Sales Hotline : 09448001653       Download App



ရေဆင်းတက္ကသိုလ်သို့ ပါရဂူသင်တန်း လျှောက်လွှာများအား အောက်တိုဘာ (၂၇) ရက် နောက်ဆုံးထား ပေးပို့ရမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ လာမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြား ပို့ချမည့် ပါရဂူ (Ph.D) သင်တန်းသို့ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။ 

 

လုပ်ငန်း/ဌာန အသီးသီးမှ တက်ရောက်လိုသည့်ဝန်ထမ်းများ ဝင်ခွင့် လျှောက်ထားနိုင်ပြီး ပါရဂူသင်တန်းအတွက် သင်ကြားပေးမည့် အထူးပြု ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

  • Agronomy
  • Plant Breeding, Physiology & Ecology 
  • Soil & Water Science
  • Plant Pathology
  • Entomology
  • Horticulture
  • Agricultural Economics 
  • Oil 
  • Agricultural Extension @Food Science and Technology 
  • Agricultural Microbiology
  • Food Engineering and Technology
  • Climate Change and Sustainability

 

တက္ကသိုလ်၏ ကြေညာစာတွင် ပါဝင်သော ဘာသာရပ်များကိုသာ လျှောက်ထားရမည်ဖြစ်ပြီး ကမ်းလှမ်းခြင်း မရှိသော ဘာသာရပ်များအတွက် လျှောက်လွှာကို ပယ်ချမည် ဖြစ်ကြောင်း သိရသည်။

 

Advertisement

Click Here > HTUN Plastic 
 

ပါရဂူဘွဲ့သင်တန်း သတ်မှတ်ချက်များ

  • လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရမည်။
  • ပါရဂူသင်တန်းတွင် ပြဌာန်းထားသော သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့ (M.Agr.Sc.) သို့မဟုတ် ၄င်းနှင့် အဆင့်ညီ ရရှိသူသာလျှင် လျှောက်ထားခွင့် ရှိသည်။ အစားအစာအင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်တွင် စိုက်ပျိုးရေးပညာမဟာဘွဲ့၊ မွေးမြူရေးဆိုင်ရာ ဆေးပညာမဟာဘွဲ့၊ အစားအစာသိပ္ပံဘာသာနှင့် ဆက်နွယ်သည့် မဟာဘွဲ့တစ်ခုခုရရှိသူများနှင့် အင်ဂျင်နီယာ မဟာဘွဲ့ ရရှိသူများ လျှောက်ထားနိုင်သည်။
  • ဝန်ထမ်းဖြစ်ပါက အောက်တိုဘာလ (၂၇) ရက်နေ့တွင် လုပ်သက် (၂) နှစ်ပြည့်ပြီး၊ အသက် (၄၅) နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။
  • Preliminary သင်တန်း (၁) နှစ်အပါအဝင် ပါရဂူသင်တန်း (၃-၄) နှစ်ကို အချိန်ပြည့် တက်ရောက်နိုင်သူ ဖြစ်ရမည်။
  • ပါရဂူသင်တန်းသို့ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာလုပ်ငန်း/ဌာန အကြီးအကဲ၏ ထောက်ခံစာ ပူးတွဲတင်ပြရမည်။

 

လျှောက်ထားလိုသူများသည် သတ်မှတ်ထားသည့် လျှောက်လွှာနှင့်အတူ ပညာအရည်အချင်းအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ အောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ၊ အမှတ်စာရင်း မိတ္တူနှင့် ပတ်စ်ပို့အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံတို့ ပူးတွဲ၍ မိမိတို့ လုပ်ငန်းဌာန၊ ရုံးချုပ်မှ တစ်ဆင့် လျှောက်ထားရမည် ဖြစ်ပြီး ကြိုတင်မိတ္တူ တစ်စောင်ကို ဤတက္ကသိုလ်သို့ ပေးပို့ရမည်။ 

 

သက်ဆိုင်ရာ လုပ်ငန်းဌာန၊ ရုံးချုပ်မှ စိစစ်ပြီး သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် လျှောက်လွှာများကို အောက်တိုဘာလ (၂၇) ရက်နေ့ နောက်ဆုံးထား၍ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်သို့ ပေးပို့ရမည် ဖြစ်သည်။

 

ဝင်ခွင့် နှုတ်မေးစာမေးပွဲ အချိန်စာရင်း

နေ့ရက် - နိုဝင်ဘာလ (၁၄) ရက်၊ အင်္ဂါနေ့

အချိန် - နံနက် (၉) နာရီ

 

နှုတ်မေးစာမေးပွဲဖြေဆိုခွင့် ရရှိသူများသည် စာမေးပွဲကြေး (၁,၀၀၀) ကျပ်ကို နိုဝင်ဘာလ (၇) ရက်နေ့မှ (၁၀) ရက်နေ့ထိ တက္ကသိုလ် ငွေကိုင်ဌာနသို့ ပေးသွင်းရမည် ဖြစ်သည်။

 

စာမေးပွဲ အောင်မြင်သူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမစာသင်နှစ်ဝက် (First Semester) မှ စတင်၍ ပါရဂူ ( Ph.D.Preliminary ) သင်တန်းသို့ တက်ရောက်ရမည် ဖြစ်သည်။

 

သင်တန်းတက်ရောက်သူများသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ချမှတ်ထားသော ပညာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ အစိုးရဝတ္တရား (On deputation ) ဖြင့် ပညာဆက်လက် သင်ကြားခွင့်ပြုရေးမူကို သိရှိ လိုက်နာရမည် ဖြစ်သည်။

Government School Latest Post Local News Read 364 times