ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အိမ်တွင်းသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားပေးမည်ဟု သိရသည်။
သင်ကြားပေးမည့် အိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းများမှာ…
အထက်ပါ မြို့ (၁၀) မြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ သင်တန်းအပတ်စဉ် (၃/၂၀၁၃) ကျောင်းအခြေပြုသင်တန်းကို ယခုဇူလိုင်လ (၂၄) ရက်နေ့မှ စက်တင်ဘာလ (၁) ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်သည်။
တက်ရောက်လိုသော သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အောက်ပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများသို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်း၍ တက်ရောက်နိုင်ကြောင်း သိရသည်။
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ရန်ကုန် )
အမှတ် ၁၃၅၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း - ၀၉ ၄၂၇၉၀၀၀၄၆
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( မန္တလေး )
အမှတ် ၁၆၉၊ ၈၃ လမ်း၊ ၂၅ -၂၆ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်၊ စစ်ကိုင်းတန်းရပ်၊ မန္တလေးမြို့
ဖုန်း - ၀၂ ၄၀၃၆၇၉၈
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( မော်လမြိုင် )
ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့
ဖုန်း - ၀၅၇ ၂၀၂၇၁၆၆
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( တောင်ငူ )
အမှတ် (၈)ရပ်ကွက်၊ စည်သူလမ်း၊ ဘူတာအနီး၊ တောင်ငူမြို့
ဖုန်း - ၀၅၄ ၂၃၅၇၁
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( မြစ်ကြီးနား )
အမှတ် (၉)၊ ရှမ်းမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့
ဖုန်း - ၀၇၄ ၂၅၂၂၅၅၈
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ဖျာပုံ )
ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေး ကားလမ်းဘေး၊ ဖျာပုံမြို့
ဖုန်း - ၀၉ ၄၅၅၇၈၈၀၂၁
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ပုသိမ် )
အမှတ် ၂ ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့
ဖုန်း - ၀၄၂ ၂၅၃၇၃၊ ၀၄၂ ၂၁၀၇၃
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( စစ်တွေ )
မေယုလမ်း၊ လေယာဉ်ကွင်းအနီး၊ မန်ကျည်းမြိုင်ရပ်ကွက်၊ စစ်တွေမြို့
ဖုန်း - ၀၄၃ ၂၁၀၆၇
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ရွာငံ )
အမှတ် (၈၂)၊ အင်းကုန်းငါးဆူ ကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာ၊ ရွာငံမြို့
ဖုန်း - ၀၉ ၇၈၁၁၁၆၂၇၂
အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ( ထားဝယ် )
အကွက်အမှတ် (၂၄)၊ ဆန်ချီအနောက်ကွင်း၊ ထား၀ယ်မြို့
ဖုန်း - ၀၅၉ ၂၀၂၄၀၀၉
လူမှုဝန်ထမ်း ဦးစီးဌာနမှ ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် (၈) ခု၊ အပတ်စဉ်တစ်ခုလျှင် (၂၆) ရက်ကြာ သင်ကြားပေးနေပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများတွင် စနေ၊ တနင်္ဂနွေနေ့များလည်း အထူးသင်တန်းများအား ဖွင့်လှစ် သင်ကြားလျက် ရှိသည်။