၂၀၁၉ ခုနှစ်တွင် စတင်ပြောင်းလဲခဲ့သော သင်္ချာမေးခွန်းအကြောင်းသိကောင်းစရာ
**Zawgyi**
Read More >> **သင့်မှာ ရှစ်တန်းကလေးရှိရင် ဒါဖတ်ပါ**
Read More:>>> အေဂျီတီအိုင် ပထမနှစ်သင်တန်းသားများကို အစိုးရကပညာသင်ထောက်ပံ့ကြေးပေးမည်
(www.edge.com.mm)
**Unicode**
၂၀၁၉ ခုနှစ်တွင် စတင်ပြောင်းလဲခဲ့သော သင်္ချာမေးခွန်းတွင် Section( A ), Section( B ), Section( C ) ဟူ၍အပိုင်းသုံးပိုင်းပါဝင်ပါတယ်။
** Section( A ) တွင် (၃) မှတ်တန် (၁၀) ပုဒ် {အပုဒ်ကြီး (၅) ပုဒ်} မေးထားပါတယ်။ ပေးမှတ်မှာ (၃၀) ဖြစ်ပါတယ်။
** Section( B ) တွင် (၅) မှတ်တန် (၁၀) ပုဒ် {အပုဒ်ကြီး (၅) ပုဒ်} မေးထားပါတယ်။ ပေးမှတ်မှာ (၄၀) ဖြစ်ပါတယ်။
** Section( C ) တွင် (၅) မှတ်တန် (၈) ပုဒ် {အပုဒ်ကြီး (၄) ပုဒ်} မေးထားပါတယ်။ ပေးမှတ်မှာ (၃၀) ဖြစ်ပါတယ်။
Section( A ) တွင် Chapter (1 to 12) မှ မေးခွန်းများပါဝင်ပါတယ်။ Chapter (4 and 9) မှမေးခွန်းများပါလာခဲ့လျှင် Section ( B ) နှင့် ( C ) တွင် မပါဝင်တော့ပေ။
Section( B ) တွင် Chapter (1 to 7) မှမေးခွန်းများပါဝင်ပါတယ်။ Section( C ) တွင် Chapter (8 to 12) မှမေးခွန်းများ ပါဝင်ပါတယ်။
Chapter တစ်ခုချင်းစီတွင် ရရှိနိုင်သော အမှတ်များကို အောက်တွင်ဖော်ပြထားပါတယ်။
မေးခွန်းတစ်ခုလုံးတွင် (၁၂၀) မှတ်ဖိုးမေးထား၍ (၁၀၀)ဖိုး ဖြေဆိုရမည်ဖြစ်ပါတယ်။ ဘာသာရပ်တစ်ခုကိုလေ့လာရာတွင် ၎င်းဘာသာရပ်၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ရန် အရေးကြီးပါတယ်။ ထို့ကြောင့် ကျောင်းသား/သူ များအနေဖြင့် Chapter တစ်ခုချင်းစီ၏ Theorem များ၊ Definitions များ၊ Formula များကို ပိုင်နိုင်စွာမှတ်သားရမည်ဖြစ်ပါတယ်။ သင်္ချာဘာသာရပ်သည် လေ့ကျင့်မှုများလေလေ ကောင်းမှုဖြစ်ထွန်းလေ ဖြစ်ပါတယ်။ ထို့ကြောင့် Text မှ ပုစ္ဆာများ၊ မေးခွန်းဟောင်းမှ ပုစ္ဆာများ များများတွက်ပါ။ လေ့ကျင့်ပါ။
ဖြေဆိုရာတွင်လည်း သင်္ချာနှင့်ပတ်သက်သော သင်္ကေတများ မမှားစေရန်၊ မေးခွန်းသဘောတရားများနည်းလည်မှုရှိရန်၊ ဖြေဆိုပြီးသည့်နောက်တွင် သေသေချာချာစာပြန်စစ်ရန် အရေးကြီးလှပါတယ်။
Read More:>>> အေဂျီတီအိုင် ပထမနှစ်သင်တန်းသားများကို အစိုးရကပညာသင်ထောက်ပံ့ကြေးပေးမည်
(www.edge.com.mm)
Latest Post News Tips Read 1240 times