Sales Hotline : 09448001653       Download App



မဟာဘွဲ့ကို စင်ကာပူနိုင်ငံမှာ ပညာတော်သင်ဆုအပြည့်နဲ့ တက်ကြမယ်

 

 

စင်ကာပူနိုင်ငံဟာ လက်ရှိမှာ နိုင်ငံခြားထွက် ကျောင်းသွားတက်တဲ့လို့ အဆင်ပြေတဲ့ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါတယ်။ ပညာတော်သင်ဆုတွေအတွက် လူငယ်များအကြား ရေပန်စားနေတဲ့ နိုင်ငံတစ်နိုင်ငံလို့ ပြောရင်လည်း မမှားပါဘူး။ 

 

အခုပြောပြပေးမှာကတော့ ဘွဲ့လွန်ကျောင်းသားတွေအတွက် စင်ကာပူနိုင်ငံက နာမည်ကြီးတက္ကသိုလ်တွေမှာ ပညာတော်သင်ဆုအပြည့်နဲ့ တက်ရောက်နိုင်မယ့် ပရိုဂရမ်အကြောင်းပဲ ဖြစ်ပါတယ်။ ဒါကတော့ စင်ကာပူနိုင်ငံကနေပြီး ကမ္ဘာတစ်ဝှမ်းလုံးက အရည်အချင်းပြည့်မီတဲ့ ဘွဲ့လွန်ကျောင်းသားတွေကို ပေးအပ်နေတဲ့ Singapore International Graduate Award (SINGA) Program ပဲ ဖြစ်ပါတယ်။

 

အခုခေါ်ယူတဲ့ Scholarship Level ကတော့ PhD Level ဖြစ်ပါတယ်။ တက်ရောက်ရမယ့် ကာလကတော့ (၄) နှစ် ကြာမြင့်မှာပါ။ အသေးစိတ်ကိုတော့ အောက်မှာ ဆက်လက် ဖော်ပြပေးထားပါတယ်။

 

 ရွေးချယ်တက်ရောက်နိုင်မယ့် ဘာသာရပ်များ

  • Biomedical Sciences

  • Computing and Information Sciences

  • Engineering and Technology

  • Physical Sciences တို့ပဲဖြစ်ပါတယ်။

 

ရွေးချယ်တက်ရောက်နိုင်မယ့် ကျောင်းများ

  • the Agency for Science, Technology & Research(A*STAR)

  • the Nanyang Technological University (NTU)

  • the National University of Singapore (NUS)

  • the Singapore University of Technology and Design (SUTD) 

  • the Singapore Management University (SMU) 

Advertisement 

Click Here > First Top Chemical

ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

  • လေးနှစ်စာ ကျောင်းစရိတ်အပြည့် ( Full Tuition Fees - Four Years of a PhD ) 

  • လစဥ်ထောက်ပံ့ကြေး  ( Monthly Stipend )

  • လေယာဥ်လတ်မှတ်တစ်ကြောင်းစာ အများဆုံးဒေါ်လာ ၁,၅၀၀ အထိ ( One-time airfare grant of up to S$1,500 )

  • အခြေချစရိတ် ထောက်ပံ့ကြေး တစ်ကြိမ်စာ အများဆုံးဒေါ်လာ ၁,၀၀၀ အထိ ( One-time settling-in allowance of S$1,000 )

 

ဘယ်လိုလူတွေ လျှောက်ထားနိုင်လဲ

 

  • နိုင်ငံတကာမှ ဘွဲ့ရရှိထားပြီးသူများ၊ အထူးသဖြင့်  သုတေသနနယ်ပယ်တွင် ထူးချွန်သူများ (စင်ကာပူမှာ အရင်က ကျောင်းတက်ထားဖူးသူတွေ လျှောက်ထားလို့ မရပါဘူး။ )

  • အင်္ဂလိပ်စာ အရေး၊ အပြော အထူးကျွမ်းကျင် ပိုင်နိုင်သူများ

  • တက်ရောက်ဖူးသော ကျောင်းများမှ ပညာအရည်အချင်း ထူးချွန်ကြောင်း ထောက်ခံချက် ရရှိထားသူများ

 

လျှောက်ထားရန်လိုအပ်သော စာရွက်စာတမ်းများ

  • သက်တမ်းရှိ Passport ( A Copy of Valid Passport )

  • လက်ရှိ ရိုက်ကူးထားသော ပတ်စ်ပို့တ်ဆိုဒ်ဓာတ်ပုံ (A Recent Passport-Size Photo) JPG or PNG Format

  • အင်္ဂလိပ်ဘာသာသို့ နိုတြီပြန်ထားသော ပညာရေးဆိုင်ရာ မှတ်တမ်းများအားလုံး (All Academic Transcripts are Translated into the English Language)

  • ထောက်ခံစာ (၂) စောင် ( တက်ရောက်ခဲ့သော တက္ကသိုလ်မှ သက်ဆိုင်ရာ ပါမောက္ခနှစ်ဦးထံမှ ) ( 2 Recommendation Letters will be Submitted by the Referees )

  • အင်္ဂလိပ်စာအရည်အချင်း ကျွမ်းကျင်မှုလတ်မှတ် ( ကိုယ်လျှောက်တဲ့ တက္ကသိုလ်အလိုက် လိုအပ်ချက်ရှိမှသာ တင်သွင်းရမည်။ ) ( English Proficiency Certificate if Required by the University )

 

ဘယ်လိုလျှောက်ထားရမလဲ

  • အပေါ်မှာ ပြောထားတဲ့ PhD Research Projects တွေထဲက ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို ရွေးချယ်ပါ။ ပရောဂျက်တစ်ခုချင်းစီရဲ့ အသေးစိတ်ကို အောက်မှာပေးထားတဲ့ လင့်ခ်ကနေ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

  • လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုဆောင်းပါ။ စာရွက်စာတမ်းတွေ အကုန်လုံးကို အွန်လိုင်း လျှောက်လွှာကနေပဲ တစ်ဆင့်တင်ရမှာပါ။ အီးမေးလ်ပို့လို့ မရပါဘူး။

  • Application Portal ထဲကို Login ဝင်ပါ။

  • လျှောက်လွှာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်စွက်ပြီး စာရွက်စာတမ်းတွေကို ပူးတွဲ ပေးပို့ပါ။

 

လျှောက်ထားရန်လင့်ခ် 

> https://sms-applicant-app.a-star.edu.sg/

 

ပညာသင်ဆုအကြောင်း အသေးစိတ်ဖတ်ရှုရန် လင့်ခ် 

> https://bit.ly/2JJAL55 

 

နောက်ဆုံးလျှောက်ထားရမယ့် ရက်က ၂၀၂၃ခုနှစ် ဇွန်လ ၁ ရက်နေ့ ( 23:59 GMT +8 Singapore Time ) ပါ။ Deadline လိုသေးတာကြောင့် အချက်အလက်အားလုံးကို သေချာလေး ပြင်ဆင်ပြီး လျှောက်ထားကြဖို့ အကြံပြုချင်ပါတယ်။

 

Latest Post International Read 965 times