Sales Hotline : 09448001653       Download App



သန်လျင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ်မှ ပထမနှစ်ကျောင်းသားများ စတင် ခေါ်ယူ

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) မှ ပထမနှစ် ကျောင်းသားများ စတင် ခေါ်ယူနေပြီ ဖြစ်ပြီး စက်တင်ဘာလ (၁) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။

 

ဘွဲ့အားလုံးအတွက် ပညာသင်နှစ် ကာလမှာ အချိန်ပြည့် (၄) နှစ် ဖြစ်ပြီး ဖွင့်လှစ်မည့် သင်တန်းများနှင့် ပေးအပ်မည့် ဘွဲ့များမှာ အောက်ပါအတိုင်း ဖြစ်သည်။

 

  • စီးပွာရေးသိပ္ပံဘွဲ့ ( ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ )
  • B.BSc ( Regional Development )

 

  • စီးပွာရေးသိပ္ပံဘွဲ့ ( စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ )
  • B.BSc ( Accounting and Finance )

 

  • စီးပွာရေးသိပ္ပံဘွဲ့ ( အသုံးချစာရင်းအင်းပညာ )
  • B.BSc ( Applied Statistics )

 

  • စီးပွာရေးသိပ္ပံဘွဲ့ ( ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ ) 
  • B.BSc ( Marketing Management )

 

  • စီးပွာရေးသိပ္ပံဘွဲ့ ( လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ ) 
  • B.BSc ( Social Enterprise Management )


 

လျှောက်လွှာနှင့်အတူ ပူးတွဲ တင်ပြရမည့် စာရွက်စာတမ်းများ

  • တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မိတ္တူ
  • အမှတ်စာရင်းမူရင်း
  • ပတ်စပို့စ်ဆိုဒ် (1.3"x1.1") ဓာတ်ပုံ-၄ပုံ
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ

 

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သို့ လျှောက်ထားသူများအနက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ်အများအနည်းအလိုက် စိစစ် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။


 

Advertisement

Click Here > Royal Myanmar Steel Brothers

 

လျှောက်ထားနိုင်မည့် ဝက်ဆိုက်ဒ်များနှင့် နေရာများ

 

အွန်လိုင်းမှ လျှောက်ထားလိုသူများအနေဖြင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာပုံစံကို စက်တင်ဘာလ (၁) ရက်၊ သောကြာနေ့မှ စတင်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website http://www.mcrd.gov.mm နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) Website http://www.ucmt.edu.mm တို့မှ ရယူ လျှောက်ထားနိုင်သည်။

 

လူကိုယ်တိုင် လျှောက်ထားလိုသူများအနေဖြင့် ပထမနှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာပုံစံကို

  • သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်)၊ သင်တန်းရေးရာဌာနမှ ရယူ၍ စာတိုက်မှ ဖြစ်စေ၊
  • သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်ရှိ သမဝါယမ ဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတစ်ဆင့် ပေးပို့၍ ဖြစ်စေ၊ 
  • သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ သင်တန်းရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားနိုင်သည်။

 

ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သို့ တိုက်ရိုက် လျှောက်ထားရမည် ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာတွင် ဖြည့်စွက်ထားသည့် အချက်များ ပြည့်စုံ မှန်ကန်ခြင်း မရှိပါက ထည့်သွင်းစဉ်စားမည် မဟုတ်ကြောင်း ကြေညာထားသည်။

 

တက္ကသိုလ်ဝင်ခွင့် ရရှိသူများကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝက်ဆိုက်ဒ်နှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) ဝက်ဆိုက်ဒ်တွင်လည်း ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

၀၉၇၉၅၃၀၀၁၅၁ 

Latest Post Local News Government School Read 983 times