လက်မှတ်ရပြည်သူ့စာရင်းကိုင် ဒီပလိုမာသင်တန်းအတွက် လျှောက်လွှာခေါ်ယူနေ

 

မြန်မာနိုင်ငံစာရင်းကောင်စီက ဦးစီးပြီး လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း (Certified Public Accountant - CPA) ကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်) တွင် Face to Face ဖြင့်လည်းကောင်း၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း (ရန်ကုန်) တွင် Online ဖြင့်လည်းကောင်း မေလတွင် စတင်ဖွင့်လှစ်ပါမည်။

 

စုစုပေါင်း သင်တန်းတက်ရောက်ချိန် ၆၀ % ပြည့်မီရမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ပထမပိုင်း (တစ်နှစ်) နှင့် ဒုတိယပိုင်း (တစ်နှစ်) ဖြစ်ပါသည်။ သင်တန်းချိန်မှာ ရုံးဖွင့်ရက်များတွင် နံနက် ၇:၀၀ နာရီမှ ၈:၅၀ နာရီအထိနှင့် စနေနေ့တွင် နံနက် ၇:၀၀ နာရီမှ ၁၁:၅၀ နာရီအထိ ဖြစ်ပါသည်။

 

နေပြည်တော်ကျောင်းတွင် တက်ရောက်ခွင့် လျှောက်ထားသူများအား အောက်ပါ စဉ် (က၊ ခ၊ ဂ) ပါ ဦးစားပေးအစီအစဉ်အတိုင်းလည်းကောင်း၊ ရန်ကုန်ကျောင်းတွင် တက်ရောက်ခွင့် လျှောက်ထားသူများအား စဉ် (ခ၊ ဂ) ပါ ဦးစားပေးအစီအစဉ်အတိုင်းလည်းကောင်း သင်တန်းကျောင်း၏ လက်ခံနိုင်သည့် ပမာဏပေါ်အခြေခံ၍ လက်ခံသင်ကြားပေးမည် ဖြစ်ပါသည်။

(က) သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် တက်ရောက်မည့် နေပြည်တော်နယ်နိမိတ်အတွင်း အစိုးရဌာနအဖွဲ့အစည်းများမှ နိုင်ငံ့ဝန်ထမ်းများ

(ခ) တိုက်ရိုက်တက်ရောက်ခွင့်ရရှိသူများအနက် အဆင့်မြင့်အောင်မြင်သူများ 

(ဂ) ဝင်ခွင့်စာမေးပွဲတွင် အဆင့်မြင့်အောင်မြင်သူများ

 

သင်တန်းသို့ အောက်ပါပုဂ္ဂိုလ်များအား တိုက်ရိုက်တက်ရောက်ခွင့်ပြုမည် ဖြစ်ပါသည်။

- စီးပွားရေးတက္ကသိုလ်များက ကျင်းပခဲ့သည့် B.Com, B.Act, B.B.A ဘွဲ့စာမေးပွဲ အောင်မြင်သူများ 

- သမဝါယမတက္ကသိုလ်များက ကျင်းပခဲ့သည့် B.BSc (Accounting and Finance) ဘွဲ့စာမေးပွဲ အောင်မြင်သူများ 

- မြန်မာနိုင်ငံစာရင်းကောင်စီက ကျင်းပခဲ့သည့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) စာမေးပွဲ အောင်မြင်သူများ 

- မြန်မာနိုင်ငံတက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသည့်အပြင် ACCA Fundamental Skills Level ပြီးစီးသူများ 

- မြန်မာနိုင်ငံတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသည့်အပြင် CIMA Diploma in Management Accounting ရရှိပြီးသူများ
 

တိုက်ရိုက်တက်ရောက်ခွင့်ရသူများသည် ၂၆-၁၁-၂၀၂၄ ရက်မှ ၃၁-၁၂-၂ဝ၂၄ ရက်အတွင်း ရုံးဖွင့်ရက်များ၌ သင်တန်းကျောင်းများ (နေပြည်တော်/ရန်ကုန်) တွင် နံနက် ၁၀:၀၀ နာရီမှ ညနေ ၃:ဝဝ နာရီအတွင်း လျှောက်ထားသူကိုယ်တိုင် လျှောက်လွှာကို ကျပ် ၁,၀၀၀ ဖြင့် ဝယ်ယူ၍ လျှောက်ထားရမည်။ 

 

မြန်မာနိုင်ငံတက္ကသိုလ်တစ်ခုခုမှ အသိအမှတ်ပြုဘွဲ့ရရှိသူများကို ဝင်ခွင့်စာမေးပွဲ ကျင်းပ၍ သင်တန်းသားအဖြစ် ရွေးချယ်မည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်သူများသည် သင်တန်းကျောင်းများ (နေပြည်တော်/ရန်ကုန်) ၌ ၁-၁၁-၂၀၂၄ မှ ၃၀-၁၁-၂၀၂၄ ရက်ထိ ရုံးဖွင့်ရက်များ၌ နံနက် ၁၀:၀၀ နာရီမှ ညနေ ၃:၀၀ နာရီအတွင်း လျှောက်ထားသူကိုယ်တိုင် လျှောက်လွှာကို ကျပ် ၁,ဝဝဝ ဖြင့်ဝယ်ယူ၍ စာမေးပွဲကြေး ကျပ် ၁၁,၀၀၀ ပေးသွင်းထားသည့် Mobile Banking ငွေပေးပြေစာ ပြပြီး လျှောက်ထားရမည်။ 

 

သင်တန်းကို လျှောက်ထားသူတိုင်း လျှောက်လွှာနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရမည်။

ဘွဲ့လက်မှတ် (သို့မဟုတ်) ဘွဲ့ထောက်ခံစာ (မူရင်းနှင့်မိတ္တူ)၊

- သင်တန်းသို့ တိုက်ရိုက်တက်ရောက်ခွင့်ရှိသည့် အထက်ဖော်ပြပါ ဘွဲ့လက်မှတ်နှင့် စာမေးပွဲအောင်လက်မှတ်  (မူရင်းနှင့်မိတ္တူ)၊ 

- နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့်မိတ္တူ) (၁၈ နှစ်ပြည့်လှယ်ပြီး)

- တစ်လအတွင်းရိုက်ထားသည့် ၁" x ၁"အရွယ် ဓာတ်ပုံ ၃ ပုံ၊

- နိုင်ငံ့၀န်ထမ်းဖြစ်ပါက ဝန်ထမ်းစိစစ်ရေးကတ်ပြား (မူရင်းနှင့်မိတ္တူ) နှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက် 

 

ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများကို ၁၇-၁၂-၂၀၂၄ ရက်မှာ https://www.oagmac.gov.mm/ နှင့် gov.mm/my/mac-announcement တို့တွင် ကြေညာထားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများကို ၂၃-၁၂-၂၀၂၄ ရက်မှ ၂၇-၁၂-၂ဝ၂၄ ရက်အတွင်း ရုံးချိန်အတွင်း အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (ရန်ကုန်) တွင် ထုတ်ပေးပါမည်။ 


စာမေးပွဲကို ၂၉-၁၂-၂၀၂၄ (တနင်္ဂနွေနေ့) နံနက် ၉ နာရီတွင် ရန်ကုန်သင်တန်းကျောင်း၌ ကျင်းပမည်ဖြစ်ပြီး Financial Accounting, Cost & Management Accounting နှင့် Auditing ဘာသာရပ်များပါဝင်သည့် (၂) နာရီမေးခွန်းလွှာတစ်ခုကို ဖြေဆိုရပါမည်။

 

နောက်ဆုံး တက်ရောက်ခွင့်ရသူများ၏ အမည်စာရင်းများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် gov.mm/my/mac-announcement မှာ ကြေညာထားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်း-၀၁-၈၂၂၇၂၄၆၊ ၀၉-၇၉၆၉၇၉၉၂၈၊ ၀၉၉၈၄၂၂၄၆၃၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

လိပ်စာ

နေပြည်တော်သင်တန်းကျောင်း - ရုံးအမှတ် ၁၂၊  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)

ရန်ကုန်သင်တန်းကျောင်း - အမှတ် ၁/၁၉၊ သခင်မြပန်းခြံလမ်း၊ အလုံမြို့နယ်။

------------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News Vocational Read 756 times