Sales Hotline : 09448001653       Download App



စိုက်ပျိုး၊ မွေးမြူရေးကို စိတ်ဝင်စားသူများအတွက် စိုက်ပျိုးရေးသိပ္ပံကျောင်း (၁၅) ခု

ဗဟိုစိုက်ပျိုးရေး သုတေသနနှင့် လေ့ကျင့်ပညာပေးဌာန (CARTC) နှင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံ ဌာနခွဲ၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိသည်။

 

အဆိုပါ စိုက်ပျိုးရေးသိပ္ပံကျောင်း (၁၅) ခုမှာ…

  • စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား)
  • စိုက်ပျိုးရေးသိပ္ပံ (သထုံ)  
  • စိုက်ပျိုးရေးသိပ္ပံ (မြောင်းမြ)
  • စိုက်ပျိုးရေးသိပ္ပံ (ရွှေဘို) 
  • စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး)
  • စိုက်ပျိုးရေးသိပ္ပံ (ပွင့်ဖြူ)
  • စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)
  • စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်) 
  • စိုက်ပျိုးရေးသိပ္ပံ (ဟဲဟိုး)
  • စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)
  • စိုက်ပျိုးရေးသိပ္ပံ (ဒီးမော့ဆို)
  • စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) 
  • စိုက်ပျိုးရေးသိပ္ပံ (လုံပီး)
  • စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)
  • စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း) တို့ ဖြစ်သည်။

 

တက္ကသိုလ်ဝင်တန်းကို ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်အတွဲဖြင့် အောင်မြင်သူများသည် စိုက်ပျိုးရေး ဒီပလိုမာသင်တန်းသို့လည်းကောင်း၊ ဇီဝဗေဒဘာသာရပ်အတွဲဖြင့် အောင်မြင်သူများသည် မွေးမြူရေး ဒီပလိုမာသင်တန်းသို့လည်းကောင်း လျှောက်ထားနိုင်ပြီး အသက်(၂၂) ထက် မကြီးသူ ဖြစ်ရန် လိုအပ်သည်။

 

စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ သင်တန်းကာလမှာ (၃) နှစ် ဖြစ်ပြီး စိုက်ပျိုးရေးသိပ္ပံများ၏ ပညာသင်နှစ်သည် နိုဝင်ဘာလ (၁၅) ရက်နေ့တွင် စတင်ပြီး၊ နောက်နှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် ပြီးဆုံးသည်။ ပထမနှစ်ဝက်သည် နိုဝင်ဘာလ (၁၅) ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ ဖြစ်ပြီး ဒုတိယနှစ်ဝက်သည် ဇွန်လ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အထိ ဖြစ်သည်။

 

သင်ကြားရေးတွင် ဘာသာရပ်အလိုက် လက်တွေ့လုပ်ငန်းကို နံနက်ကွင်းဆင်းခြင်း၊ လက် တွေ့ခန်း၌ ဆောင်ရွက်ခြင်းနှင့် ကျူတိုရီရယ်တို့ဖြင့် လေ့ကျင့် သင်ကြားပေးပြီး စဉ်ဆက်မပြတ် အကဲဖြတ်သောစနစ် ( Continuous Assessment) ဖြင့် ကျောင်းသား၏ သင်ယူမှုကို အမှတ်ပေးခြင်း ဖြစ်သည်။ 

 

နံနက်ကွင်းဆင်းလုပ်ငန်း၊ လက်တွေ့ခန်းလုပ်ငန်းနှင့် ကျူတိုရီရယ်တို့ကိုလည်း ဘာသာရပ်အလိုက် အမှတ်ပေးထားပြီး Informal test, Practical Exam, Field Trip Report Assignment, Oral Exam နှင့် ရေးဖြေ Semester Exam တို့ကို ဘာသာရပ်အလိုက် အချိုးကျ ခွဲ‌ဝေ အမှတ်ပေးသည်။

 

ပညာသင်နှစ်တစ်နှစ်တွင် Semester (၂) ခု ပိုင်းခြားထားပြီး Semester တစ်ခုလျှင် အမှတ် ၅၀% စီဖြင့် စုစုပေါင်း အမှတ် (၁၀၀) တွင် စိုက်ပျိုးရေးဘာသာတစ်ခု၌ (၅၀) မှတ်နှင့် စာပေဘာသာ တစ်ခုစီ၌ (၄၀) မှတ် ရရှိမှသာ အအောင်ပေးသည်။

 

စိုက်ပျိုးရေးသိပ္ပံ ကျောင်းများမှ အောင်မြင်သူများက စိုက်ပျိုးရေးဒီပလိုမာ (Diploma in Agriculture)(Dip.Agri) အောင်လက်မှတ်နှင့် မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) (Dip.AH) အောင်လက်မှတ်ကို ရရှိမည် ဖြစ်သည်။

 

စိုက်ပျိုးရေးသိပ္ပံများမှ (၃) နှစ် အမှတ်ပေါင်းဖြင့် ထူးချွန်စွာ အောင်မြင်သူများကို စိုက်ပျိုး ရေးတက္ကသိုလ် တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရရှိမည် ဖြစ်ပြီး မွေးမြူရေးဒီပလိုမာ ထူးချွန်သူသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (B.A.Sc) သင်တန်းသို့ တက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့် ရရှိမည် ဖြစ်သည်။

 

စိုက်ပျိုးရေးသိပ္ပံ ကျောင်းများ၏ ရည်ရွယ်ချက်မှာ…

  • အလယ်အလတ်အဆင့် စိုက်ပျိုးရေး/ မွေးမြူရေး အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများ မွေးထုတ်ရန်

  • သက်ဆိုင်ရာသင်တန်းဌာန၊ စိုက်ပျိုးရေးသိပ္ပံများ တည်ရှိရာဒေသ၏ စံပြစိုက်ကွင်းများ ဖြစ်စေရန်

  • သင်ကြား တတ်မြောက်ထားသည့် ပညာရပ်ဖြင့် တောင်သူလယ်သမားများအား ခေတ်မီ စိုက်ပျိုးရေး/ မွေးမြူရေး နည်းပညာများ ပြန်လည်ဆင့်ပွား ပညာပေးသူများ ဖြစ်စေရေး စနစ်တကျ ပျိုးထောင်ပေးရန်

  • ဒေသတွင်းရှိ လယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေ တိုးတက်ရန်နှင့် လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်‌ရေး အထောက်အကူပြုရန် တို့ ဖြစ်သည်။

 

စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ တည်နေရာကို အောက်တွင် ဖော်ပြထားသည်။

 

စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) 

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်တွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (သထုံ) 

မွန်ပြည်နယ်၊ သထုံမြို့၏ မြောက်ဘက် (၃)မိုင်နှင့် ရန်ကုန်မြို့မှ (၁၄၇) မိုင်အကွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးတွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (မြောင်းမြ)

မြောင်းမြမြို့၏ အနောက်ဘက် (၂) မိုင်အကွာ၊ မြို့ပတ်လမ်းဟောင်းပေါ်တွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (ရွှေဘို) 

ရွှေဘိုမြို့၏ အနောက်ဘက် (၁၀) မိုင်အကွာ၊ ရွှေဘို-ရေဦး ကားလမ်းဟောင်းပေါ်တွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး)

ပုသိမ်ကြီးမြို့၏ အရှေ့ဘက် (၂) မိုင်အကွာ

 

စိုက်ပျိုးရေးသိပ္ပံ (ပွင့်ဖြူ) 

မင်းဘူး-စလင်းကားလမ်းဘေး၊ မင်းဘူးမြို့ နှင့် (၂၃)မိုင် အကွာတွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၏ တောင်ဘက် (၁) မိုင် (၄)ဖာလုံ၊ သာယာဝတီမြို့နယ်မှ (၃) မိုင် (၆) ဖာလုံ၊ ရန်ကုန်မြို့မှ (၇၄) မိုင် (၇) ဖာလုံ ကွာဝေးပြီး ရန်ကုန်ပြည်ကားလမ်းတွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်) 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ တောင်ဘက် (၇)မိုင် အကွာ၊ ထားဝယ်- မောင်းမကန်လမ်းရှိ စခန်းကြီးကျေးရွာအနီးတွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (ဟဲဟိုး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့အတွင်း တောင်ကြီးကားလမ်းပေါ်တွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်ဘက် (၇)မိုင် အကွာတွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (ဒီးမော့ဆို)

ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် (၁၀)မိုင်အကွာ၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါ်ငံရောက်ကျေးရွာတွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) 

ကရင်ပြည်နယ်တောင်ပိုင်း၊ ဘားအံ-ဒုံရင်းကားလမ်းမဘေး၊ မိုင်တိုင်အမှတ် ၂/၃၊ ဘားအံနည်းပညာတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။

 

စိုက်ပျိုးရေးသိပ္ပံ (လုံပီး)

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီးကျေးရွာတွင် တည်ရှိပြီး ယခင် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်ခဲ့သောနေရာ ဖြစ်သည်။

 

စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အဝင်၊ ယခင် စိုက်ပျိုးရေး မွေးမြူရေး အထက်တန်းကျောင်း ဖွင့်လှစ်ခဲ့သောနေရာ ဖြစ်သည်။

 

စိုက်ပျိုးရေးသိပ္ပံ (ဟုမ္မလင်း)

ဟုမ္မလင်းမြို့၏ တစ်ဖက်ကမ်း၊ ကတ်သာကျေးရွာအုပ်စု၊ ကတ်သာရွာအနီးမှ (၂) မိုင်ခန့်အကွာရှိ ကတ်သာ-အောင်ဇေယျလမ်းမဘေး၊ ကတ်သာ-မိုပိုင်း လွတ်လမ်းမဘေးတွင် တည်ရှိသည်။

Government School Latest Post Vocational Read 357 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176