Sales Hotline : 09448001653       Download App



ဥရောပနိုင်ငံမှာ ကျောင်းတက်ချင်သူများအတွက် အခွင့်အရေးကြီးတစ်ခု

သင်က အနောက်နိုင်ငံမှာ ကျောင်းတက်ချင်တဲ့သူလား ??

ဟုတ်တယ်ဆိုရင်တော့ ဆွီဒင်မှာကျောင်းတက်ဖို့ ပညာသင်ထောက်ပံ့ကြေးအပြည့်အဝ(Full Scholarship)ရနိုင်မဲ့ Swedish Institute Scholarships for Global Professional ကိုလျှောက်ဖြစ်အောင် လျှောက်ပါ။ လုံးဝ (လုံးဝ) လက်မလွတ်သင့်တဲ့ အခွင့်အရေးမို့လို့ သေချာပြင်ဆင်ပြီး လျှောက်ဖြစ်အောင် လျှောက်နော်။

  • Country - Sweden
  • Type - Full Scholarship
  • Level - Master

 ပညာသင်ဆုမှာဘာတွေပါဝင်လဲ ??

  • လေယာဉ်လက်မှတ်
  • ကျောင်းစရိတ်ကင်းလွတ်ခွင့်
  • လစဉ်နေထိုင်စားသောက်စရိတ်အတွက် SEK 10,000 (တစ်လကို မြန်မာငွေ ၁၅ သိန်းခန့်)

 
ဘယ်သူတွေလျှောက်လို့ရလဲ?

  • ဘွဲ့တစ်ခုခုရှိထားတဲ့သူဖြစ်ရပါမယ်။
  • Leadership Experience ရှိရပါမယ်။
  • အနည်းဆုံး 3,000 hours ရှိတဲ့ အလုပ်အတွေ့အကြုံရှိရပါမယ်။ (Working Hours က Full-time ဖြစ်ဖြစ် Part-time ဖြစ်ဖြစ် ရပါတယ်)

 
ဒါဆို စကောလားရှစ်ကဘယ်တော့လျှောက်ရမလဲ?

8-18 February 2021 (သည်အချိန်မှာမှ စကောလားရှစ်လျှောက်ရမှာပါ) စကောလားရှစ်ကိုလျှောက်ဖို့ လိုအပ်တာတွေကတော့ -
- Motivation Letter
- CV
- Letters of Reference
- Valid and Completed Proof of Work and Leadership Experience
- Copy of your Valid Passport
အပေါ်ကစာရွက်စာတမ်းတွေက သူတို့သတ်မှတ်ထားတဲ့ Format အတိုင်းလုပ်ပေးရပါမယ်။ Format တွေကို December 2020/January 2021 မှာ Website ကနေ ရယူနိုင်ပါတယ် ။

စကောလားရှစ်လျှောက်နည်းအဆင့်ဆင့်ကို အောက်ဖော်ပြပါ Link မှာ ကြည့်လို့ရပါတယ်။ တစ်ခုသတိထားရမှာက ကျောင်းလျှောက်ပြီးမှ စကော်လာလျှောက်ရမှာပါ ။
>>>> Click Here <<<<

Result ကတော့ 9th April, 2021 မှာ ထွက်မှာဖြစ်ပါတယ် ။

Swedish Institute Scholarships for Global Professionals နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ Link မှစုံစမ်းနိုင်ပါတယ်။
>>>> Click Here <<<<

Myanmar Education Guide - EDGE

Local Read 853 times