Sales Hotline : 09448001653       Download App



အထက်တန်းကျောင်းများ အားလုံး ဖွင့်ပြီးမှ အလယ်တန်း ဖွင့်ရန် စီစဉ်မည်

COVID-19  ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ရာ ယခုအခါတွင် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၄,၁၅၆ ပြန်လှည် ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။

အခြေခံပညာ အထက်တန်းအဆင့် ကျောင်းပေါင်း ၇,၁၇၃ ကျောင်း ရှိသည့်အနက် ဇူလိုင် ၂၁ ရက်တွင် အဆင်သင့်ဖြစ်သော (A အဆင့်) ကျောင်း ၃,၇၇၂ ကျောင်းကို ဦးစွာ ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါတွင် ထပ်မံဖွင့်လှစ်ခဲ့သည့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများမှာ စုစုပေါင်း ၄,၁၅၆ ကျောင်း ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းအဆင့် ကျောင်းများအားလုံး ဖွင့်လှစ်ပြီးမှသာ အလယ်တန်း အဆင့် နှင့် မူလတန်း အဆင့် ကျောင်းများအား ထပ်မံ ဖွင့်လှစ်သွားမည် ဖြစ်သည်။ အနည်းဆုံး ၃ ပတ်ခြားပြီးမှ စစ်ဆေးမှု အဆင်ပြေသည့် ကျောင်းများတွင် ဖွင့်လှစ်သွားမည် ဖြစ်သည်။ 

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေး နှင့် ကျန်းမာရေး နှင့် ညီညွတ်ပြီး လုံခြုံဘေးကင်းသည့် အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အထွေထွေ အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဒေသအာဏာပိုင်များ ၊ အခြေခံပညာ ဦးစီးဌာန ၊ မိဘ ၊ ဆရာ အသင်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့များ ဖွဲ့စည်း၍ ဆန်းစစ်အကဲဖြတ်မှုများ ဆောင်ရွက်လျက် ရှိသည်။

Latest Post News News Read 3928 times