Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ်တွင် ရပ်နားထားသည့် ဒီပလိုမာသင်တန်းများ ပြန်လည် ဖွင့်လှစ်မည်

ရန်ကုန်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ ဒီပလိုမာသင်တန်း (၁၅) ခုကို ပြန်လည် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း ဌာနမှူး၊ သင်တန်းရေးရာ ရန်ကုန်တက္ကသိုလ်မှ သတင်းထုတ်ပြန်ထားသည်။

 

ယခင် ဖွင့်လှစ်လျက်ရှိသော ဒီပလိုမာသင်တန်းများသည် ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရသဖြင့် အဆိုပါသင်တန်းများကို လာမည့် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ် သင်ကြားပေးမည်ဟု သိရသည်။ 

 

တက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်တိုဘာလ (၁၃) ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ ဘာသာရပ်ဌာနများသို့ ဆက်သွယ်ရမည် ဖြစ်သည်။

 

Advertisement

Click Here > Min Han Terrazzo

 

ပြန်လည် ဖွင့်လှစ်မည့် သင်တန်းများ

  • အပတ်စဉ် -၅ ( Post Graduate Diploma in Myanmar History and Culture) (DMHC)
  • အပတ်စဉ် -၂ (Post Graduate Diploma in Contemporary Myanmar Studies) (DCMS)
  • အပတ်စဉ် -၁၉ (Post Graduate Diploma in Geographic Information System) (Dip/ GIS&RS)
  • အပတ်စဉ် -၃ (Post Graduate Diploma in Environmental Studies) (PGDES)
  • အပတ်စဉ် -၂ (Post Graduate Diploma in Applied Philosophy) (PGDA Phil)
  • အပတ်စဉ် -၁၆ (Diploma in International Relations) (DIR) 
  • အပတ်စဉ် -၆ (Diploma in Political Science) (DPS) 
  • အပတ်စဉ် -၁၆ (Diploma in Gem Identification) (DGI) 
  • အပတ်စဉ် -၂၁ (Diploma in Business Law) (DBL) 
  • အပတ်စဉ် -၁၆ (Diploma in International Law ) (DIL) 
  • အပတ်စဉ် -၁၈ (Diploma in Maritime Law ) (DML) 
  • အပတ်စဉ် -၄ (Diploma in Intellectual Property Law) (DIPL)
  • MA Business Law
  • အပတ်စဉ် -၅ (စာပေဖန်တီးရေးသားမှုနှင့်တည်းဖြတ်မှု အတတ်ပညာ ဒီပလိုမာသင်တန်း)(DCWE)
  • အပတ်စဉ် -၂ (Diploma in Myanmar Language Proficiency for Foreigners) (DMLPF)

 

သင်တန်းနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များကို သက်ဆိုင်ရာ ဘာသာရပ်ဌာနများတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

 

Tel: +95 (9) 8602057

Fax: +95 (0)1 510721

Email: [email protected]

Government School Latest Post Local News Read 1569 times