တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ရာနှုန်းပြည့် Full Scholarship နှင့် 30 Asian Bursary ပညာသင်ဆုများ အခမဲ့လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ ရာနှုန်းပြည့် Full Scholarship နှင့် 30 Asian Bursary ပညာသင်ဆုများ အခမဲ့လျှောက်ထားနိုင်

ထိုပညာသင်ဆုများမှာ ထိုင်းနိုင်ငံနှင့် အမေရိကန် Webster University ရှိ ဘွဲ့ဒီဂရီတန်းနှင့် ဘွဲ့လွန်တန်းများအတွက် ပေးအပ်ခြင်း ဖြစ်ပြီး အရှေ့တောင်အာရှ၏ တစ်ခုတည်းသော အမေရိကန် တိုက်ရိုက်ကျောင်းခွဲတစ်ခုလည်း ဖြစ်သည်။

ထိုကျောင်းမှာ ထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့နှင့် Chan.Am, Hua Him မြို့တို့၌ Campus နှစ်ခုဖြင့် ရပ်တည်လျက်ရှိပြီး Main Campus အပါအ၀င် ကျောင်းခွဲ Campus ပေါင်း ရှစ်ခု ဖြစ်သော USA၊ UK၊ Switzerland၊ Australia၊ The Netherlands၊ China၊ Greece နှင့် Ghana နိုင်ငံကြီးများသို့ သွားရောက်ပညာသင်ကြားလိုပါက အသွားအပြန် လေယာဉ်လက်မှတ်အခမဲ့ ပေးသည့်အပြင် Thialand Campus တွင် သင်ကြားနေသော ကျောင်းလခဖြင့် ပညာသင်နှစ်ဝက် သို့မဟုတ် ပညာသင်နှစ်တစ်နှစ်တာ ကာလ သွားရောက်သင်ကြားနိုင်သည်။

READ - ၂၀၁၆-၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့သည့် မည်သည့်ကျောင်းသား၊ ကျောင်းသူမဆို ပညာသင်ထောက်ပံ့ကြေး လျှောက်ထားနိုင်

ထိုပညာသင်ဆုများကို မိမိတို့ရရှိထားသော ရမှတ်အလိုက် ပညာသင်ဆုများ ရယူနိုင်ခြင်း၊ Double Major များကို အချိန်တို အတွင်း ကုန်ကျစရိတ် သက်သာစွာ သင်ယူနိုင်ခြင်း၊ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံစွမ်းရည်များ ရရှိနိုင်ခြင်း၊ စစ်မှန်သော အမေရိကန်ပညာရေးစနစ်ကို Webster University တစ်ခုတည်း၌ သင်ယူနိုင်ခြင်းနှင့် အနောက်နိုင်ငံရှိ ကျောင်းခွဲများ သို့လည်း လေယာဉ်လက်မှတ် အခမဲ့ရယူ၍ သွားရောက်သင်ယူနိုင်ကြောင်း သိရသည်။

ယင်းပညာသင်ဆုနှင့်အတူ Part-time၊ Full-time Internship Program (လုပ်ငန်းခွင့်အတွေ့ကြုံ) များ ပူးတွဲသင်ယူနိုင်မည့် အခွင့်အလမ်းတို့ကို Webster University မှ တိုက်ရိုက်ချီးမြှင့်ထားသော The Best Agency in ASEAN 2016 Award ဆုရ Myanmar Search International (MSI) နိုင်ငံခြား ပညာရေးဝန်ဆောင်မှုတွင် အခမဲ့ လျှောက်ထားနိုင်သည်။

ရာနှုန်းပြည့်ပညာသင်ဆုတွင် ရာနှုန်းပြည့်ပညာသင်ဆု၊ ၅၀ ရာခိုင်နှုန်းနှင့် ၄၀ ရာခိုင်နှုန်း ပညာသင်ဆုများလည်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

International Read 2074 times