အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I ဒီပလိုမာပထမနှစ်သင်တန်းများကို သင်တန်းသားတစ်ဦးလျှင် ကျပ်သုံးသောင်း နိုင်ငံတော်မှ ပညာသင်ထောက်ပံ့မည်ဟု ပညာရေးဒုတိယ၀န်ကြီးဆို

အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I ဒီပလိုမာပထမနှစ်သင်တန်းများကို သင်တန်းသားတစ်ဦးလျှင် ကျပ်သုံးသောင်း နိုင်ငံတော်မှ ပညာသင်ထောက်ပံ့မည်ဟု ပညာရေးဒုတိယ၀န်ကြီးဆို

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းမှာ အစိုးရစက်မှုလက်မှုသိပ္ပံ A.G.T.I (ပထမနှစ်) သင်တန်းသားများခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းကြေညာ၍ ခေါ်ယူသွားမှာ ဖြစ်ပါသည်။

ထိုသို့ ခေါ်ယူပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှာ A.G.T.I (ပထမနှစ်) သင်တန်းများဖြစ်တဲ့ မြို့ပြအင်ဂျင်နီယာသင်တန်း (Civil Engineering) ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာသင်တန်း (Electronic Engineering) ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း (Electrical Power Engineering) ၊ စက်မှုအင်ဂျင်နီယာသင်တန်း (Mechanical Engineering) စတဲ့ သင်တန်းများကို စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ထိုသင်တန်းများသို့ တက်ရောက်ခွင့်ရရှိသည့် သင်တန်းသားများကို ပညာသင်ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ် သုံးသောင်းဖြင့် နိုင်ငံတော်ဘဏ္ဍာမှ ချီးမြှင့်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် နိုင်ငံသားတိုင်းသက်မွေးပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိစေရေး တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံသားတို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်းဝင်ငွေမြင့်မားရေးတို့ကို သက်မွေးပညာရပ်ဖြင့် အထောက်အကူပြုရန်ဟူသော ရည်ရွယ်ချက်နှင့်အညီ ပုံမှန်သင်တန်းများဖြစ်သည့် A.G.T.I ဒီပလိုမာ သုံးနှစ်သင်တန်းများနှင့် G.T.H.S နှစ်နှစ်သင်တန်းများကို သာမက ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှု အခြေပြု ကာလတို သက်မွေးပညာသင်တန်းများကို လည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း (A.G.T.I) ၁၉ ကျောင်းရှိနေသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Local Read 14633 times