ရေကြောင်းတက္ကသိုလ်သို့ ဝင်ခွင့်ဖြေဆိုခွင့် ရရှိသူများစာရင်း

 

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊  မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းသို့ လျှောက်ထားသူများအနက် ဝင်ခွင့်ဖြေဆိုခွင့်ရရှိသူများစာရင်းအား ထုတ်ပြန်ကြေညာလိုက်သည်။

 

တက္ကသိုလ်ဝင်ခွင့်အတွက် ဆေးစစ်ရန်နှင့် လူတွေ့စစ်ဆေးခြင်းဖြေဆိုရမည့် ကျောင်းသားစာရင်းကို http://mmu.edu.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

ဝင်ခွင့်ဖြေဆိုခွင့်ရရှိသူများသည် ဆေးစစ်ရန်နှင့် လူတွေ့စစ်ဆေးခြင်းဖြေဆိုရန် အဆိုပါတက္ကသိုလ်သို့ ပူးတွဲပါအစီအစဥ်အတိုင်း လူကိုယ်တိုင် မပျက်မကွက် သွားရောက်ရမည်။

 

ဝင်ခွင့်သွားရောက်ဖြေဆိုသည့်အခါ  အနောက်တိုင်းဝတ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ (အနောက်ခံအဖြူရောင် ၊ Size အလျား 1¼"× အနံ 1½") ဓာတ်ပုံ (၁၀) ပုံ ၊ မိဘနှစ်ပါးနှင့် မိမိ သုံးဦးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ တို့ကို တစ်ပါတည်းယူဆောင်သွားရမည်။ 

 

မျက်စိစမ်းသပ်ရမည့်အစီအစဥ်၊ ကျန်းမာရေးဆေးစစ်မည့်အစီအစဥ်နှင့် လူတွေ့စစ်ဆေးမည့်အစီအစဥ်တို့ကို အထက်ဖော်ပြပါလင့်ခ်တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်သည်။

 

နောက်ဆုံးအဆင့် ရွေးချယ်ခံရသူများကို ၁၂.၁၁.၂၀၂၄ ရက်နေ့တွင် တက္ကသိုလ်၏ Website တွင် ကြေညာထားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် ၁၄.၁၁.၂၀၂၄ ရက်မှ ၆.၁၂.၂၀၂၄ ရက်အတွင်း တက္ကသိုလ်မှတ်ပုံတင်လျှောက်လွှာတင်သွင်းရမည်။


တက္ကသိုလ်၏ ပထမနှစ်သင်တန်းများကို ၂၁.၁၁.၂၀၂၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

=========================

နောက်ဆုံးရ ပညာရေးသတင်းများနှင့် ပညာ​ရေးဆိုင်ရာ ဗဟုသုတအကြောင်းအရာများကို ဖတ်ရှုဖို့ Telegram Channel ကိုလည်း Join ထားဖို့ မမေ့ပါနဲ့။

> https://t.me/eudcationguide

Latest Post Local News University / College Read 683 times