၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန် (၁၁) ရက်တွင် ထုတ်ပြန်ကြေညာမည်

 

၂၀၂၄ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၄ခုနှစ်၊ ဧပြီလနှင့် မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၁၁-၆-၂၀၂၄ (အင်္ဂါနေ့)၊ နံနက် (၆း၀၀) နာရီအချိန်၌ ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။

 

အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည် ဖြစ်ပါသည်။

 

အောင်စာရင်းထုတ်ပြန်မည့် ၁၁-၆-၂၀၂၄ ရက်နေ့၊ နံနက် (၄) နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သော www.myanmarexam.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ပါသည်။

 

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို Website မှ အသိပေးထုတ်ပြန်ကြေညာမည့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်အဆက်အသွယ်ကောင်းစွာ မရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံရေဒီယို အစီအစဉ်မှလည်း အောင်စာရင်းထွက်သည့်နေ့တွင် ကြေညာပေးပါမည်။

 

အောင်စာရင်းနှင့်ပတ်သက်၍ မရှင်းလင်းသည်များရှိပါက အောင်စာရင်းထုတ်ပြန်မည့် ၁၁-၆-၂၀၂၄ (အင်္ဂါနေ့)တွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဖုန်းနံပါတ် ၀၁-၆၅၃၅၀၉ နှင့် ၀၁-၆၅၃၄၆၇ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။


‏‏‎‏‏မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ပညာရေးဝန်ကြီးဌာန

 

Latest Post Local News Read 2247 times