အဝေးသင် သင်တန်းများ ကျောင်းအပ်နှံရေးတွင် ပညာရေးဝန်ကြီးဌာန၏အသိပေးထုတ်ပြန်ချက်

**Unicode**

အဝေးသင် သင်တန်းကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် မိဘပြည်သူများသို့ ပညာရေးဝန်ကြီးဌာနက အသိပေးကြေညာချက်တစ်ရပ်ထုတ်ပြန်ထားပါတယ်။

၎င်းထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး အဝေးသင် သင်တန်းပထမနှစ် ဝင်ခွင့်ရကျောင်းသား/သူများသည် မိမိတို့ မူလဝင်ခွင့်ရရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကိုယ်တိုင်ဒီဇင်ဘာ (၂၃) ရက်မှစတင်၍ ကျောင်းအပ်နှံရန်နှင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ (၃၁) နောက်ဆုံးထားပြီး ကျောင်းအပ်နှံကြရန်၊ ၎င်းအပြင် ၂၀၁၉ ခုနှစ်အတိုင်မီ တက္ကသိုလ်ဝင်စာမေးပွဲအောင်ပြီး ပထမနှစ်ကျရှုံးကျောင်းသား/သူများလည်း ၂၀၂၀ ပြည့်နှစ် မတ် (၃၁) နောက်ဆုံးထားပြီး မပျက်မကွက်ကျောင်းအပ်နှံကြရန်ကို ပြောကြားထားပါတယ်။

ကျောင်းအပ်နှံခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းရပ်နားခြင်း၊ ကျောင်းမှနှုတ်ထွက်ခြင်း အစရှိသည့် သင်တန်းရေးရာနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ကျောင်းသား/သူ ကိုယ်တိုင်သက်ဆိုင်ရာကျောင်းများသို့ လာရောက်ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ၎င်းကိစ္စများအား ဆောင်ရွက်ရာတွင်လည်း ပေးသွင်းရမည့် သတ်မှတ်ငွေကြေးမှအပ အခြားငွေကြေးများ တစ်စုံတစ်ရာပေးရန်မလိုအပ်ကြောင်းလည်း သိရပါတယ်။

ကျောင်းသား/သူများအနေဖြင့် အဝေးသင် သင်တန်းများ၏ သတ်မှတ်ချက်ဖြစ်သော Assignment များကို သက်ဆိုင်ရာကျောင်းများတွင် မပျက်မကွက်အချိန်မီတင်သွင်းပေးကြရန်နှင့် သိပ္ပံလက်တွေ့ခန်း၊ နည်းပြတန်းနှင့် ဝိဇ္ဇာအနီးကပ်သင်တန်းများကို အချိန်ပြည့် တက်ရောက်ကြရန်ဖြစ်ကြောင်း၊ တက္ကသိုလ်များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကြံပြုစာများပေးပို့လိုပါက ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် (၁၃) (Email: [email protected]) (သို့) (Email: [email protected]) သို့ ဆက်သွယ်ပေးပို့ရန်ဖြစ်ကြောင်းကို ဖော်ပြထားခဲ့ပါတယ်။

Read More:>>>> ရက်ပေါင်း အနည်းငယ်သာလိုတော့တဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအတွက်

(Ministry of Education)
(www.edge.com.mm)

 

**Zawgyi**

အေဝးသင္ သင္တန္းေက်ာင္းသား/သူမ်ား၊ ဆရာ/ဆရာမမ်ား၊ ဝန္ထမ္းမ်ားႏွင့္ မိဘျပည္သူမ်ားသို႔ ပညာေရးဝန္ႀကီးဌာနက အသိေပးေၾကညာခ်က္တစ္ရပ္ထုတ္ျပန္ထားပါတယ္။

၎ထုတ္ျပန္ခ်က္တြင္ ၂၀၁၉ ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ၿပီး အေဝးသင္ သင္တန္းပထမႏွစ္ ဝင္ခြင့္ရေက်ာင္းသား/သူမ်ားသည္ မိမိတို႔ မူလဝင္ခြင့္ရရွိသည့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားတြင္ ကိုယ္တိုင္ဒီဇင္ဘာ (၂၃) ရက္မွစတင္၍ ေက်ာင္းအပ္ႏွံရန္ႏွင့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ (၃၁) ေနာက္ဆုံးထားၿပီး ေက်ာင္းအပ္ႏွံၾကရန္၊ ၎အျပင္ ၂၀၁၉ ခုႏွစ္အတိုင္မီ တကၠသိုလ္ဝင္စာေမးပြဲေအာင္ၿပီး ပထမႏွစ္က်ရႈံးေက်ာင္းသား/သူမ်ားလည္း ၂၀၂၀ ျပည့္ႏွစ္ မတ္ (၃၁) ေနာက္ဆုံးထားၿပီး မပ်က္မကြက္ေက်ာင္းအပ္ႏွံၾကရန္ကို ေျပာၾကားထားပါတယ္။

ေက်ာင္းအပ္ႏွံျခင္း၊ ေက်ာင္းေျပာင္းေ႐ႊ႕ျခင္း၊ ေက်ာင္းရပ္နားျခင္း၊ ေက်ာင္းမွႏႈတ္ထြက္ျခင္း အစရွိသည့္ သင္တန္းေရးရာႏွင့္ စပ္လ်ဥ္းသည့္ ကိစၥရပ္မ်ားအား ေက်ာင္းသား/သူ ကိုယ္တိုင္သက္ဆိုင္ရာေက်ာင္းမ်ားသို႔ လာေရာက္ဆက္သြယ္ေဆာင္႐ြက္ၾကရန္ႏွင့္ ၎ကိစၥမ်ားအား ေဆာင္႐ြက္ရာတြင္လည္း ေပးသြင္းရမည့္ သတ္မွတ္ေငြေၾကးမွအပ အျခားေငြေၾကးမ်ား တစ္စုံတစ္ရာေပးရန္မလိုအပ္ေၾကာင္းလည္း သိရပါတယ္။

ေက်ာင္းသား/သူမ်ားအေနျဖင့္ အေဝးသင္ သင္တန္းမ်ား၏ သတ္မွတ္ခ်က္ျဖစ္ေသာ Assignment မ်ားကို သက္ဆိုင္ရာေက်ာင္းမ်ားတြင္ မပ်က္မကြက္အခ်ိန္မီတင္သြင္းေပးၾကရန္ႏွင့္ သိပၸံလက္ေတြ႕ခန္း၊ နည္းျပတန္းႏွင့္ ဝိဇၨာအနီးကပ္သင္တန္းမ်ားကို အခ်ိန္ျပည့္ တက္ေရာက္ၾကရန္ျဖစ္ေၾကာင္း၊ တကၠသိုလ္မ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ပညာရပ္ဆိုင္ရာ၊ စီမံခန႔္ခြဲမႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ အႀကံျပဳစာမ်ားေပးပို႔လိုပါက ဒုတိယအၿမဲတမ္းအတြင္းဝန္၊ ပညာေရးဝန္ႀကီးဌာန၊ ဝန္ႀကီး႐ုံး၊ ႐ုံးအမွတ္ (၁၃) (Email: [email protected]) (သို႔) (Email: [email protected]) သို႔ ဆက္သြယ္ေပးပို႔ရန္ျဖစ္ေၾကာင္းကို ေဖာ္ျပထားခဲ့ပါတယ္။

Read More:>>>>  ရက္ေပါင္း အနည္းငယ္သာလိုေတာ့တဲ့ တကၠသိုလ္ဝင္တန္းေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္

(Ministry of Education)
(www.edge.com.mm)


 

News Tips Latest Post Read 8060 times