Sales Hotline : 09448001653       Download App



ဖွဲ့စည်းပုံမူအသစ်အရ အသက် (၅၉)နှစ်အထက် အလယ်တန်းပြဆရာ၊ ဆရာမများကို လစာတိုးပေး

အခြေခံပညာဆရာ၊ ဆရာမ ရာထူးတိုးမူအသစ်အရ အသက်(၅၉)နှစ်နှင့်အထက် အသက်အရွယ်ရှိသည့် အလယ်တန်းပြဆရာ၊ ဆရာမများကို ဒီဇင်ဘာ ၁ ရက်ကစတင်ကာ အထက်တန်းပြလစာ တိုးမြှင့်ပေးလိုက်သည်။

လက်ရှိတွင် လစာနှုန်းကျပ် (၁၉၈,၀၀၀ - ၂၀,၀၀၀-၂၀၈,၀၀၀) ရရှိနေသည့် အသက် (၅၉) နှစ်နှင့်အထက်  အလယ်တန်းပြဆရာ၊ ဆရာမများကို လစာနှုန်းကျပ်(၂၁၆,၀၀၀-၂,၀၀၀ -၂၂၆,၀၀၀)သို့ တိုးမြှင့်ခံစားခွင့် ပြုကြောင်း အမိန့်စာများကို အခြေခံပညာဦးစီးဌာနက ဒီဇင်ဘာ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ထား သည်။

အခြေခံပညာဆရာ၊ဆရာမ များကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်စသည့် ပညာရေးအဆင့် တစ်ခုအတွင်း ရာထူးတိုးမြှင့်သည့် စနစ်သစ်ကို နိုဝင်ဘာ ၁ ရက်က စတင်ပြောင်းလဲခဲ့သည်။ ရာထူး တိုးစနစ်ဟောင်းရှိ ဆရာ၊ ဆရာမ များအားရာထူးတိုးစနစ်သစ်အရ  ရာထူးအခေါ်အဝေါ်ပြောင်းလဲ ခြင်း၊ လစာနှုန်းပြောင်းလဲခြင်းများကို ပညာရေးဝန်ကြီးဌာနက  တစ်ဆင့်ချင်း ပြုလုပ်နေသည်။

လုပ်သက် (၁၀)နှစ်အထက် မူလတန်း ကျောင်းအုပ်များ၊ ပညာရေးဘွဲ့ရမူလတန်းကျောင်းအုပ်များကို နိုဝင်ဘာ ၁ ရက်က စတင်ကာ အထက်တန်းပြလစာ တိုးမြှင့်ပေးခဲ့ပြီးနောက် အသက် (၅၉)နှစ်နှင့် (၅၉)နှစ်၊ ခုနစ်လ၊ ၂၉ ရက်အတွင်း အသက်အရွယ် ရှိသည့် အလယ်တန်းပြဆရာ၊ ဆရာမများကို ဒီဇင်ဘာ ၁ ရက် ကစကာ အထက်တန်းပြလစာတိုး မြှင့်ပေးခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအသစ်အရ လစာ တိုးမြှင့်ပေးခြင်းကို  မူလတန်း ကျောင်းအုပ်များအတွက် စတင် ဆောင်ရွက်ခဲ့ပြီး လာမည့် ၂ နှစ်မှ သုံးနှစ်အတွင်း ဆရာ၊ ဆရာမ အားလုံး၏ လစာသတ်မှတ် ချက်ကို စနစ်သစ်အတိုင်း ပြောင်း လဲမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

‘‘ဘဏ္ဍာရေး  လျာထားချက် ကလည်း ဘီလီယံပေါင်းများစွာ သုံးရမှာဆိုတော့ရှိသမျှလူ အကုန် တိုးပေးလို့ အဆင်မပြေဘူး။ဘတ် ဂျက်မလောက်ငတာ ဖြစ်မှာပေါ့။ ဒါကြောင့် လုပ်သက်အရင့်ဆုံးကို  အရင်ဆုံး စဉ်းစားတာ။ အသက် (၅၉)နှစ်၊ ပင်စင်ယူခါနီးသူတွေကတော့ အဓိကသတ်မှတ်ချက်နဲ့ ကိုက်တဲ့သူတွေကတော့ ပထမ ဦးစားပေးပေါ့။ ပြီးရင်မှ လုပ်သက်ကို တဖြည်းဖြည်းလျှော့လာမှာ။ ဒီတစ်နှစ်တည်းနဲ့ အကုန်လုံးပြီးအောင် လုပ်လို့ မရဘူး။ အ များဆုံး ၂ နှစ်၊ သုံးနှစ်လောက်မှာ ဖြည်းဖြည်းချင်းပြောင်းဖို့ပေါ့’’ ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်းက ပြောသည်။

Source: 7day news

Latest Post News Read 959 times