AGTI ပထမနှစ်သင်တန်းသားများအား အစိုးရက ပညာသင်ထောက်ပံ့ကြေး တစ်လသုံးသောင်းကျပ် ပေးမည်

AGTI ပထမနှစ်သင်တန်းသားများအား အစိုးရက ပညာသင်ထောက်ပံ့ကြေး တစ်လသုံးသောင်းကျပ် ပေးမည်

အင်းစိန်၊ ရွှေပြည်သာ၊ပူတာအို၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊  ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ၀ါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်မြို့တို့ရှိ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း များနှင့် မိုးညှင်း၊ မြင်းခြံ၊ ရွှေဘိုမြို့တို့ရှိ အစိုးရနည်းပညာကောလိပ် များတွင် AGTI  သုံးနှစ်သင်တန်း တက်ရောက်နိုင်ပြီး သင်တန်းသား အားလုံးကို ဒီပလိုမာဘွဲ့လက်မှတ် ရရှိသည်အထိ ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်သည်။

‘‘အခုနှစ် ဒီဇင်ဘာမှာ ဖွင့် မယ့် AGTI သင်တန်းတွေအတွက် သင်တန်းသားခေါ်ယူတဲ့လျှောက် လွှာတွေကို နိုင်ငံပိုင်သတင်းစာ တွေကနေ ကြေညာထားပါတယ်။ တက်ရောက်မယ့် သင်တန်းသား တွေအတွက် ပညာသင်ထောက်ပံ့ ကြေးတစ်လကို သုံးသောင်းပေး အပ်ဖို့လည်း စီစဉ်ထားပါတယ်’’ ဟု ဦးဝင်းမော်ထွန်းက ပြောသည်။

READ - ၂၀၁၈ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ၀င်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

AGTI သုံးနှစ်သင်တန်းများ တွင် မြို့ပြအင်ဂျင်နီယာ၊ အီလက် ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ် စွမ်းအားအင်ဂျင်နီယာ၊ စက်မှု အင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာအ ထူးပြုဘာသာရပ်တို့ကို ရွေးချယ် တက်ရောက်နိုင်ပြီး သတ်မှတ်အ ရည်အချင်းပြည့်မီပါက နည်း ပညာတက္ကသိုလ်များ၏ တတိယ နှစ်သင်တန်းသို့ ပေါင်းကူးတက် ရောက်ခွင့်ရရှိမည်ဖြစ်သည်။

AGTI သင်တန်းဝင်ခွင့် လျှောက်လွှာများကို နိုဝင်ဘာ ၁၀ ရက်အထိ သက်ဆိုင်ရာအစိုးရ နည်းပညာကောလိပ်နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများ တွင် လျှောက်ထားနိုင်သည်ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနက ထုတ် ပြန်သည်။

‘‘ပညာသင်ထောက်ပံ့ကြေး ပေးတာကတော့ အရင်အစိုးရ လက်ထက်ကတည်းကပဲ။ AGTI သင်တန်းတွေက ကြားထဲမှာတက် တဲ့သူလည်း နည်းသွားတယ်။ တစ် ဖက်တစ်လမ်းက ပံ့ပိုးပေးတဲ့သ ဘောမျိုးအစိုးရက ပေးတာပေါ့’’ ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။

ပညာရေးကောလိပ်များက ဖွင့်လှစ်သော လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာဒီပလိုမာသင် တန်းများနှင့် AGTI သင်တန်းများ တွင် သင်တန်းသားအားလုံးကို လစဉ်ကျပ်သုံးသောင်းထောက်ပံ့ ပေးသော်လည်း အခြားတက္ကသိုလ် ဒီဂရီကောလိပ်၊ ကောလိပ်များ တွင် ပညာသင်ယူရန် ငွေကြေး အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများသည် ပညာရေး ၀န်ကြီးဌာနက ပေးအပ်သော ပညာသင်ထောက်ပံ့ကြေးကို သီး ခြားလျှောက်ထားရယူရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

Local Read 6742 times