေးချယ်ချီးမြှင့်ပါသည်။

ပညာသင်ထောက်ပံ့ကြေးဆုပေးရန် အောက်ပါမူများအပေါ် အခြေခံ၍ စိစစ်ရွေးချယ်သည် -

(က) လစာနည်း နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများနှင့် ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားရန် အခက်အခဲရှိခြင်း၊

(ခ) ဆင်းရဲနွမ်းပါးသည့် အခြေအနေချင်းတူလျှင် ပညာတော်သူဖြစ်ခြင်း၊

(ဂ) မိဘနှစ်ပါးနှင့် မိမိကိုယ်တိုင် အပါအ၀င် သုံးဦးစလုံး နိုင်ငံသားဖြစ်ခြင်း၊

(ဃ) ပညာသင်ထောက်ပံ့ကြေးဆုကို မိသားစု တစ်အိမ်ထောင်တွင် တစ်ဦးသာ ခံစားခွင့်ရှိခြင်း။

READ - ဆယ်တန်းအမှတ် ၄၃၀ နှင့်အထက် ရရှိသူများ ကို ပညာသင်ဆုပေးမည်

ပညာသင်ထောက်ပံ့ကြေးဆု ရရှိသူများအတွက် စည်းကမ်းသတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ပညာသင်ထောက်ပံ့ကြေးဆုကို စာမေးပွဲကျရှုံးခြင်းမရှိလျှင် ဘွဲ့ရသည်အထိ ဆက်လက်ချီးမြှင့်သွားမည်။

(ခ) စာမေးပွဲကျရှုံးလျှင် ပညာသင်ထောက်ပံ့ကြေးဆု ရပ်ဆိုင်းခြင်းခံရမည်။

(ဂ) စာမေးပွဲ ပြန်လည်အောင်မြင်ပါက ပညာသင်ထောက်ပံ့ကြေးဆုကို ပြန်လည်လျှောက်ထားနိုင်ခွင့် ရှိသည်။

(ဃ) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပြောင်းရွှေ့သင်ကြားလျှင် အခြေအနေသစ်အရ ပြန်လည်စဉ်းစားမည်။

(င) ပညာသင်ထောက်ပံ့ကြေးဆု ရရှိသူများသည် ကျောင်းတွင်း ဆူပူမှုများ၊ နိုင်ငံတော်အတွက် နစ်နာစေသည့် အခြားအပြုအမှုများနှင့် အကျင့်စာရိတ္တပျက်ပြားမှုများ ပြုလုပ်ကျူးလွန်မိလျှင် ထောက်ပံ့ကြေးဆုကို ရပ်ဆိုင်းမည်။

(စ) အကယ်၍ ပညာသင်ထောက်ပံ့ကြေးဆုကို ရရှိပြီး ၄င်းထောက်ပံ့ကြေးဆုကို ဆက်လက်၍ ပေးရန်မလိုသည့် အချက်အလက်များ တွေ့ရှိပါက ရပ်ဆိုင်းမည်။

(ဆ) ပညာသင်ထောက်ပံ့ကြေးဆု ရရှိသူသည် သင်တန်းပြီးဆုံးသောအချိန်တွင် နိုင်ငံတော်က အလိုရှိလျှင် အမှုထမ်းပါမည်ဟု ကတိခံဝန်ချက် လက်မှတ်ရေးထိုးရမည်။

(ဇ) ပညာသင်ထောက်ပံ့ကြေးဆု ယူသူများအတွက် ပြဌာန်းထားသော ခံဝန်ချက်ကို ကတိပြုလက်မှတ်ရေးထိုးရမည်။
 ပညာသင်ထောက်ပံ့ကြေးဆု လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်တွင် ပါရှိသည့် ပညာသင်ထောက်ပံ့ကြေးဆု လျှောက်လွှာကို မိမိနေထိုင်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ပေးပို့ရမည်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လိုအပ်သလို စိစစ်ရွေးချယ်ပြီး အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ တိုက်ရိုက်ပေးပို့မည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Local Read 3082 times