ထိုင်းမှာ ကျောင်းတက်ချင်သူတွေအတွက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကြီး

 

မြန်မာနိုင်ငံနဲ့ နီးနီးနားနား ထိုင်းမှာပဲ ကျောင်းသွားတက်မယ်လို့ စဉ်းစားထားသူတွေအတွက် ထိုင်းနိုင်ငံမှ ထိပ်သီးတက္ကသိုလ်များစွာ ပါဝင်ပြသသွားမယ့် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကြီးအကြောင်းကို မျှဝေပေးသွားပါမယ်။ 

 

ဒီပွဲကို AMAUT (Association of Myanmar Alumni from Universities in Thailand) ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ ဦးစီးပြီး ရန်ကုန်ရှိ ထိုင်းသံရုံးရဲ့ ပံပိုးကူညီမှုနဲ့အတူ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။  

 

(၈) ကြိမ်မြောက် ရှိပြီဖြစ်တဲ့ ဒီပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့ (တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့) ၊ မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ (၂) ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ 

 

ဘယ်သူတွေ တက်ရောက်လေ့လာသင့်လဲ?

  • အထက်တန်း မအောင်မြင်သေးတဲ့ ကျောင်းသားတွေ
  • တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူတွေ
  • တက္ကသိုလ်တက်ရောက်နေသူ၊ မဟာဘွဲ့တက်ရောက်လိုသူ၊ ပါရဂူဘွဲ့တက်ရောက်လိုသူတွေ
  • Foundation program တွေအကြောင်း လေ့လာလိုသူတွေ 
  • HND, GED, IGCSE, A level ဖြေထားသူတွေ
  • တက္ကသိုလ်တက်ရောက်နေသူတွေ
  • English Test မဖြေဘဲ ကျောင်းလျှောက်လို့ ရမလားလို့ သိချင်နေတဲ့ ကျောင်းသားတွေ
  • ထိုင်းမှာ ခဏတက်ပြီး Dual program ၊ Exchange program တွေနဲ့ တစ်ခြားနိုင်ငံကို ကူးချင်သူတွေ 
  • ကျောင်းက တာဝန်ရှိသူတွေနဲ့ တိုက်ရိုက် တိုင်ပင်ဆွေးနွေးချင်တဲ့သူတွေ 
  • ပညာသင်ဆုအကြောင်း သိချင်/လျှောက်ချင်တဲ့ ကျောင်းသားတွေ 
  • Credit transfer  အတွက် မေးချင်နေတဲ့ ကျောင်းသားတွေ
  • မိမိ သားသမီး၊ တပည့်တွေရဲ့ အနာဂတ်အတွက် ထိုင်းတက္ကသိုလ်များကို သိရှိလေ့လာလိုတဲ့ မိဘ၊ ဆရာတွေ

 

ပညာရေးပွဲကြီးကို တက်ရောက်ပြီး ရရှိမယ့် အကျိုးကျေးဇူးတွေက ဘာဖြစ်မလဲ?

  • တစ်ခါတည်း ကျောင်းလျှောက်လို့ရမယ့် အခွင့်အရေး 
  • ပညာသင်ဆုတွေ ပေးတဲ့ ကျောင်းတွေမှာ ပညာသင်ဆုလျှောက်ဖို့အတွက် ပြင်ဆင်ပုံကို မေးမြန်းနိုင်ခြင်း
  • ထိုင်းတက္ကသိုလ်တွေမှ ပရော်ဖက်ဆာများ/ တာဝန်ရှိသူများထံမှ မိမိပညာရေးအတွက် အခမဲ့ ဆွေးနွေးနိုင်ခြင်း
  • နောက်ဆုံးပေါ် နိုင်ငံတကာပညာရေးလမ်းကြောင်းအမျိုးမျိုးကို တစ်နေရာတည်း အကုန်လေ့လာနိုင်တာကြောင့် အချိန်ကုန်သက်သာခြင်း 
  • ၂ ရက် ကျင်းပတဲ့ပွဲ ဖြစ်တာကြောင့် သေချာ အချိန်ယူပြီး လေ့လာနိုင်ခြင်း 
  • သိချင်တာတွေကို ပွဲစီစဉ်သူ AMAUT Booth မှာ သွားရောက် မေးမြန်းလို့ ရနိုင်ခြင်း 
  • မိတ်ဖက်အဖွဲ့အစည်းတွေမှ ပွဲလာသူတွေကို ပေးမယ့် အထူးအခွင့်အရေးတွေကို ခံစားခွင့်ရရှိခြင်း

 

ပွဲမှာ ပါဝင်ပြသမယ့် တက္ကသိုလ်များ (နောက်ထပ်သိရပါက ထပ်မံဖြည့်စွက်သွားပါမယ်)

  • Southeast Bangkok University (SBU)
  • Siam Business Administration Technological College (SBAC)
  • Krirk University 

 

ထိုင်းနိုင်ငံရဲ့ ပညာရေးကို စိတ်ဝင်စားပြီး မိမိနဲ့ သင့်တော်တဲ့ ပညာရေး ပရိုဂရမ်တွေကို တစ်နေရာတည်းမှာ လေ့လာရှာဖွေလိုတယ်ဆိုရင် အောက်ကလင့်ခ်ကနေတဆင့် အခမဲ့ စာရင်းပေးသွင်းပြီး ပွဲမှာ သွားရောက်လေ့လာနိုင်ပါတယ်။ 

>> https://docs.google.com/forms/d/e/

 

Events & Exhibitions Latest Post Read 174 times