Sales Hotline : 09448001653       Download App



စိုက်ပျိုးရေးမဟာသိပ္ပံ သင်တန်းဝင်ခွင့် သတ်မှတ်ချက်များနှင့် အထူးပြုဘာသာရပ်များ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် သင်ကြားပို့ချမည့် စိုက်ပျိုးရေးမဟာသိပ္ပံ (M.Agr.Sc.) သင်တန်းသို့ လုပ်ငန်း/ဌာန အသီးသီးမှ တက်ရောက်လိုသည့် ဝန်ထမ်းများ ဝင်ခွင့် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

သင်ကြားမည့် အထူးပြုဘာသာရပ်များ 

  • Agronomy
  • Agricultural Extension
  • Plant Breeding, Physiology & Ecology @ Food Science and Technology
  • Soil & Water Science
  • Plant Pathology
  • Entomology
  • Horticulture
  • Agricultural Economics
  • Agricultural Microbiology
  • Agricultural Biotechnology
  • Molecular Biology and Biotechnology
  • Food Engineering and Technology 
  • Climate Change and Sustainability

 

တက္ကသိုလ်၏ ကြေညာစာတွင် ပါဝင်သော ဘာသာရပ်များကိုသာ လျှောက်ထားရမည်ဖြစ်ပြီး ကမ်းလှမ်းခြင်း မရှိသော ဘာသာရပ်များအတွက် လျှောက်လွှာကို ပယ်ချမည် ဖြစ်ကြောင်း သိရသည်။

 

Advertisement

Click Here > Ko Tin Aung 

 

သင်တန်းသတ်မှတ်ချက်များ

  • လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • ဝန်ထမ်းဖြစ်ပါက အောက်တိုဘာလ (၂၇) ရက်နေ့တွင် လုပ်သက်အနည်းဆုံး (၂) နှစ်ပြည့်ပြီး အသက် (၄၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
  • သင်တန်းကာလမှာ (၂) နှစ်မှ (၃) နှစ်ဖြစ်၍ အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက မဟာသိပ္ပံသင်တန်းသို့ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာလုပ်ငန်း/ဌာန အကြီးအကဲ၏ ထောက်ခံစာ ပူးတွဲတင်ပြရမည်။ 
  • စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) နောက်ဆုံးနှစ်စာမေးပွဲ၌ မဟာသိပ္ပံသင်တန်း တက်ရောက်ရန် အရည်အချင်းပြည့်မီ (Qualified) ရရှိသူ ဖြစ်ရမည်။ စိုက်ပျိုးရေး ဘွဲ့လွန်ဒီပလိုမာ (PostgradDip.Ag.Sc.) ရရှိပြီးသူများသည် (Grade Point Average 4.5 နှင့် အထက်) ရရှိရမည်။ Food Engineering and Technology ဘာသာရပ်တွင် မဟာသိပ္ပံသင်တန်းအတွက် စိုက်ပျိုးရေးပညာဘွဲ့၊ မွေးမြူရေးဆိုင်ရာ ဆေးပညာဘွဲ့၊ အစားအစာသိပ္ပံဘာသာနှင့် ဆက်နွယ်သည့် သိပ္ပံဘွဲ့ တစ်ခုခုရရှိသူများနှင့် အင်ဂျင်နီယာဘွဲ့ ရရှိသူများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူများသည် နောက်ဆုံးနှစ် စာမေးပွဲ၌ မဟာသိပ္ပံသင်တန်း တက်ရောက်ရန် အရည်အချင်းပြည့်မီ (Qualified) ဖြစ်ရမည်။

 

လျှောက်ထားလိုသူများသည် သတ်မှတ်ထားသည့် လျှောက်လွှာနှင့်အတူ ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ အောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ၊ အမှတ်စာရင်း မိတ္တူနှင့် ပတ်စ်ပို့အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံတို့ ပူးတွဲ၍ မိမိတို့ လုပ်ငန်းဌာန၊ ရုံးချုပ်မှ တစ်ဆင့် လျှောက်ထားရမည် ဖြစ်ပြီး ကြိုတင်မိတ္တူ တစ်စောင်ကို ဤတက္ကသိုလ်သို့ ပေးပို့ရမည်။ 

 

သက်ဆိုင်ရာ လုပ်ငန်းဌာန၊ ရုံးချုပ်မှ စိစစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် လျှောက်လွှာများကို အောက်တိုဘာလ (၂၇) ရက်နေ့ နောက်ဆုံးထား၍ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ ပေးပို့ရမည် ဖြစ်သည်။

 

ဝင်ခွင့် နှုတ်မေးစာမေးပွဲ အချိန်စာရင်း

နေ့ရက် - နိုဝင်ဘာလ (၁၄) ရက်၊ အင်္ဂါနေ့

အချိန် - နံနက် (၉) နာရီ

 

နှုတ်မေးစာမေးပွဲဖြေဆိုခွင့် ရရှိသူများသည် စာမေးပွဲကြေး (၁,၀၀၀) ကျပ်ကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၀) ရက်နေ့ထိ တက္ကသိုလ် ငွေကိုင်ဌာနသို့ ပေးသွင်းရမည် ဖြစ်သည်။

 

စာမေးပွဲ အောင်မြင်သူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမစာသင်နှစ်ဝက် (First Semester) မှ စတင်၍ စိုက်ပျိုးရေးမဟာသိပ္ပံ (M.Agr.Sc.) သင်တန်းသို့ တက်ရောက်ရမည် ဖြစ်သည်။

Latest Post Local News Government School Read 382 times