Sales Hotline : 09448001653       Download App



ဖေဖော်ဝါရီ (၂၇) မှာ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရမည်

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

 

ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား/သူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့၊ အင်္ဂါနေ့မှ စ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ကြေညာချက်အရ သိရပါသည်။။

 

အခြေခံပညာ အထက်န်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/သူများသည် မိမိတို့၏  စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရပါမည်။

 

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲ ဖြေဆိုခွင်ကတ်ပြားများကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးထံမှ ထုတ်ယူကြရပါမည်။

 

ကျောင်းသား/သူများအနေဖြင့် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာမှာ အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။ 

Latest Post Local News Read 423 times