Sales Hotline : 09448001653       Download App



ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် ကျင်းပမည့် အင်္ဂလန်နိုင်ငံပညာရေးအကြောင်း

** Unicode **

တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူတွေများတက်ရောက်နိုင်မည့် စင်ကာပူနိုင်ငံမှာ သင်ယူနိုင်သော ကုန်ကျစရိတ်သက်သာသည့် အင်္ဂလန်နိုင်ငံပညာရေးအကြောင်းဆွေးနွေးပွဲကို မတ်လ (၂၁) ရက်၊ နေ့လည် (၁ နာရီမှ၊ ၃ နာရီ) အထိ မန္တလေးမြို့ရှိ Hilton Hotel (Jacaranda Meeting Room) တွင်လည်းကောင်း၊ မတ်လ (၂၂) ရက်၊ နေ့လည် (၁ နာရီမှ ၃ နာရီ) အထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel (Taungngu Room) မှာလည်းကောင်းကျင်းပပြုလုပ်သွားမည်ဟုသိရပါတယ်။

ဆေးပညာ၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ မီဒီယာပညာရပ်၊ ဒီဇိုင်းနှင့် ဈေးကွက်ထိုးဖော်နည်း၊ ဟိုတယ်နှင့် ခရီးသွားပညာ၊ စီးပွားစီမံနှင့် စာရင်းအင်းပညာရပ်၊ အင်ဂျင်နီယာဘာသာရပ်နှင့် စိတ်ပညာဘာသာရပ်များကို MSI Overseas Education မှတစ်ဆင့်ပညာသင်ဆု၊ ပညာသင်ထောက်ပံ့ကြေးများဖြင့် အင်္ဂလန်နိုင်ငံသို့ သွားရောက်သင်ယူစရာမလိုဘဲ စင်ကာပူနိုင်ငံကျောင်းလခ သက်သာစွာဖြင့် အင်္ဂလန်ထိပ်တန်းတက္ကသိုလ်များ၏ ဘွဲ့ဒီဂရီများကိုရယူနိုင်မည့်အကြောင်းများကို ဆွေးနွေးပေးမည်ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ MDIS ၏ School of Life Science Department ၏ Head of School ဖြစ်သူ Dr.Kelvin Wong က ကျောင်းသားလူငယ်များအတွက် အမေးအဖြေကဏ္ဍများနှင့် ဗဟုသုတဖလှယ်မည့် အစီအစဉ်များကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ဆေးပညာရပ်ထဲမှာ MBBS အကြောင်းအသေးစိတ်ကိုရှင်းပြသွားမည်ဖြစ်ပါတယ်။

Read More:>>> အခြေခံပညာအတန်းများ အောင်စာရင်းကို ဧပြီလ (၂၆) ရက်ကြေညာမည်

မြန်မာကျောင်းသားအများစု စိတ်ဝင်စားသည့် အထောက်အကူဖြစ်မည့် ဆေးပညာရပ်ဆိုင်ရာ Practical Workshop တွေလည်း ပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

Badminton (1) ဘတ်မင်တန် သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် MSI ပညာရေးဝန်ဆောင်မှု ရန်ကုန်ရုံးချုပ် ဖုန်းနံပါတ် ၀၉-၅၁၀၃၉၁၅၊ ၀၉-၄၂၀၀၃၇၆၁၆၊ မန္တလေးရုံးခွဲဖုန်းနံပါတ် ၀၉-၉၇၆၀၅၈၆၂၆၊ ၀၉-၄၄၄၄၄၃၉၁၇ ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Credit: Internet

 

** Zawgyi **






Badminton (1) ဘတ်မင်တန် သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


Credit: Internet

Latest Post International Local News Read 822 times