Sales Hotline : 09448001653       Download App



ဆေးတက္ကသိုလ်၊ သွားဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များသို့ ဝင်ခွင့်ရရှိသူများ

၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ ဝင်ခွင့်ရရှိသူများ စာရင်းကို ဖော်ပြလိုက်ပါသည်။

 

ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် နေပြည်တော်ရှိ ယင်းတက္ကသိုလ်များသို့ ပထမနှစ်သင်တန်း ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ စာရင်းကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်သည်။ 

 

ဝင်ခွင့်ရသူများ စာရင်း (Part 1) 

https://um1yangon.edu.mm/wp-content/uploads/2023/11/Uni-Entrance-Nov2023-Part-1.pdf 

 

ဝင်ခွင့်ရသူများ စာရင်း (Part 2)

https://um1yangon.edu.mm/wp-content/uploads/2023/11/Uni-Entrance-Nov2023-Part-2.pdf 
 

Advertisement

Click Here > Winpex Blind

 

ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ မိမိစရိတ်ဖြင့် ဝင်ခွင့်ရရှိသည့် ကျောင်းသား/သူများစာရင်းကိုလည်း အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်သည်။ 

 

မိမိစရိတ်ဖြင့် ဝင်ခွင့်ရသူများ စာရင်း

https://um1yangon.edu.mm/wp-content/uploads/2023/11/Uni-Entrance-Nov2023-Own.pdf 

 

အထက်ဖော်ပြပါ တက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများကို နိုဝင်ဘာလ (၂၃) ရက်၊ ကြာသပတေးနေ့တွင် ဖွင့်လှစ်မည် ဖြစ်ပြီး ၀င်ခွင့်ရ ကျောင်းသား၊ကျောင်းသူများသည် မိမိတို့ဝင်ခွင့်ရသည့် တက္ကသိုလ်၏ မော်ကွန်းထိန်းထံသို့ နိုဝင်ဘာလ (၁၆) ရက်၊ ကြာသပတေးနေ့မှ စတင်၍ သတင်းပို့ရမည် ဖြစ်သည်။

 

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်၊ တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်ထားသည့် အမှတ်စာရင်း (မူရင်း)၊ ကျောင်းသား၊ ကျောင်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း) တို့ကို သက်ဆိုင်ရာ တက္ကသိုလ်သို့ တင်ပြရမည် ဖြစ်ပြီး နိုဝင်ဘာလ (၂၂) ရက်၊ သောကြာနေ့အထိ သတင်းပေးပို့ ကျောင်းအပ်နှံခြင်း မရှိသူများအား ၀င်ခွင့်စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း သိရသည်။

Government School Latest Post Local News Read 1206 times