စစ်တမ်းများအရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များတွင် တရုတ်တက္ကသိုလ်ပါဝင်လာ

ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များ အဆင့်သတ်မှတ်ချက်များကို ၂၀၁၁ ခုနှစ်က ချမှတ်ခဲ့ပြီး ယခုလက်ရှိတွင် ကျင့်သုံးလျက်ရှိသော နည်းစနစ်များ အရ တရုတ်နိုင်ငံရှိ Tsinghua University သည် အဆင့် ၂၀ စာရင်းဝင်လာခဲ့ပြီ ဖြစ်သည်။

အဆိုပါ တက္ကသိုလ်သည် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်သည့် ပထမဆုံးသောအာရှ နိုင်ငံမှ တက္ကသိုလ်ဖြစ်သည်။ ကမ္ဘာ့အဆင့်ရှိ Times အဆင့်မြင့်ပညာရေး သတ်မှတ်ချက်စာရင်း၏ ထိပ်တန်း ၂၀၀ တွင် ဂျပန်၏ တက္ကသိုလ် နှစ်ခုသာ ပါဝင်ခဲ့ပြီး တိုကျိုတက္ကသိုလ်သည် ပြီးခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်လျှင် အဆင့်၃၆ နေရာ၌ အဆင့် ၃ နေရာတွင်ရှိနေသည်။ ကျိုတိုတက္ကသိုလ်သည် ပြီးခဲ့သည့်နှစ်က အဆင့် ၁၁နေရာတက်လာကာ ကမ္ဘာ့အဆင့် ၅၄ နေရာတွင် ရပ်တည်နေသည်။

တရုတ်သည် သုံးနှစ်အတွင်း အဆင့် ၁၀၀ တွင်း ဝင်ရောက်နိုင်မှုမှာ နှစ်ဆတိုးလာပြီး Peking University သည် တစ်ချိန်တည်းဖြင့် အဆင့် ၂၃ထိ တက်သွားပြီး Fudan University သည် အဆင့် ၁၀၉ မှ အဆင့် ၇၀ အထိ ခုန်တက်လာခဲ့ကြောင်း တွေ့ရသည်။

လေ့လာဆန်းစစ်မှုများအရ တရုတ်အစိုးရသည် ကမ္ဘာ့အဆင့်မီတက္ကသိုလ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ဆယ်စုနှစ်နှစ်ခုကျော် အဆင့်မြင့်ပညာရေးတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး အချို့သော စံနှုန်းများပေါ် မူတည်ပြီး တရုတ်တက္ကသိုလ်များသည်အမေရိကန်နှင့်ကွာဟမှုမရှိတော့သည်ကိုလည်း ဖော်ပြခဲ့သည်။

Oxford University ကမ္ဘာ့အဆင့်တွင်ထိပ်ဆုံးမှရပ်တည်နေခဲ့သည်မှာ ငါးနှစ် ဆက်တိုက်ရှိနေခဲ့ပြီး အမေရိကန်နှင့်ဗြိတိန်အဖွဲ့အစည်းများ၏ ထိပ်ဆုံး ၁၃နေရာတွင် ရှိသည်။

လေ့လာမှု၊ သုတေသန၊ အသိပညာလွှဲပြောင်းခြင်း နှင့် နိုင်ငံ တကာအမြင်များ စသည့်နယ်ပယ်များတွင် တက္ကသိုလ် သို့ မဟုတ် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်ကို တိုင်းတာသည့်ညွှန်းကိန်းတစ်ဒါဇင်အပေါ် အခြေခံ၍ နိုင်ငံပေါင်း ၉၃ ခုမှ တက္ကသိုလ် ၁,၅၀၀ ကျော်ကို လေ့လာဆန်းစစ်ထားပြီးဖြစ်သည်။

 

By Myanmar Education Guide - EDGE

Ref: Kyodo News

Latest Post News Read 948 times