Sales Hotline : 09448001653       Download App



သင်ကြားသင်ယူမှုကို ပိုမိုထိရောက်လွယ်ကူစေမည့် MDEP ပလက်ဖောင်းအကြောင်း တစေ့တစောင်း

ကမ္ဘာနဲ့တဝှမ်း တိုးတက်နေသော ICT နည်းပညာများနဲ့အညီ မြန်မာနိုင်ငံရဲ့ပညာရေးတွင်လည်း ဒီဂျစ်တယ် နည်းပညာများနှင့်အတူ ပေါင်းစပ်သင်ယူမှု (Blended Learning) ဖြင့် သင်ကြားသင်ယူမှုများ လုပ်ဆောင်နိုင်ဖို့ အတွက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒါကတော့  Myanmar Digital Education Platform- MDEP လို့ခေါ်တဲ့ မြန်မာ့ဒီဂျစ်တယ် ပညာရေး ပလက်ဖောင်းပဲ ဖြစ်ပါတယ်။

MDEPရဲ့ အဓိက မျှော်မှန်းချက်ကတော့ တစ်နိုင်ငံလုံးရှိ လူသားအားလုံး ပါဝင်ခွင့်ရှိသော လက်လမ်းမှီသောပညာရေးကို ပံ့ပိုးပေးပြီး တစ်ဖက်တွင်လည်း နည်းပညာဆိုင်ရာ အဟန့်အတားများကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။

MDEP ရဲ့အဓိက ဆောင်ရွက်နေတဲ့အပိုင်းတွေကတော့ ကျောင်းသူ/သားများနှင့် ဆရာ/ဆရာများအတွက် သင်ကြားမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (LMS-Learning Management System) များ ထူထောင်ပေးခြင်း၊ သင်ကြားရေးဆိုင်ရာ အရင်းအမြစ်များလွှင့်တင်ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများပေးခြင်းတို့ ပါဝင်ပါတယ်။ 

ဒါ့အပြင် ကျောင်းများနှင့် တက္ကသိုလ်တွေအတွက် ကိုယ်ပိုင် သင်ကြားရေး ပလက်ဖောင်းများ တည်ဆောက်ရန်အတွက် လိုအပ်သော နည်းပညာပံ့ပိုးပေးခြင်းနှင့် Server များတည်ဆောက်ပေးခြင်းတို့ကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ပိုမိုလေ့လာသင်ယူနိုင်ရန်အတွက် MDEP ရဲ့ Website (http://mdep.moe.edu.mm/)  ကို ဝင်ရောက်နိုင်ပါတယ်။

Myanmar Digital Education Platform

By Myanmar Education Guide - EDGE

 

Latest Post News Read 664 times