Sales Hotline : 09448001653       Download App



မန္တလေး သမဝါယမကောလိပ်မှ သင်ကြားပေးနေသည့် ဘာသာရပ်များနှင့် ဘွဲ့များ

၁၉၇၉ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့တွင် မကွေးတိုင်းနှင့် မန္တလေးတိုင်း သမဝါယမသင်တန်းကျောင်းအဖြစ် စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်တွင် မန္တလေးသမဝါယမဒေသကောလိပ်အဖြစ်၊ (၂၅-၃-၂၀၀၃ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့တွင် မန္တလေးသမဝါယမကောလိပ်အဖြစ်၊ ၂၀၀၄ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် သမဝါယမကောလိပ် (မန္တလေး) အဖြစ်သို့ အဆင့်ဆင့် အမည်ပြောင်းလဲ ဖွင့်လှစ်ခဲ့သည်။

 

တက္ကသိုလ်ဝင် စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင် ပြီးမြောက်သူများအနေဖြင့် ဝင်ခွင့်လျှောက်ထားနိုင်ပြီး လျှောက်ထားလာသူများအနက် တက္ကသိုလ်/ ကောလိပ် အလိုက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အပေါ် မူတည်၍ စိစစ်ရွေးချယ်မည် ဖြစ်သည်။

 

ဝင်ခွင့်လျှောက်လွှာများအား တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်များ၊ သမဝါယမကောလိပ်များနှင့် ယွန်းပညာ ကောလိပ် (ပုဂံ)တွင် ဝယ်ယူ လျှောက်ထားနိုင်သည်။

 

သင်ကြားသည့် ဘာသာရပ်များ

  • မြန်မာစာ
  • အင်္ဂလိပ်စာ
  • သင်္ချာ
  • ကွန်ပျူတာ
  • ပထဝီဝင်ပညာ
  • စာရင်းကိုင်
  • သမဝါယမပညာ
  • ဘောဂဗေဒ
  • စာရင်းအင်းပညာ
  • စီမံခန့်ခွဲမှုပညာ


 

Advertisement

Click Here > Lyfe

 

အထက်ပါ ဘာသာရပ်များအတွက် သင်ကြားမှု သင်တန်းကာလမှာ ဘွဲ့အတွက် သင်တန်းကာလ (၄) နှစ်စီနှင့် ဒီပလိုမာများအတွက် သင်တန်းကာလမှာ (၂) နှစ်စီ ဖြစ်ပြီး ပေးအပ်သည့် ဘွဲ့ဒီဂရီများမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုဒီပလိုမာ

Diploma in Social Enterprise Management (Dip. S.E.M)

 

ဒေသဆိုင်ရာဖွံ့ဖြိုးမှုဒီပလိုမာ

Diploma in Regional Development (Dip. R.D)

 

စီးပွားရေးလုပ်ငန်းစာရင်းကိုင်ဒီပလိုမာ

Diploma in Business Accounting (Dip. B.Acct)

 

ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုဒီပလိုမာ

Diploma in Marketing Management (Dip. M.M)

 

အသုံးချစာရင်းအင်းဒီပလိုမာ

Diploma in Applied Statistics (Dip. A.S)

 

သမဝါယမ ကောလိပ်များတွင် ဖွင့်လှစ်သော ဒီပလိုမာ ဒုတိယနှစ်သင်တန်းသို့ တက်ရောက် အောင်မြင်သူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်/စစ်ကိုင်း) တို့တွင် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တတိယနှစ်သင်တန်းသို့ ပေါင်းကူး တက်ရောက်ခွင့် ရှိသည်။

 

မန္တလေးသမဝါယမကောလိပ်အကြောင်းနှင့် ကျောင်းသားတက်ရောက်မှုနှင့် ဝင်ခွင့်ခေါ်ယူမှု အခြေအနေ စသည်တို့ကို အောက်ပါလင့်ခ်တွင် အသေးစိတ် ဝင်ရောက် လေ့လာနိုင်သည်။

> https://mcrd.gov.mm/index.php?page=YWJvdXQmODY9Y29vcF9tZHlfY29sbGVnZQ== 

 

သန်လျင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်

စစ်ကိုင်း သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်

သမဝါယမ သင်တန်းကျောင်း၏ သမိုင်းကို အစပြုခဲ့သည့် ဖောင်ကြီးသမဝါယမကောလိပ်

Government School Government School Latest Post Vocational Read 710 times