Sales Hotline : 09448001653       Download App



ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရွှေဘိုနှင့် ကျောက်ဖြူရှိ နည်းပညာကောလိပ် (၅) ခုအကြောင်း

မြန်မာနိုင်ငံတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော အစိုးရနည်းပညာကောလိပ် (၅) ခုရှိပြီး ရန်ကုန် (တောင်ဒဂုံ)၊ မန္တလေး၊ နေပြည်တော်၊ ရွှေဘိုနှင့် ကျောက်ဖြူမြို့တို့တွင် တည်ရှိသည်။

 

အဆိုပါ နည်းပညာကောလိပ်များကို ၎င်းတို့အကြောင်းနှင့် လက်ရှိ ဖွင့်လှစ် သင်ကြားပေးနေသည့် သင်တန်းများ၊ ဘာသာရပ်များအား သိရှိ လေ့လာနိုင်ရန် အောက်တွင် ဖော်ပြထားသည်။

 

အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)

 

တောင်ဒဂုံ အစိုးရနည်းပညာကောလိပ်ကို ၂၀၂၂ ခုနှစ်မှ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ် (၁၀၅) ရပ်ကွက်၊ လှော်ကားလမ်းမကြီးနှင့် ကရုဏာလမ်းထောင့်တွင် တည်ရှိသည်။ ဖွင့်လှစ် သင်ကြားပေးနေသော သင်တန်း (၃) ခုရှိပြီး ပြီးစီး အောင်မြင်ပါက B.Tech ဘွဲ့ ရရှိမည် ဖြစ်သည်။

 

  • မြို့ပြအင်ဂျင်နီယာဘာသာရပ်
  • လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ်
  • စက်မှုအင်ဂျင်နီယာဘာသာရပ်

 

ဆက်သွယ်ရန်

၀၉-၇၅၉၈၁၇၅၃၁၊ ၀၉-၆၆၁၈၀၉၃၁၀

[email protected] 


 

အစိုးရနည်းပညာကောလိပ် (မန္တလေး)

 

အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) ကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှစ၍ အစိုးရနည်းပညာကောလိပ် (မန္တလေး) အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့ပြီး လမ်း (၇၀) နှင့် (၂၈) လမ်းထောင့်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးခရိုင်တွင် တည်ရှိသည်။ ဖွင့်လှစ် သင်ကြားပေးနေသော B-Tech သင်တန်းများနှင့် A.G.T.I ဒီပလိုမာ သင်တန်းများကို အောက်တွင် ဖော်ပြထားသည်။

 

B-Tech သင်တန်းများ

  • မြို့ပြအင်ဂျင်နီယာ
  • စက်မှု့ အင်ဂျင်နီယာ
  • လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ

 

A.G.T.I ဒီပလိုမာ ပုံမှန်သင်တန်းများ

  • မြို့ပြအင်ဂျင်နီယာ
  • အီလက်ထရောနစ် အင်ဂျင်နီယာ
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
  • စက်မှုအင်ဂျင်နီယာ
  • သုတနည်းပညာ
  • စက်မှုလုပ်ငန်းအင်ဂျင်နီယာ

 

A.G.T.I ဒီပလိုမာ ညနေပိုင်း သင်တန်းများ

  • မြို့ပြအင်ဂျင်နီယာ
  • အီလက်ထရောနစ် အင်ဂျင်နီယာ
  • လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ
  • စက်မှုအင်ဂျင်နီယာ
  • သုတနည်းပညာ

 

ဆက်သွယ်ရန်    

၀၂-၄၀၃၉၁၅၇၊ ၀၉-၈၉၇၆၅၃၃၇၅

[email protected] 


 

အစိုးရနည်းပညာကောလိပ် (နေပြည်တော်)

 

နေပြည်တော် အစိုးရနည်းပညာကောလိပ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အသစ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနတွင် တည်ရှိသည်။ အောက်ပါ ဘာသာရပ် (၆) ခုကို လေ့ကျင့် သင်ကြားပေးလျက် ရှိသည်။

 

  • မြို့ပြအင်ဂျင်နီယာ
  • အီလက်ထရောနစ် အင်ဂျင်နီယာ
  • လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
  • စက်မှုအင်ဂျင်နီယာ
  • သုတနည်းပညာ
  • ဗိသုကာဘာသာရပ်

 

ဆက်သွယ်ရန်

၀၆၇-၃၄၂၂၇၂၇၊ ၀၉-၄၅၁၂၄၄၆၅၇

[email protected] 


 

Advertisement

Click Here > Kalar Lay

 

အစိုးရနည်းပညာကောလိပ် (ရွှေဘို)

 

ရွှေဘို နည်းပညာကောလိပ်ကို ၂၀၀၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာ၏ အရှေ့ဘက်တွင် တည်ရှိသည်။ သင်ကြားပေးနေသော A.G.T.I ဒီပလိုမာ သင်တန်းများနှင့် ကာလတိုသင်တန်းများကို အောက်တွင် ကြည့်ရှုနိုင်သည်။

 

A.G.T.I ဒီပလိုမာ သင်တန်းများ

  • သုတနည်းပညာအင်ဂျင်နီယာ
  • မြို့ပြအင်ဂျင်နီယာ
  • အီလက်ထရောနစ် အင်ဂျင်နီယာ
  • လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ
  • စက်မှုအင်ဂျင်နီယာ
  • Farm အင်ဂျင်နီယာ

 

ကာလတိုသင်တန်းများ

  • အုတ်စီသင်တန်း
  • အခြေခံဆိုလာစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း
  • လျှပ်စစ်ဝါယာကြိုး တပ်ဆင်ခြင်းသင်တန်း
  • ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်း
  • အခြေခံကွန်ပျူတာသင်တန်း
  • အခြေခံအီလက်ထရောနစ်သင်တန်း
  • အခြေခံမြေတိုင်းသင်တန်း
  • အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်းသင်တန်း
  • Arduino ထိန်းချုပ်စနစ်သင်တန်း
  • လျှပ်သိုနှိုးမော်တာဝိုင်ဒင်ပြန်ပတ်ခြင်းသင်တန်း
  • အိမ်တွင်းနေ့စဉ်သုံး လျှပ်စစ်ထမင်းပေါင်းအိုး၊ ဒယ်အိုးနီ၊ (၃) မိနစ် ရေနွေးအိုးနှင့် လျှပ်စစ်မီးပူ ပြုပြင် တပ်ဆင်ခြင်း သင်တန်း
  • ဆပ်ပြာခဲ အမျိုးမျိုးနှင့် အလှဖယောင်းတိုင် ပြုလုပ်နည်းသင်တန်း
  • အခြေခံသံချည်သံကွေးသင်တန်း

 

ဆက်သွယ်ရန်    

၀၇၅-၂၁၆၀၆၊ ၉-၂၅၄၃၄၈၈၆၉

[email protected] 


 

အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)

 

ကျောက်ဖြူ နည်းပညာကောလိပ်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် နည်းပညာကောလိပ် (တောင်ဒဂုံ)၊ နည်းပညာကောလိပ် (နေပြည်တော်) တို့နှင့် စတင် ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် တည်ရှိသည်။ သင်ကြားပေးနေသော ဒီပလိုမာသင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

  • မြို့ပြအင်ဂျင်နီယာ
  • သုတနည်းပညာအင်ဂျင်နီယာ
  • လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ
  • စက်မှုအင်ဂျင်နီယာ

 

ဆက်သွယ်ရန်        

၀၄၃-၄၆၆၈၀၊ ၀၉-၄၃၀၇၁၈၂၆

[email protected] 

Government School Latest Post Local News Read 1601 times