ကိုဗစ်အတည်ပြုလူနာများစာရင်းတွင် စစ်တွေ ဆယ်တန်းကျောင်းသူတစ်ဦး ပါဝင်နေ

ကိုဗစ်အတည်ပြု လူနာအမှတ်(၄၃၉) ယခုနှစ် ဆယ်တန်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူတစ်ဦးဖြစ်ကြောင်း ကျန်းမားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ်လ ၂၂ တွင် ထုတ်ပြန်ခဲ့သော ပိုးတွေ့လူနာစာရင်းတွင်  အဆိုပါ ကျောင်းသူလေးအား ခရီးသွားရာဇဝင် မရှိသူ ၊ ထိတွေ့လူနာများနှင့်ထိတွေ့မှု မရှိဘဲ စောင့်ကြည့်လူနာ အဆင့်ဖြင့် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

အထက်တန်းကျောင်းများကို တစ်ပတ်ခြားတစ်ခါ ဖွင့်၍ သင်ကြားလျက်ရှိရာ ၂၂.၈.၂၀၂၀တွင် ထုတ်ပြန်ခဲ့သော ဓာတ်ခွဲအဖြေများအနက် လူနာအမှတ် (၄၃၉) သည် စစ်တွေမြို့ အထက(၂) တွင် ပညာသင်ကြားနေသော ဆယ်တန်းကျောင်းသူ တစ်ဦးဖြစ်ပါတယ်။

သူမနှင့် ထိတွေ့ခဲ့သည့် ဆရာမ ခုနစ်‌ယောက်ခန့်ကိုတော့ Quarantine ပြုလုပ်ထားသော်လည်း ကျန်ရှိနေသည့် ကျောင်းသားနှင့်ဆရာအရေအတွက် ကိုတော့ အတိအကျ မသိရသေးကြောင်းကို လည်း သိရှိရပါသည်။

ပြည်တွင်းရောဂါကူးစက်နှုန်းများမှာ ရခိုင်ပြည်နယ်တွင် သိသိသာသာ မြင့်တက်လျက်ရှိပြီး ယခုအချိန်တွင် ကျောင်းများအားလုံးကို ယာယီ ပြန်လည်ပိတ်ထားလျက်ရှိသည်ကို သိရှိရပါသည်။ အဆိုပါ ကျောင်းများ ပြန်ဖွင့်ရန်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်မှုလုပ်ငန်းပေါ် မူတည်ကြောင်းသိရပါတယ်။

Latest Post News Read 1182 times