Alibaba သင်္ချာပြိုင်ပွဲမှာ AI ကို အနိုင်ယူခဲ့သည့် တရုတ်ဆယ်ကျော်သက်ကျောင်းသူ

 

တရုတ်နိုင်ငံရှိ ဆယ်ကျော်သက်​ကျောင်းသူတစ်ဦးသည် Alibaba သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် AI ကို အနိုင်ယူခဲ့သည့်​အပြင် MIT, Stanford နှင့် Princeton တို့အပါအဝင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှ ပြိုင်ပွဲဝင်များကိုလည်း အနိုင်ရခဲ့ပါသည်။



ထိုအသက် ၁၇ နှစ်အရွယ် Jiang Ping သည် လူသိနည်းသည့် တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်မှ အသက်မွေးဝမ်းကျောင်းတစ်ကျောင်းတွင် ဖက်ရှင်ဒီဇိုင်နာပညာရပ်ကို သင်ကြားနေသူဖြစ်ပါသည်။ 

 

သူမ၏ ပညာရေးနောက်ခံမှာ ကျော်ကြားမှုမရှိသော်လည်း အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့သည့်အတွက် လူထုထောက်ခံမှုများစွာ ရရှိခဲ့ပါသည်။ သူမ၏ AI အပေါ် အနိုင်ရမှုသည် ပြီးခဲ့သည့် စနေနေ့အထိ ကြည့်ရှုဝေဖန်သူ ၁၇ သန်းရှိခဲ့ပါသည်။ သူမကို တရုတ်တက္ကသိုလ်များစွာမှ လူမှုကွန်ရက်ပေါ်တွင် ချီးကျူးဂုဏ်ပြုမှုစာများ ရေးသားခဲ့ပါသည်။



Jiang သည် လူသိများပြီး ပြိုင်ဆိုင်မှုပြင်းထန်သော သင်္ချာပြိုင်ပွဲတစ်ခုဖြစ်သည့် Alibaba Global Math Competition တွင် ဝင်ပြိုင်ခဲ့ပြီး နိုင်ငံတကာမှ ဆန်ကာတင်ပြိုင်ပွဲဝင် ၈၀၁ ဦးအနက် သူမသည် အဆင့် ၁၂ ဖြင့် Final Round ကို တက်လှမ်းနိုင်ခဲ့သူဖြစ်ပါသည်။
 

ဆန်ကာတင်စာရင်းတွင် AI များ ပါဝင်ခဲ့သော်လည်း အရည်အချင်းမပြည့်မီခြင်းကြောင့် Final Round အထိ မတက်လှမ်းနိုင်ခဲ့ကြောင်း ပွဲစီစဉ်သူများမှ တရုတ်ဆိုရှယ်မီဒီယာပလပ်ဖောင်း Weixin တွင် ပို့စ်တင် ပြောကြားခဲ့ပါသည်။



Final Round ကို စနေနေ့တွင် အဖြေမှန်ရွေးချယ်ခြင်းနှင့် မေးခွန်းရှည်များမေးပြီး အွန်လိုင်းတွင် ရှစ်နာရီကြာ စစ်ဆေးခဲ့ပါသည်။ ပြိုင်ပွဲတစ်ခုလုံး၏ စုစုပေါင်း ကြာချိန်မှာ ၄၈ နာရီဖြစ်ပြီး အသုံးချသင်္ချာ၊ ဖြစ်နိုင်ချေနှင့် အက္ခရာသင်္ချာဆိုင်ရာ မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရပါသည်။



နောက်ဆုံးရလဒ်များကို ဩဂုတ်လတွင် ကြေညာမည်ဖြစ်ပြီး နောက်ဆုံးအဆင့်တွင် ရွှေတံဆိပ်ဆုရသူ (၅) ဦးကို ကန်ဒေါ်လာ ၃၀,၀၀၀ စီ ချီးမြှင့်မည်ဖြစ်သည်။ ငွေဆုရှင် ၁၀ ဦးစီကို ဆုကြေးငွေ ဒေါ်လာ ၁၅,၀၀၀ စီ၊ ကြေးတံဆိပ်ဆုရှင် ၂၀ ဦးကို ဒေါ်လာ ၈,၀၀၀ စီ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။



သင်္ချာသည် သူမ၏ ဝါသနာဖြစ်ပြီး အနိုင်ရရန် မမျှော်လင့်ထားခဲ့ကြောင်းနှင့် ယခုအခါ တက္ကသိုလ်ကောင်းကောင်းတစ်ခုမှာ ကျောင်းတက်ရန် စီစဉ်နေကြောင်းကိုလည်း ပွဲစီစဉ်သူများနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

 

Souce - NBC News

 

International News Latest Post Read 365 times