ရေဆင်းစိုက်ပျိုးရေးထူးချွန်သူများကို ပထမဆုံးအကြိမ် ပညာတော်သင်ဆုပေးအပ်မည်

ရေဆင်းစိုက်ပျိုးရေးထူးချွန်သူများကို ပထမဆုံးအကြိမ် ပညာတော်သင်ဆုပေးအပ်မည်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် Yuntianhua ဓာတ်မြေသြဇာကုမ္ပဏီနဲ့ မြန်မာနိုင်ငံရှိ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တို့ ပူးပေါင်းပြီး ပညာသင်ဆု အဖြစ် ချီးမြှင့်ခြင်း ဖြစ်ပြီး တခြားသုတေသနလုပ်ငန်းများမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု လက်မှတ်ရေးထိုးတားတာဖြစ်သည်။

ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ကျောင်းသား/သူများထဲမှ ထူးချွန်သူများကို ရွေးချယ်ပေးအပ်မှာ ဖြစ်တယ်။

Yuntianhua ပညာတော်သင်ရန်ပုံငွေနဲ့ ပညာတော်သင်ဆုများကို သတ်မှတ်ထားပြီး ငါးနှစ်အတွင်း ယူနန်စိုက်ပျိုးရေး တက္ကသိုလ်က ကျောင်းသား/သူများ အပါအ၀င် ဆရာ/ဆရမ ဦးရေ ၅၀ ကနေ ၂၀၀ ခန့်အထိ အပြန်အလှန်စေလွှတ်ကာ သုတေသနသင်တန်းများ တက်ရောက်ဖို့ စီစဉ်ပေးမှာ ဖြစ်သည်။

ပညာသင်ဆုရွေးချယ်ပေးအပ်တဲ့အခါ ပထမနှစ်ကနေ နောက်ဆုံးနှစ်အတွင်း တက်ရောက်နေတဲ့ ကျောင်းသားများထဲက ထူးချွန်သော ကျောင်းသားဦးရေ ၂၀ ကို ပေးအပ်မှာ ဖြစ်တယ်။

တစ်ဦးကို အမေရိကန်ဒေါ်လာ ၈၅၀ နဲ့ မာစတာ ဘွဲ့တက်ရောက်နေသူများအတွက် တစ်ဦးကို အမေရန်ကန်ဒေါ်လာ ၁၂၀၀ နဲ့ ဒေါက်တာဘွဲ့အတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁၆၀၀ ပေးအပ်မှာ ဖြစ်သည်။

လက်ရှိမှာ ပိုးမွှားရောဂါကာကွယ်မှုများကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး တောင်သူများအတွက် သိပ္ပံနည်းကျ စိုက်ပျိုးရေးစနစ်များကို အသုံးပြု နိုင်အောင် ဆောင်ရွက်မှာ ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: kumudranews

Local Read 4386 times