အသက်၁၈နှစ်ပြည့်ပြီးသူတိုင်းတက်ရောက်နိုင်သည့် စပိန်နိုင်ငံက ကမ္ဘာ့အရေးဆွေးနွေးပွဲကြီး

စပိန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် နယ်ပယ်အသီးသီးကပညာရှင်များကို  ရွေးချယ်ပြီးကမ္ဘာ့အရေးဆွေးနွေးနိုင်တဲ့ ပွဲမှာ မြန်မာနိုင်ငံက အသက် ၁၈နှစ်ပြည့်ပြီးသူ လူငယ်/လူကြီးတိုင်း တက်ရောက်နိုင်တဲ့ အကြောင်းလေးတစ်ခု Sharing လုပ်ပေးချင်ပါတယ်။

 

ဒါကတော့ HISA Youth Dialogue လို့ခေါ်တဲ့ ပွဲလေးပါ။ ဒီပွဲမှာဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ ပါဝင် တက်ရောက်သူတွေအနေနဲ့နိုင်ငံတကာကအသိပညာရှင်၊အတတ်ပညာရှင်တွေနဲ့ဆွေးနွေးဖလှယ်နိုင်မှာဖြစ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင် စိတ်ကူး၊ အကြံဉာဏ်တွေကိုပါ ဝင်ရောက်ဖလှယ်ခွင့်ရရှိမှာပါ။

 

ဒီပွဲကို စပိန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်တက်ရောက်ဖို့ ရွေးချယ်ခံရသူများအနေနဲ့ စပိန်နိုင်ငံ၊ မက်ဒရစ်မြို့က ညီလာခံကို စရိတ်ငြိမ်းတက်ရောက်ခွင့်ရရှိမှာပါ။ 

 

ဒီပရိုဂရမ်ကို ဘယ်လိုလူတွေလျှောက်ထားလို့ရလဲဆိုရင်တော့ အသက် (၁၈)နှစ်ပြည့်ပြီးသားလူကြီးလူငယ်မရွေးလျှောက်ထားနိုင်ပါတယ်။ ပညာရေးအရည်အချင်းကန့်သတ်ချက် တိတိကျကျသတ်မှတ်ထားတာမျိုး မရှိပါဘူး။ Participants ကို (၁၅)ဦး ရွေးချယ်သွားမှာပါ။ 

Advertisement 

Click Here > King Metal 

တကယ်လို့ဒီ(၁၅)ယောက်ထဲမှာ ကိုယ်ပါခဲ့မယ်ဆိုရင်တော့  အောက်ဖော်ပြပါ Benefits တွေကိုရရှိမှာပဲ ဖြစ်ပါတယ်_

 

  • Return Air Ticket

  • 4-star shared accommodation

  • Meals for the entire Dialogue 

  • VIP Airport Transfers

  • Dialogue Merchandise

  • Youth Statements & Interventions

  • Join the galaxy of impactful change makers

 

Deadline ကတော့ ၂၀၂၃ခုနှစ် ဇွန်လ ၁၅ရက်နေ့နောက်ဆုံးပါ။ လျှောက်ထားတဲ့နေရာမှာ HISA Spain Youth Dialogue ရဲ့ Official Website မှာဝင်ပြီး Registration Form ဖြည့်ရပါမယ်။ ပြီးရင်တော့ သူဖြည့်ခိုင်းတဲ့ အချက်အလက်တွေကို အစဥ်လိုက် ပြည့်ပြည့်စုံစုံ ဖြည့်ပေးသွားရင် ရပါပြီ။

 

လျှောက်ထားတဲ့နေရာမှာ Self - Funded, Fully - Funded, Virtual Attendant ဆိုပြီး ရွေးချယ်စရာ အမျိူးအစား (၃)မျိုးရှိပါတယ်။ အခုပြောပြပေးနေတာကတော့ Fully - Funded အတွက်ပါ။ Register လုပ်တဲ့အခါမှာတော့ Participation Fees ပေးသွင်းရပါတယ်။ Fully - Funded အတွက်က ဒေါ်လာ ၁၄.၅ (USD 14.5) ကျသင့်မှာပါ။

 

အသေးစိတ်ကိုတော့ အောက်မှာဖော်ပြထားတဲ့ Official Link ကနေတဆင့် ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။

 

Official Website Link >>> https://shorturl.at/aefAJ

Latest Post International Read 1101 times