AGTI ပထမနှစ်ဝင်ခွင့်ရစာရင်းများ ထုတ်ပြန်ကြေညာထားပြီး ဒီဇင်ဘာ (၁၂) ရက်နောက်ဆုံးထား ကျောင်းအပ်ရမည်

**Zawgyi**

AGTI ပထမႏွစ္ဝင္ခြင့္ရစာရင္းမ်ား ထုတ္ျပန္ေၾကညာထားၿပီး ဒီဇင္ဘာ (၁၂) ရက္ေနာက္ဆံုးထားေက်ာင္းအပ္ရမည္ျဖစ္ေၾကာင္းပညာေရးဝန္ၾကီးဌာနမွသိရသည္။ ဒီဇင္ဘာ (၂) ရက္တြင္ေက်ာင္းမ်ားစတင္ဖြင့္လွစ္မည္ျဖစ္ေၾကာင္းသိရသည္။

AGTI ေက်ာင္းမ်ား၏ သင္တန္းကာလမွာ (၃) ႏွစ္ျဖစ္ၿပီး သင္တန္းၿပီးဆံုးပါက ဒီပလိုမာေအာင္လတ္မွတ္ရရွိမည္ျဖစ္သည္။ AGTI သင္တန္းမ်ားတြင္ သတ္မွတ္အရည္အခ်င္းျပည့္မွီပါက နည္းပညာတကၠသိုလ္မ်ားတြင္ တတိယႏွစ္သင္တန္းသို႔ ေပါင္းကူးတက္ေရာက္ႏိုင္သည္။ 

AGTI ေက်ာင္းမ်ားတြင္ အဓိကအားျဖင့္ ၿမိဳ႕ျပအင္ဂ်င္နီယာ၊ အီလက္ထရြန္နစ္အင္ဂ်င္နီယာ၊ လွ်ပ္စစ္စြမ္းအားအင္ဂ်င္နီယာ၊ စက္မႈအင္ဂ်င္နီယာ၊ သုတနည္းပညာ၊ စက္မႈလုပ္ငန္းအင္ဂ်င္နီယာ၊ စက္မႈလယ္ယာနည္းပညာႏွင့္ ေမာ္ေတာ္ယာဥ္ျပဳျပင္ထိန္းသိမ္းမႈနည္းပညာတို႔သင္ၾကားလ်က္ရွိသည္။ 

ဘာသာရပ္တစ္ခုလွ်င္ ေက်ာင္းသား၊ ေက်ာင္းသူ (၄၀) ဦးသာ သင္ၾကားပို႔ခ်ေၾကာင္းသိရသည္။ ယခုႏွစ္တြင္ ေနျပည္ေတာ္ႏွင့္ လြိဳင္ေကာ္ၿမိဳ႕တြင္ေက်ာင္း (၂) ေက်ာင္းတိုးခ်ဲ႕ဖြင့္လွစ္လ်က္ရွိသည္။ 

AGTI ညေနပိုင္းသင္တန္းမ်ားကို ယမန္ႏွစ္က အင္းစိန္တြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး ယခုႏွစ္တြင္ မႏၱေလးတြင္ စတင္ဖြင့္လွစ္သင္ၾကားမည္ျဖစ္သည္။ တစ္ႏိုင္ငံလံုး အစိုးရနည္းပညာအထက္တန္းေက်ာင္း (၃၅) ေက်ာင္း၊ အစိုးရနည္းပညာေကာလိပ္ (၃) ေက်ာင္းႏွင့္ အစိုးရစက္မႈလက္မႈသိပၸံေက်ာင္း (၂၇) ေက်ာင္းရွိသည္။

Source: Daily Eleven

Read More >> AGTI ေက်ာင္းဝင္ခြင့္ရေသာ ေက်ာင္းသား/သူမ်ား ေက်ာင္းအပ္လွ်င္ လိုအပ္ခ်က္မ်ား

 

**Unicode**

AGTI ပထမနှစ်ဝင်ခွင့်ရစာရင်းများ ထုတ်ပြန်ကြေညာထားပြီး ဒီဇင်ဘာ (၁၂) ရက်နောက်ဆုံးထားကျောင်းအပ်ရမည်ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနမှသိရသည်။ ဒီဇင်ဘာ (၂) ရက်တွင်ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

AGTI ကျောင်းများ၏ သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လတ်မှတ်ရရှိမည်ဖြစ်သည်။ AGTI သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မှီပါက နည်းပညာတက္ကသိုလ်များတွင် တတိယနှစ်သင်တန်းသို့ ပေါင်းကူးတက်ရောက်နိုင်သည်။ 

AGTI ကျောင်းများတွင် အဓိကအားဖြင့် မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာ၊ စက်မှုလယ်ယာနည်းပညာနှင့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုနည်းပညာတို့သင်ကြားလျက်ရှိသည်။ 

ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးသာ သင်ကြားပို့ချကြောင်းသိရသည်။ ယခုနှစ်တွင် နေပြည်တော်နှင့် လွိုင်ကော်မြို့တွင်ကျောင်း (၂) ကျောင်းတိုးချဲ့ဖွင့်လှစ်လျက်ရှိသည်။ 

AGTI ညနေပိုင်းသင်တန်းများကို ယမန်နှစ်က အင်းစိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် မန္တလေးတွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ တစ်နိုင်ငံလုံး အစိုးရနည်းပညာအထက်တန်းကျောင်း (၃၅) ကျောင်း၊ အစိုးရနည်းပညာကောလိပ် (၃) ကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (၂၇) ကျောင်းရှိသည်။

Source: Daily Eleven

Read More >> AGTI ကျောင်းဝင်ခွင့်ရသော ကျောင်းသား/သူများ ကျောင်းအပ်လျှင် လိုအပ်ချက်များ

Latest Post News Read 1139 times