Sales Hotline : 09448001653       Download App



သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်မှ ကျောင်းလျှောက်လွှာ စတင် လက်ခံ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် သမဝါယမကောလိပ်များ ( ဖောင်ကြီး၊ မန္တလေး ) နှင့် ယွန်းပညာကောလိပ် ( ပုဂံ ) မှ ပထမနှစ် ကျောင်းသားများ စတင် ခေါ်ယူနေပြီ ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည်။

 

ဒီပလိုမာများအတွက် သင်တန်းကာလမှာ (၂) နှစ်စီ ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာများကို လာမည့် အောက်တိုဘာလ (၁၀) ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ ကျောင်းများနှင့် ဌာနများသို့ ပေးပို့ လျှောက်ထားရမည် ဖြစ်သည်။

 

သင်ကြားပေးမည့် သင်တန်းများ၊ ပေးအပ်မည့် ဒီပလိုမာများ၊ လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊ လျှောက်လွှာပေးပို့နိုင်မည့် နေရာများနှင့် လိပ်စာ၊ ဖုန်းနံပါတ်များကို အောက်တွင် ဖော်ပြထားသည်။

 

သမဝါယမကောလိပ် ( ဖောင်ကြီး၊ မန္တလေး ) တို့မှ ပေးအပ်မည့် ဒီပလိုမာများ

  • Diploma in Social Enterprise Management (Dip. S.E.M)
  • Diploma in Regional Development (Dip. R.D)
  • Diploma in Business Accounting (Dip. B.Acct)
  • Diploma in Marketing Management (Dip. M.M)
  • Diploma in Applied Statistics (Dip. A.S)    

 

ယွန်းပညာကောလိပ် (ပုဂံ) မှ ပေးအပ်မည့် ဒီပလိုမာ

  • Diploma in Lacquerware Technology (Dip. L.T)

 

Advertisement

Click Here > Phyo Thu Kha

 

အထက်ပါ ဒီပလိုမာသင်တန်းများကို သင်တန်းကာလ (၂) နှစ် ပြီးမြောက် အောင်မြင်သူများသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တို့တွင် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အလိုက် တတိယနှစ်သင်တန်းသို့ တက်ရောက်ခွင့် ရှိသည်။

 

အဆိုပါ သင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို (မည်သည့်ဘာသာတွဲဖြင့်မဆို) အောင်မြင်သူ ဖြစ်ရန် လိုအပ်ပြီး သမဝါယမကောလိပ် အသီးသီးသို့ လျှောက်ထားလာသူများအနက် ကောလိပ်အလိုက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ်အများအနည်းအလိုက် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

လျှောက်လွှာနှင့်အတူ ပူး တွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ (သို့) အောင်ကြောင်း ထောက်ခံစာမူရင်း
  • အမှတ်စာရင်း မူရင်း

 

လျှောက်လွှာနှင့် လမ်းညွှန်များကို သမဝါယမ ဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ်ရုံး)၊ တိုင်းဒေသကြီး/ပြည်နယ်/ မြို့နယ် သမဝါယမ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများ၊ သမဝါယမကောလိပ်များနှင့် ယွန်းပညာကောလိပ်တို့တွင် ဝယ်ယူ လျှောက်ထားနိုင်သည်။

 

လျှောက်လွှာပိတ်ရက်မှာ အောက်တိုဘာလ (၁၀) ရက်နေ့ ဖြစ်ပြီး အသေးစိတ်သိလိုသော အချက်အလက်များကို ၀၆၇-၃၄၁၀၃၄၃၊ ၀၆၇-၃၄၁၀၂၇၃၊ ၀၂-၄၀၅၇၁၉၆၊ ၀၁-၈၆၂၆၀၇၄ နှင့် ၀၆၁-၂၄၆၀၂၆၇ များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

Latest Post Local News Government School Read 608 times